Candy Crush ဂိမ်းရဲ့ သင်မသိသေးတဲ့ အံ့သြဖွယ်ရာ အချက်အလက်များ

Candy Crush ဟာ အပျင်းပြေ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ (၂၀၁၂)ခုနှစ် ဧပြီလမှာ King ကုမ္ပဏီက ဖေစ့်ဘုတ်ကနေ Candy Crush Saga ဂိမ်းကိုထုတ်လွှင့်ခဲ့ပြီး လျင်မြန်စွာအောင်မြင်မှုရရှိခဲ့ပါတယ်။ တစ်နှစ်တာအတွင်းမှာပဲ ဂိမ်းဒေါင်းသူဦးရေပေါင်း သန်း(၅၀၀)ရှိခဲ့ပါတယ်။

ထိုစဉ်ကစပြီး လက်ရှိအချိန်ထိကို အောင်မြင်မှုထိန်းထားနိုင်ဆဲဖြစ်တဲ့ Candy Crush Soda Saga နဲ့ Candy Crush Jelly Saga နှစ်ခုပေါင်းဟာ အကြိမ်ပေါင်း (၂.၇၃)ဘီလီယံအထိ အဒေါင်းခံရပြီးပါပြီ။ အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ ဒီဂိမ်းကို နှစ်သက်သူတွေတောင် မသိနိုင်သေးတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းကလူတွေ ဆော့ကစားနေကြပြီး ဂိမ်းဆော့သူ ဖေ့စ်ဘုတ်ပရိသတ်ပေါင်း သန်း(၇၀) လောက်ရှိပါတယ်။ ဆော့ကစားကြပြီးတဲ့ ပွဲစဉ်အကြိမ်အရေအတွက်ဟာ (၁.၁) ထရီလီယံလောက် ရှိပါတယ်။ လူတော်တော်များများကတော့ နေ့စဉ်ပုံမှန် ဆော့လေ့ရှိပါတယ်။ အမေရိကန်ဟာ အဆိုပါဂိမ်းဆော့သူဦးရေ အများဆုံးဖြစ်ပြီး ဂိမ်းပွဲစဉ်အချီ (၂၁၂) ဘီလီယံလောက် ကစားပြီးဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ ပွဲစဉ်အချီပေါင်း (၅၀) ဘီလီယံ၊  ပြင်သစ်မှာ (၅၄) ဘီလီယံနဲ့ စပိန်မှာ(၄၀) ဘီလီယံတို့ အသီးသီးဆော့ကစားကြပြီးပါပြီ။

READ
ဂိမ်းခွေ အတွဲ(၃)တွဲလုံး တစ်ဆက်တည်း ထုတ်လုပ်သွားမယ်ဆိုတဲ့ ဝူခုန်းဂိမ်း

ဂျပန်နိုင်ငံမှာတော့ ဂိမ်းစတင်ထုတ်လုပ်ကတည်းက ပွဲစဉ်ပေါင်း (၂၆) ဘီလီယံလောက် ကစားခဲ့ကြပါတယ်။ အင်္ဂလန်၊ အမေရိကန် နဲ့ ဂျာမနီနိုင်ငံတွေမှာတော့ လူအများဆုံး ဆော့ကစားတဲ့အချိန်တွေက ည(၈)နာရီကနေ (၁၀)ကြား ဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဂျပန်မှာတော့ နေ့လည်စားချိန်၊ ည(၉) နာရီ နဲ့(၁၀)ကြားမှာ အများဆုံးဆော့ကြပါတယ်။ စပိန်မှာတော့ ည(၁၀)နာရီ(၁၁)ကြား နဲ့ နေ့လည်ခင်း (၃)နာရီကနေ (၄)နာရီကြားမှာ ဆော့သူအများဆုံးအချိန်လို့ သိရပါတယ်။

King ကုမ္ပဏီကတော့ ဂိမ်းဆော့သူတွေအတွက် လယ်ဗယ်အသစ်တွေ အမြဲတမ်းထပ်တိုးလျက်ရှိနေပြီး ယခုအချိန်မှာဂိမ်းပွဲစဉ်အဆင့် (၂,၈၄၀) ထိအောင်မြင်ပြီးသူတွေ ရှိနေပါတယ်။ ဂိမ်းဆော့သူတစ်ယောက် ရရှိနိုင်တဲ့အမြင့်ဆုံးရမှတ်ကတော့ (၁,၉၉၉,၂၅၉,၇၉၂) ဖြစ်ပါတယ်။ ယနေ့ထိ Candy ပေါင်းထရီလီယံ(၃၅၀) ဟာ အချေဖျက်ခံရပြီးဖြစ်ပါတယ်။

လက်ရှိကစားပွဲအဆင့် (၂,၇၆၅) ထိရောက်ရှိပြီးဖြစ်တဲ့  အသက်(၅၀) နှစ်အရွယ် နန်စီက သူမဟာ လွန်ခဲ့တဲ့(၅)နှစ်ကတည်းက ဂိမ်းကိုဒေါင်းလုပ်ဆွဲခဲ့ပြီး နေ့စဉ်အချိန်နည်းနည်းစီပေးပြီး ကစားခဲ့ကြောင်းဆိုပါတယ်။ သူမက သူမကိုယ်သူမ ဂိမ်းဆွဲနေတယ်လို့ မပြောချင်ပေမယ့် ဂိမ်းကဆော့ရတာ တကယ်ကိုပျော်စရာကောင်းကြောင်း ဆိုပါတယ်။ သူမက  Candy Crush ကျော်ကြားရတဲ့အကြောင်းက ပွဲစဉ်တွေနိုင်ဖို့အတွက် သကြားလုံးတွေကို ရွှေ့ချင်တိုင်းရွှေ့ရတာမဟုတ်ပဲ အကြိမ်ရေကန့်သတ်ထားတာကြောင့် ဆော့ရတာပိုစိတ်လှုပ်ရှားမိကြောင်း ပြောပြပါတယ်။

READ
Graphic အမိုက်စားတွေနဲ့ Gamer တွေကြားမှာ ရေပန်းစားနေတဲ့ Wukong ဂိမ်း Trailer

လင်းလင်း (ShweMom)

Source: Dailymail

SHARE