Social Distancing ကို လိုက်နာကျင့်သုံးနေတဲ့ ဖိလစ်ပိုင်နိုင်ငံက လမ်းဘေးကြောင်လေးများ

[email protected] Joice Aquino

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ လူတွေဟာ တက်နိုင်သမျှ အပြင်ထွက်တာ ရှောင်ကြသလို မဖြစ်မနေထွက်ရမယ့် ကိစ္စရှိရင်ပဲဖြစ်ဖြစ်၊ ဈေးဝယ်ထွက်တဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် Facemask တွေကို မဖြစ်မနေတပ်ဆင်ပြီး တစ်ဦးနဲ့ တစ်ဦး Social Distancing လုပ်ကာ ခပ်ခွာခွာနေကြပါတယ်။ အခုလည်း ဖိလစ်ပိုင်နိုင်ငံက လမ်းဘေးကြောင်လေးတွေဟာ တစ်ကောင်နဲ့ တစ်ကောင် Social Distancing လုပ်ကာ ဆိုင်ရှေ့မှာ တန်းစီခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Coleen Joice Aquino

အဆိုပါကြောင်လေးတွေကို တွေ့ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ ကောင်မလေးကတော့ ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့မြှ နေထိုင်တဲ့ Coleen လို့အမည်ရတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။ Coleen ဟာ အဲဒီနေ့က ဈေးသွားဝယ်ဖို့ ဈေးထဲရောက်တဲ့အချိန်မှာ မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ကြောင်လေးတွေဟာ တစ်ကောင်နဲ့တစ်ကောင် ခပ်ခွာခွာနေကာ Social Distancing လုပ်နေတာပဲ ဖြစ်ပါတယ်။

READ
ပြည်သူတွေကြား နာမည်ကြီးနေတဲ့ အိမ်သာသူခိုးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ဂျပန်ရဲတပ်ဖွဲ့
Coleen Joice Aquino

ပုံထဲမှာ မြင်ရတဲ့အတိုင်း ကြောင်လေးတွေဟာ Social Distancing လုပ်ဖို့ ဝိုင်းထားတဲ့ စက်ဝိုင်းလေးအတွင်းမှာပဲ နေနေတာ ဖြစ်ပါတယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရဆိုရင်တော့ ကြောင်လေးတွေဟာ မနက်တိုင်း ဒီဈေးထဲကို ရောက်ရောက်လာပြီး အစာလာတောင်းတက်ကြကြောင်း၊ အစာမရခင်အချိန်ထိ အဲဒီလို  Social Distancing စက်ဝိုင်းလေးတွေမှာ စောင့်နေတတ်ကြာင်း၊ သူတို့ကို အစာကျွေးလိုက်တာနဲ့ အစာစားပြီး ပြန်ပြန်သွားတတ်ကြောင်း သိရပါတယ်။

Coleen Joice Aquino

Coolen တင်ထားတဲ့ ပို့စ်ကတော့ လက်ရှိ Facebook စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီး share လုပ်တဲ့ သူ 16k အထိ ရှိခဲ့ပါတယ်။ ဒီပို့စ်ကိုတွေ့တဲ့လူတော်တော်ျားများကလည်း ကြောင်လေးတွေဟာ အလွန်လိမ္မာပြီး ကြောင်လည်လေးတွေဖြစ်ကြောင်း၊ ဒီလိုကြောင်လေးတွေကို မွေးစားချင်ကြောင်း အစရှိသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။

https://www.facebook.com/coleen.seno/posts/1352695088275023

READ
အံ့သြဖွယ် လက်မှုပညာနဲ့ ကြံကြံဖန်ဖန် စဉ်းစားထားတဲ့ ဖန်တီးမှုလက်ရာများ

Pyi Hein Kyaw

SHARE