အသက် ၃၁နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ မော်ဒယ် CASEY Batchelo ဟာ စပိန်နိုင်ငံ Marbella မှာ အနားယူနေတုန်း သူမဟာ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကိုထုတ်ပြဖို့ စိတ်လှုပ်ရှားဖွယ်ရာ ဓာတ်ပုံတွေအရိုက်ခံခဲ့ပါတယ်။
အပြာရောင် ရေကူးဝတ်စုံနဲ့ သူမဟာ အရမ်းကိုလှပနေခဲ့ပါတယ်။
သူမဟာ အခုအချိန်အထိတော့ အချစ်ရေးမှာ ကံမကောင်းသေးပါဘူး။ JJ Hamblettနဲ့ မကြာခင်ကမှ ပြတ်ဆဲသွားခဲ့
ပါတယ်။ JJ Hamblettဟာ သူ့ရဲ့အဆက်ဟောင်း Caterina Lopez ဆီကိုသွားဖို့ Casey ကို စွန့်လွှတ်ခဲ့တာလည်း
ဖြစ်ပါတယ်။
Casey ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်သူက “သူတို့တွေက ဖြည်းဖြည်းချင်းအချိန်ယူပြီး အဆင့်တက်နေခဲ့ကြတာပါ။ သူတို့အချင်းချင်း အရမ်းလည်း သဘောကျပါတယ်။ ကေစီက JJ အကြောာင်းကိုကြွားလေ့ရှိပြီး တော်တော်လည်း အထင်
ကြီးခဲ့တာပါ။ သူမက အစကလည်း တစ်ခါမှာ အချစ်ရေးမှာ ကံမကောင်းခဲ့ဘူးလေ။အခုလည်း JJနဲ့ Caterinaတို့ပြန်
ပေါင်းထုတ်သွားတော့ သူတော်တော်ခံစားနေရပါတယ်’ လို့ The Sun သတင်းစာကိုပြောခဲ့ပါတယ်။
Casey ကတော့ စပိန်က Marbellaကို ခရီးထွက်ပြီး အသဲကွဲဒဏ်ရာတွေကို ကုစားဖို့ ကြိုးစားနေပါတယ်။
Source: thesun
Shwemom
Media In Myanmar