ရေအောက်ထဲအထိ ကားပါကင် ထိုးနိုင်တယ်ဆိုလို့ ဆရာကြီးလို့တော့ မထင်လိုက်ပါနဲ့ ။ တကယ်က ဟိုတယ်ထဲမှာ သူ့ဘာသာသူ ကားပါကင်ထိုးဖို့ ကြိုးစားရင်း စကေးတွေကြမ်းလွန်းတဲ့နောက် ရေကူးကန်ထဲ ပြုတ်ကျသွားခဲ့တာပါ။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်လေးဟာ ဒေသခံရဲတစ်ဦးကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့ရပါတယ်။
ခင်ပွန်းဖြစ်သူနဲ့အတူ ဟိုတယ်တစ်ခုမှာ တည်းခိုဖို့ လာရောက်တဲ့ အမျိုးသမီးဟာ ကားမောင်းလာတဲ့ ခင်ပွန်းဖြစ်သူကို အထုတ်တွေချဖို့ စေခိုင်းခဲ့ပြီး သူမကတော့ ကားကို ပါကင်ထိုးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ ကားက လိုရာမရောက်ပဲ ရေကူးကန်ထဲအထိ ခုန်ဆင်းသွားခဲ့လို့ အနီးအနားက ရဲစခန်းကို လာရောက်ဆယ်တင်ပေးဖို့ အကူအညီတောင်းခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ကို ဖလော်ရီဒါ ရဲဌာနက ၀န်ထမ်းတစ်ဦးက ဓာတ်ပုံရိုက်ထားခဲ့ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ် တင်လိုက်ရာကနေ နာမည်ကြီးသွားခဲ့တာပါ။
And this is how it gets removed. #westpalmbeach
Posted by West Palm Beach Police Department on Friday, January 3, 2020
ဒီဖြစ်ရပ်ကို မြင်လိုက်ရသူ အများစုကတော့ အမျိုးသမီးရဲ့ ကားမောင်းစွမ်းရည်ကို ချီးကျုးနေကြပြီး ရေထဲအထိ ပါကင်ထိုးနိုင်တယ်ဆိုတာ ပုံမှန်ကားမောင်းစွမ်းရည်မျိုးနဲ့တော့ ဘယ်လိုမှ မရဘူးလို့ ဟာသလုပ်ခဲ့ကြပါတယ်။
Linn