ဘုန်းတော်ကြီး Live လွှင့်နေတုန်း လူမိသွားခဲ့တဲ့ နွားနို့သူခိုးလေးရဲ့ အဖြစ်

YouTube- Global News

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Cantebury မှ ဘုန်းတော်ကြီး ဒေါက်တာ Robert Willis ဟာ အွန်လိုင်းကနေပြီး ဆုတောင်းစကားပြောပေးဖို့ live လွှင့်ခဲ့ပါတယ်။

ဘေးမှာတော့ လက်ဖက်ရည်လေးသောက်စရာလေးတွေလည်း ချထားခဲ့ပါသေးတယ်။ စကားပြောနေတုန်းမှာပဲ ဘုန်းတော်ကြီး live လွှင့်နေတဲ့ မြင်ကွင်းထဲ မိတ်ဆွေလေးတစ်ကောင်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ Tiger ပါတဲ့။

YouTube-
Global News
YouTube-
Global News

Tiger ဆိုတဲ့ကြောင်လေးဟာ ဘုရားကျောင်းမှာမွေးထားတဲ့ကြောင်လေးတစ်ကောင်ပါ။ ကြောင်လေးဟာ ဘုန်းတော်ကြီးရဲ့လက်ဘက်ရည်ခွက် ထားထားတဲ့ စားပွဲပေါ်တက်လာပြီးတော့ ထားထားတဲ့နွားနို့ခွက်တွေကို ပိုင်စိုးပိုင်နင်းနဲ့ ခိုးသောက်ပါတော့တယ်။ ဒါကိုလည်း ဘုန်းတော်ကြီးနဲ့ ရိပ်မိသွားတဲ့အတွက် တစ်ယောက်ကို လာခေါ်ခိုင်းရပါတော့တယ်။

YouTube- Global News

လာခေါ်သွားခဲ့လူကလည်း ကြောင်လေး Tiger ကို ကြင်ကြင်နာနာလေး ပွတ်သပ်ပြီခေါ်သွားတဲ့အတွက် တစ်ကမ္ဘာလုံးက တိရိစ္ဆာန်ချစ်သူတွေအနေနဲ့တော့ ကြည်နူးစရာမြင်ကွင်းလေးဆိုပြီး ဝိုင်းချစ်နေကြပါတော့တယ်။

Penny

 

SHARE