အမေရိကန် မင်းသမီး Ashley Benson နဲ့ သူမရဲ့ ချစ်သူ မော်ဒယ် Cara Delevingne တို့ ကတော့ အခုဆိုရင် လမ်းခွဲ လိုက်ပါပြီ။ဒီအ ကြောင်းကိုတော့ people မှာ ဖော်ပြထားတာပါ။တွဲလာတဲ့ ချစ်သူ သက်တမ်း နှစ်နှစ် အကြာ မှာ တော့ ရှေ့ ဆက် လက်မတွဲ တော့ပဲ ကိုယ့်လမ်းကိုယ်လျှောက် ဖို့ ဆုံးဖြတ်ခဲ့တာပါ။ Cara Delevingne က တော့ အသက် (၂၇)ဖြစ်ပြီး သူမရဲ့ ချစ်သူ မင်းသမီး Ashley Benson က တော့ (၃၀)ပါ။သူတို့ နှစ်ယောက်ဟာ ဧပြီ လအ စောပိုင်းလောက်တည်းက လမ်းခွဲ ခဲ့ ကြတာလို့ အတွင်းလူတွေ က ပြောခဲ့ပါတယ်။

အတွင်းသတင်းတစ်ခု အရ ဆိုရင် တော့ သူတို့ရဲ့ Relationship ဟာ ဧပြီ လတည်းက အဆုံး သတ် ခဲ့ တာ ပါ။Cara Delevingne က သူမရဲ့ သူငယ်ချင်း မင်းသမီး Margaret Qualley နဲ့ ၊ညီမ Rainey Qualley တို့ နဲ့ အတူတူ COVID-19 Quarantine အချိန်တွေ ကို ဖြတ်သန်းခဲ့ပါတယ်။ပုံမှန်ဆိုရင် နှစ်ယောက် တစ်တွဲတွဲ အမြဲ တွေ့ နေရတဲ့ Cara နဲ့ Ashley တို့ ရဲ့ Relationship ကြားမှာ ပြတ်လိုက် တွဲ လိုက်နဲ့ အဖု အထစ် တွေ ရှိ နေ ခဲ့တာ တော့ ကြာခဲ့ပါပြီ။အခု ကတော့ လုံးဝ အဆုံးသတ် သွားပြီလို့ အတွင်းသတင်းတွေ အရ သိရပါတယ်။နှစ် ယောက် လုံးရဲ့ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ တွေ က တော့ လမ်းခွဲ သတင်းနဲ့ ပတ်သက်ပြီး ဘာမှ မှတ် ချက် ပေး ပြောဆို တာ မျိုး မရှိသေးပါဘူး။

(၂၀၁၈)သြဂုတ်လ တုန်းက လန်ဒန် က Heathrow လေဆိပ်မှာ နမ်းနေတဲ့ ပုံတွေ ထွက်လာခဲ့ ပါတယ်။ဒါဟာ သူတို့ နှစ်ယောက် အနမ်းခြွေ နေတဲ့ ပုံတွေ ပထမဆုံး အကြိမ် ထွက်တာပါ။အဲ့ဒီ နောက်ပိုင်းကစပြီး နှစ်ယောက် သား တစ်တွဲတွဲ အချစ်မိုးရွာ နေတဲ့ ပုံတွေ အများကြီး ထွက်လာခြ့ပါတယ်။(၂၀၁၉)ဇွန်လမှာတော့ Cara Delevingne ဘက်က နေ သူတို့နှစ်ယောက်ရဲ့ Relationship ကို အတည်ပြု လိုက်ပါတယ်။IG မှာလည်း နှစ်ယောက်သား သူတို့ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အနမ်း ခြွေ နေတဲ့ ဗီဒီိယိုဖိုင်ကို တင်ခဲ့ပါတယ်။