ဓာတ်ပုံတွေ ရိုက်ပြီးရင် ချက်ချင်း ထုတ်လို့ရတဲ့ Instant print ကင်မရာတွေ ခေတ်စားလာခဲ့တာ အခုမှမဟုတ်ပါဘူး။ Fujifilm ရဲ့ Instax Mini ကင်မရာတွေဟာဆိုရင် ချက်ချင်းထုတ်လို့ရတဲ့ ကင်မရာဈေးကွက်ထဲမှာ အကျော်ကြားဆုံးလည်း ဖြစ်ခဲ့ပါတယ်။
အခုဆိုရင်တော့ ကင်မရာလောကမှာ ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ Canon ကနေ အထက်မှာ ပြောသလို ဓာတ်ပုံတွေ ချက်ချင်း print ထုတ်လို့ရတဲ့ ဈေးကွက်ကို ဝင်ရောက်ထိုးဖောက်ဖို့ အသင့်ဖြစ်နေပါပြီ။ ကင်မရာမော်ဒယ်က ၂ မျိုးဖြစ်ပြီး ယူအက်စ်မှာဆို IVY CLIQ နဲ့ CLIQ+ ဆိုတဲ့ နာမည်တွေနဲ့ ဖြန့်ချိမှာဖြစ်ပြီး ဥရောပမှာတော့ Zoemini C နဲ့ Zoemini S ဆိုပြီး ဖြစ်ပါတယ်။

နည်းပညာသတင်းမီဒီယာတွေကတော့ ဈေးပိုကောင်းတဲ့ CLIQ+ ကို ပိုရွေးချယ်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ကင်မရာ sensor အနေနဲ့ 8 megapixels ရှိတဲ့အတွက် 2×3″ ဆိုဒ် ဓာတ်ပုံကို ထုတ်ပေးမယ့် Zink printer နဲ့ အကိုက်ညီဆုံးဖြစ်ပါတယ်။ Zink printer က ကင်မရာထဲမှာ built-in အနေနဲ့ ပါဝင်ပြီးသားပါ။
Printer ထဲမှာ ဓာတ်ပုံဖလင်ချပ် ၁၀ ချပ် တစ်ပြိုင်တည်း ထည့်ထားနိုင်ပါတယ်။ ဓာတ်ပုံထုတ်တဲ့ နှုန်းကလည်း မြန်ဆန်ပါတယ်တဲ့။ ထုတ်မယ့် ဓာတ်ပုံမှာ ပြုပြင်ချင်တာ၊ ဒီဇိုင်းဖော်ချင်တာ ရှိရင်တော့ app ထဲမှာ ကြိုပြင်ပြီးမှ ထုတ်ဖို့တော့ လိုပါလိမ့်မယ်။ တစ်ခုတည်းသော အားနည်းချက်ကတော့ ပရင်တာရဲ့ အရည်အသွေးက Instax Mini တွေလောက်တော့ မကောင်းတာ ဖြစ်ပါတယ်။

ဈေးနှုန်းကလည်း အထက်မှာပြောတဲ့ brand ထက် သက်သာနေလို့ပါ။ CLIQ+ (ခေါ်) Zoemini S ရဲ့ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၁၆၀ ဖြစ်ပါတယ်။ ခုခေတ်မှာ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ထားပြီး ဘယ်တော့မှ ပြန်မကြည့်ဖြစ်တော့တာထက် ရိုက်ပြီးသားကို ချက်ချင်းဓာတ်ပုံထုတ်လိုသူတွေ တဖြည်းဖြည်း ပိုများလာနေပါတယ်။ အရည်အသွေးကို ထိပ်တန်းဖြစ်ဖို့ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါး ဝယ်ယူချင်တဲ့ သူတွေအတွက်ကတော့ ကွက်တိပါပဲ။ ကမ္ဘာတစ်ဝှမ်းမှာတော့ လာမယ့် မေ သို့မဟုတ် ဇွန်လမှာ ဝယ်ယူရရှိနိုင်လိမ့်မယ်လို့ သိရပါတယ်။
Ref: Tech Crunch