အိမ်နီးနားချင်းတွေရဲ့ ဖိနပ်တွေကို ပတ်ခိုးနေတဲ့ ကြောင်သူခိုးလေး

[email protected] Ross

ကြောင်ကလေးတွေဆိုတာ လူတွေအပေါ်မှာ ပွတ်သီးပွတ်သပ်အလုပ်ဆုံးနဲ့ အချွဲတတ်ဆုံးသော အိမ်မွေး တိရစ္ဆာန်လေးတွေပါပဲ။ အမြဲတမ်း ကြည့်လိုက်ရင် ချောင်တစ်ချောင်မှာ ခွေနေတတ်ပြီး အစာစားချိန်ရောက်မှ သခင်တွေအနားကိုလာပြီး ပွတ်သီးပွတ်သပ်နဲ့ အစာတောင်းတတ်တာလည်း ကြောင်ကလေးတွေပါပဲ။ အခုလည်း ကြောင်ကလေးတစ်ကောင်ဟာ အိမ်နီးနားချင်းတွေရဲ့ ဖိနပ်တွေကို အချိန်အတော်ကြာ ပတ်ခိုးနေတာကြောင့် သခင်ဖြစ်သူ Facebook group ထောင်ပြီး အဆိုပါ ဖိနပ်တွေကို ပိုင်ရှင်ဖြစ်သူတွေထံ ပြန်ပေးနေရကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Bj Ross

အဆိုပါကြောင်ကလေးကတော့ အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်ရှိ Altoona မြို့မှ Jordan အမည်ရှိ ကြောင်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ Jordan လေးဟာ တော်တော်ချစ်ဖို့ကောင်းပြီး တော်တော်လည်း အဆော့သန်တဲ့ ကြောင်ကလေးတစ်ကောင်ပါ။ ဒါပေမယ့် သူ့ရဲ့ မကောင်းတဲ့ အကျင့်ကလေးတစ်ခုကြောင့် သခင်ဖြစ်သူ BJ Ross ခမျာ တော်တော်လေးကို အခက်တွေ့နေရှာပါတယ်။ Jordan လေးရဲ့ မကောင်းတဲ့ အကျင့်လေးကတော့ အိမ်နီးနားချင်းတွေရဲ့ ဖိနပ်တွေကို ညဖက်ရောက်တာနဲ့ သွားသွားခိုးလာတတ်တာပါပဲ။

READ
ပါးစပ်ထဲ ဘာဂျာကြီးဝင်သွားတာ ဆေးရုံအရင်မသွားပဲ TikTok ရိုက်ခဲ့တဲ့ အမျိုးသမီး
Bj Ross
Bj Ross

Jordan လေးဟာ ညရောက်လာပြီဆိုတာနဲ့ သခင်ဖြစ်သူ အလစ်မှာ အပြင်ကို ထွက်ထွက်သွားတတ်ပြီး မနက်ပြန်ရောက်လာရင် ဖိနပ်တွေ ပါပါလာတတ်တာပါပဲ။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ BJ ဟာ အိမ်မှာ သူ့ဖိနပ်တွေ မဟုတ်တဲ့ ဖိနပ်တွေ တွေ့လာရတဲ့ အချိန်မှာတော့ ခြံထဲအါအဝင် တစ်အိမ်လုံးလိုက်ရှာကြည့်တဲ့အချိန်မှာတော့ မတူညီတဲ့ ဖိနပ်အရံ ၅၀ ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုနဲပ နောက်ဆုံးမှာတော့ Jordan တစ်ကောင် ညရောက်တာနဲ့ အိမ်နီးချင်းတွေရဲ့ ဖိနပ်တွေကို ပတ်ပတ်ပြီး ခိုးနေတာ သတိပြုခဲ့မိပါတယ်။

“ Jordan အကျင့်ကတော့ လူစကားနားမလည်တော့ ဘယ်လိုဆုံးမရမှန်းကို မသိတာပါပဲ။ ရိုက်ဖို့ကျပြန်တော့လည်း မရိုက်ရက်ပြန်ဘူး။ အခုတော့ ဒီကောင့် လည်ပပပတ်မှာ ခြေရာခံစက်တပ်ပေးပြီး facebook မှာ Group ထောင်လိုက်ရတယ်။ ခိုးလာတဲ့ ဖိနပ်ပုံကို မနက်ရောက်တာနဲ့ တင်ပေးပြီး GPS မှာ သူသွားခဲ့တဲ့နေရာတွေကိုလည်း ဓာတ်ပုံရိုက်ပြီး Group ထဲမှာ ပုံတင်ပေးလိုက်ပါတယ်။ ဖိနပ်ပိုင်ရှင် လာပြောရင် ကျွန်မကိုယ်တိုင်ပဲ တောင်းပန်ပြီး အဲဒီဖိနပ်ကို သွားပြန်ပို့ပေးပါတယ်။ Jordan တစ်ကောင်နဲ့တော့ တော်တော်ခက်ပါတယ်”လို့ BJ က ပြောကြားခဲ့ပါတယ်။

READ
Instagram က ဓာတ်ပုံတိုင်းကို အထင်မကြီးကြစေဖို့ ဓာတ်ပုံအတုတွေလိုက်ရှာကြမယ်
Bj Ross
Bj Ross

Pyi Hein Kyaw

SHARE