Titanium ခြေထောက်နဲ့ကြောင်

Vincent လို့ နာမည်ပေးထားတဲ့ ကြောင်လေးက ၃နှစ်အရွယ်ရှိပြီး သူ့ကို Camp Site တစ်ခုမှာတွေ့ခဲ့တာပါ။ သူ့ကို
မွေးစားထားတဲ့ မိသားစုနဲ့ အိုင်အိုဝါတက္ကသိုလ်ရဲ့ အကူအညီကြောင့်အခုဆိုရင်တော့ ကြောင်လေးဟာ လမ်းလျှောက်
နိုင်နေပါပြီ။ သူ့ရဲ့ နောက်ခြေတွေကို တိုက်တေနီယမ် သတ္တုနဲ့ အစားထိုးတာဖြစ်ပါတယ်။

“သူမကြာမီ သာမန်ကြောင်တွေ လုပ်တဲ့အရာတွေ အားလုံး လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”လို့
ကြောင်လေးကို ခွဲစိတ်ပေးခဲ့တဲ့ Dr. Mary Sarah Bergh ကပြောပါတယ်။

ဒီလိုမျိုး အစားထိုးမှုနဲ့ ကမ္ဘာပေါ်မှာ တိရစ္ဆာန် ၂၅ ကောင်လောက်ပဲ ရှိပါတယ်။ အခုနေအချိန်မှာတော့ Vicent ရဲ့
အခြေအနေကို ကျိန်းသေပေါက် ခန့်မှန်းလို့ မရသေးပါဘူး။ ကြောင်လေးကို မွေးစားခဲ့တဲ့ မိသားစုကလည်း ခြေထောက်
အစားထိုးထားတဲ့ နေရာကို နေ့တိုင်း သေချာစောင့်ကြည့်နေပါတယ်။ နေ့တိုင်းလည်း ဆေးဖြန်းပေးပါတယ်။ လောလော
ဆယ် အထိတော့ ကြောင်လေးရဲ့ အခြေအနေဟာ တိုးတက်မှု ရှိနေပါတယ်။

READ
Dubaiရောက်တုန်း သူမရဲ့ခန္ဓာကိုယ်အလှအပကို ထုတ်ပြခဲ့တဲ့ကလန်စီ

 

Myanmar Online Media Team

Ref: dailymail

SHARE