ဂီတာသမားနဲ့တွဲပြီး ပီယာနိုကို ငြိမ့်ညောင်းစွာတီးခတ်နေတဲ့ကြောင်လေးရဲ့ဗီဒီယို

tiktok/@akizguitar

ကိုဗစ်ကပ်ရောဂါအတွင်း ကြောင်လေး Barney ဟာ ပီယာနိုတီးသင်နေခဲ့ပါတယ်။ Barney ရဲ့ ဇွဲရှိမှုနဲ့ ဂီတအပေါ်စိတ်ပါဝင်စားမှုတို့က လူတွေအတွက် အသိအမှတ်မပြုဘဲမနေနိုင်အောင်ဖြစ်ခဲ့ပါတယ်။ Barney က ဇွန်လကစပြီး သူ့ပီယာနိုသံလက်ရာကို ပထမဆုံးပြသခဲ့ပါတယ်။ သူ ပီယာနိုတီးနေတဲ့ဗီဒီယိုကိုတော့ ပိုင်ရှင်ဖြစ်တဲ့ TikTok အသုံးပြုသူ @mars.gilmanov က “ခု ထရိန်နင်လုပ်နေတာ နှစ်လမြောက်ရှိပြီ။” ဆိုပြီး တင်ထားခဲ့တာပါ။ ဗီဒီယိုအများစုထဲမှာတော့ ကြောင်လေးရဲ့သခင်က Barney ကို “မင်း တီးပြ” ဆိုပြီး တိုးတိုးလေးပြောတာကို ကြားနိုင်ပါတယ်။

@mars.gilmanovШел второй месяц обучения. #барнипианист #котпианист #котпианиствиртуоз #котиграет #котиграетнапианино♬ оригинальный звук – Марсель Гильманов

ဒီဇင်ဘာ ၃ရက်နေ့မှာတော့ Barney ရဲ့တစ်ကိုယ်တော် ပီယာနိုတီးနေတဲ့ဗီဒီိယိုထွက်လာပါသေးတယ်။ “ဘာနေးရဲ့လက်သံသစ်” လို့ အမည်ပေးထားတဲ့ ဒီဗီဒီယိုကိုတော့ အကြိမ်ပေါင်း ၂၇၀,၀၀၀ ကြည့်ရှုခဲ့ကြပါတယ်။ သူ့ဗီဒီယိုတွေကိုကြည့်လိုက်ရင် Barney က ပီယာနိုကို ငြိမ့်ငြိမ့်လေးတီးခတ်တတ်တာ တွေ့ရမှာပါ။ နားဆင်သူတွေအဖို့ ပီယာနိုးကီးတစ်ခုကို သူနှိပ်ပြီးရင် နောက်ထပ် ဘယ်ကီးဆက်နှိပ်မလဲဆိုတဲ့ စိတ်ဝင်စားမှုကိုဖြစ်စေပါတယ်။

@akizguitar#duet with @mars.gilmanov still working on my phrasing with maestro cat. #fy #fyp #cat #guitar♬ оригинальный звук – Марсель Гильманов

Barney ရဲ့ပါရမီကိုတော့ TikTok အသုံးပြုသူတစ်ဦးဖြစ်တဲ့ @Akizguitar or AG က သတိပြုမိခဲ့တာပါ။ သူက ဒီဇင်ဘာ ၃ရက်နေ့တုန်းက Barney တီးခတ်ခဲ့တဲ့ဗီဒီယိုနဲ့ screen နှစ်ခုခွဲကာ ကိုယ်တိုင်ဂီတာတီးပြပြီး collab လုပ်ခဲ့တာဖြစ်ပါတယ်။ သူနဲ့ Barney တို့ရဲ့ collab က အမှတ်မထင်ဘဲ ချောချောမွေ့မွေ့လေးဖြစ်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာလည်း @Akizguitar or AG ကထပ်ပြီးတော့ collab တစ်ခုထပ်လုပ်ခဲ့ပါသေးတယ်။

အခုအပတ်မှာတော့ Barney ရဲ့ collab ကို တွစ်တာက သတိပြုမိသွားပြီး ထူးထူးခြားခြား အရမ်းကောင်းတဲ့ duet တီးခတ်မှုလေးအဖြစ် အားလုံးက အသိအမှတ်ပြုခဲ့ကြတာပါ။ တစ်ချို့TikTok အသုံးပြုသူတွေကျတော့လည်း သူတို့ရဲ့ collab ထဲ အသံပါထည့်ပြီးဖြည့်သွင်းထားတာကိုလည်း အခုလိုတွေ့ရဦးမှာပါ။

ShweMom

SHARE