ကမ္ဘာအနှံ့က ကြောင်ချစ်သူတွေကြားထဲ အမျိုးသမီးတစ်ယောက်ရဲ့ Twitter ပိုစ့်တစ်ခုဟာ နာမည်ကြီးနေခဲ့ပါတယ်။ “Someone delete my dad’s shop app now” ဆိုတဲ့ caption နဲ့ ပုံလေး ၄ ပုံကို တင်လာခဲ့တာပါ။ အဖေ့ရဲ့ အွန်လိုင်းရှော့ပင်အကောင့်ကို ပိတ်ခိုင်းနေတာ ဒီအမျိုးသမီးဘာကြောင့်လဲဆိုတော့ သူမရဲ့ကြောင်လေးကြောင့်ပါတဲ့လေ။
Twitter account ပိုင်ရှင် အမျိုးသမီးရဲ့ ဖခင်ဟာ တစ်နေ့ကပဲ အွန်လိုင်းကနေ ပစ္စည်းတစ်ခုမှာခဲ့ပါတယ်။ ခြေအိတ်လေးပါ။ ခြေအိတ်ဟာ သာမန်ခြေအိတ်မျိုးမဟုတ်ဘဲ ကြောင်ခြေထောက်တွေပုံစံ ဆေးရိုက်ထားတဲ့ခြေအိတ်ပဲဖြစ်ပါတယ်။

အမွှေးတွေကစလို့ ရှေ့ခြေနဲ့ အနောက်ဖက် ဖဝါးတွေအထိ အကုန်လုံး ကြောင်ရဲ့ခြေထာက်တွေနဲ့ တစ်ထပ်တည်းကိုတူနေတာပါ။ ဒီအပြင် ခြေအိတ်ရဲ့ အရောင်ဟာလည်း သူတို့အိမ်မှာရှိနေတဲ့ ကြောင်လေးရဲ့ အမွှေးတွေနဲ့ အတူတူဖြစ်လို့နေခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဝယ်လိုက်တာတဲ့။

ခြေအိတ်လည်းရောက်လာရော ခြေအိတ်ကောက်စွပ်ပြီး အိမ်ကကြောင်လေးကို သွားပြခဲ့ပါတယ်။ ဖြစ်သွားတဲ့ မြောင့်ရုပ်ကိုလည်းကြည့်ဦး။ ပြူးကြောင်လို့။


ဒီအကြောင်းလေးကို Twitter မှာ တင်ခဲ့ရင်းနဲ့မှ like ပေါင်း ၄ သိန်းနီးပါးရပြီး နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။
someone delete my dad’s shopee app now 😭😭😭😭 pic.twitter.com/LlfwiwPlrG
— br0keb1tch (@bythefuckingway) December 29, 2020
penny