မယိုင်လဲတဲ့ ခင်မင်မှုသံယောဇဉ်နဲ့ ဟောလိဝုဒ်က ဆယ်လီသူငယ်ချင်းများ

ရေရှည်တည်မြဲတဲ့ အချစ်ရေးတို့ သူငယ်ချင်းသံယောဇဉ်တို့ဟာ ဟောလိဝုဒ်မှာ သိပ်များများစားစား တွေ့ရလေ့ မရှိဘဲ အများစုဟာ အချိန်တိုအတွင်းမှာ ခွာပြဲလေ့ရှိကြတယ်လို့ ကောက်ချက်ချထားကြပါတယ်။ အဆိုတော်တွေနဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ တူညီတဲ့အချက်တစ်ခုကတော့ တစ်ယောက်ချင်းစီမှာ ပြောင်မြောက်ထူးချွန်တဲ့ ကိုယ်ပိုင်အရည် အသွေးတွေ ပိုင်ဆိုင်ထားကြပြီး ကျော်ကြားမှုအတွက် အမြဲတစေ ရုန်းကန်ကြိုးစားနေကြတယ်ဆိုတာပါပဲ။ အခုချစ်နေ တာကို မြင်ရပေမယ့် ခဏကြာတဲ့အခါ ကွဲသွားတဲ့စုံတွဲတွေ၊ အခုတည့်နေတာ မြင်ရပေမယ့် တော်ကြာနေ ရန်သူတော် ကြီးတွေ ဖြစ်သွားကြတဲ့ ဟောလိဝုဒ်နာမည်ကျော်တွေကိုပဲ အတွေ့များနေရတဲ့အတွက် အမှန်တကယ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်နဲ့ ရေရှည်ဆက်ဆံနေကြသူတွေများ မရှိဘူးလားဆိုပြီး ရှာကြည့်တဲ့အခါမှာတော့ အချိန်ကာလရဲ့ တိုက်စားမှုကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး ဖြူစင်တဲ့ သံယောဇဉ်နဲ့ မေတ္တာမပျက် ချစ်ခင်နေကြတဲ့ သူငယ်ချင်းတွေကို တွေ့လိုက်ရပါတယ်။

Justin Timberlake နဲ့ Ryan Gosling

ဟောလိဝုဒ်က ဒီလူချောနျှစ်ယောက်ကတော့ ငယ်စဉ်တောင်ကျေး ကလေးဘ၀တည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းဟာ အနှစ်နှစ်ဆယ်ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီမင်းသားချော နှစ်ယောက်ဟာ ၁၉၉၀ခုနှစ်ရဲ့အစောပိုင်းကာလမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ The Mickey Mouse Club ဆိုတဲ့ tv show မှာ ၀င်ရောက်သရုပ်ဆောင်ရင်း ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ Ryan Gosling ဟာ သူ့ရဲ့နိုင်ငံသား ပြဿနာအချို့ကြောင့် Justin Timberlake ရဲ့ နေအိမ်မှာတောင် နေထိုင်ခဲ့ဖူးပါသေးတယ်။ နှစ်ယောက်တည်း နေတာမျိုးမဟုတ်ဘဲ Timberlake ရဲ့မိသားစုနဲ့အတူ နေထိုင်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။

Liv Tyler နဲ့ Kate Hudson

ဒီမချောနှစ်ယောက်ကတော့ ဟောလိဝုဒ်နာမည်ကျော် မိဘတွေအချင်းချင်းကိုက ခင်မင်ရင်းနှီးကြတဲ့အတွက် ငယ်ငယ် တည်းက ခင်မင်လာခဲ့သူများ ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Dr.T နဲ့ The Women ဇာတ်ကားတွေထဲမှာ တူတူတွဲသရုပ်ဆောင်ပြီးကတည်းက ယခင်ကထက် ပိုခင်မင်သွားကြပါတယ်။ Liv Tyler ဟာ Kate Hudson ရဲ့ ပထမဆုံးကလေးအတွက် godmother (ခေါင်းကိုင်မိခင်) ဖြစ်ပါတယ်။

Cara Delevingne နဲ့ Rihanna

ပေါ့ပ်အဆိုကျော် Rihanna နဲ့ စူပါမော်ဒယ်လ် Cara Delevingne တို့ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ သူငယ်ချင်းဖြစ်လာသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အကြိုက်တူသူတွေလို့ ပြောရလောက်အောင် ပါတီတွေ၊ ဖက်ရှင်ပွဲတွေနဲ့ လူမှုရေးဆိုင်ရာပွဲလမ်းအခမ်းအနားတွေကို အတူတကွ တက်ရောက်၊ ပျော်မြူးလေ့ရှိကြပါတယ်။ အသက်နဲ့အတွေ့အကြုံအရ Rihanna ဟာ Cara ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်း ပဲ့ပြင်မှုတွေ ပြုလုပ်ပေးလေ့ရှိပြီး Cara ရဲ့အဆိုးဆုံး အချိန်တွေမှာ ဘေးကနေ ကူညီထောက်ပံ့ပေးနေခဲ့ပါတယ်။

Leonardo DiCaprio နဲ့ Tobey Maguire

ဟောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသားနှစ်ယောက်ဟာ လွန်ခဲ့တဲ့(၂၅)နှစ်လောက်တည်းက သိကျွမ်းရင်းနှီးခဲ့ကြတာဖြစ်ပြီး လူရွေးပွဲတိုင်းကို တူတူသွားရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ “Tobey ကို လူရွေးပွဲတစ်ခုမှာ တွေ့ပြီးတည်းက ဒီကောင့် ကိုတော့ သူငယ်ချင်း တော်ချင်တယ်လို့ စိတ်ထဲမှာ ခံစားလိုက်ရတယ်။ ဇာတ်ကားတစ်ခုအတွက် အစမ်းလေ့ကျင့် ရိုက်ကူးနေတုန်းမှာ ကားပေါ်ကနေ သူ့ကို လှမ်းတွေ့လိုက်ရတော့ ကားထဲကနေ ကျွန်တော် ခုန်ထွက်လိုက်ပြီး … ဟေ့ကောင် သားကြီး Tobey .. Tobey ငါ့ကို မင်းဖုန်းနံပါတ် ပေးဦးဆိုပြီး ထအော်တာပဲ။ သူကတော့ ကျွန်တော့်ကို ကြောင်ကြည့်နေပြီး အေး .. သားကြီး မင်းက ဘယ်သူလဲလို့ ပြန်မေးတယ်”လို့ သူနဲ့ Tobey Maguire ရဲ့ အစပိုင်း တွေ့ဆုံမှုကို Leonardo က ပြန်ပြောပြထားပါတယ်။

READ
Body Shaming လုပ်ခံရတာတွေရှိတာနဲ့ပတ်သက်ပြီး မခံစားရပါဘူးဆိုတဲ့ မေပန်းချီ

Keira Knightley နဲ့ Sienna Miller

talent အထူးကောင်းမွန်တဲ့ ဒီမင်းသမီးချောနျှစ်ယောက်ကတော့ The Edge of Love ဆိုတဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုဟာ နာမည်ကျော်တွေ အချင်းချင်း တိုက်ခိုက်ထိုးနှက်နေကြတဲ့ ဘောင်အပြင်ကို ရောက်ရှိသွားပြီး တကယ့်ကို ချစ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါ တယ်။ သူတို့နှစ်ယောက်ဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာဖြစ်ဖြစ်၊ ဈေးဝယ်ထွက်ရင်းနဲ့ဖြစ်ဖြစ် နာရီပေါင်းများစွာကို တူတူ ကုန်ဆုံးတတ်ကြသူများ ဖြစ်ပါတယ်။ မကြာသေးမီကပဲ Keira Knightley ဟာ သူမလေးစားအားကျရတဲ့ အလှဘုရင်မတစ်ပါးဖြစ်ပြီး “အလှဆုံးအမျိုးသမီး”ရယ်လို့ Sienna Miller က တင်စားချီးမွမ်းခဲ့ပါတယ်။

Mel Gibson နဲ့ Robert Downey Jr.

ဟောလိဝုဒ်ရဲ့ အထင်ကရ ကြယ်ပွင့်တွေထဲက နှစ်ဦးဖြစ်တဲ့ သူတို့ကတော့ ၁၉၉၀ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့တဲ့ Air America ဇာတ်ကားရိုက်ကွင်းမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ ရိုက်ကွင်းပေါ်က လုပ်ဖော်ကိုင် ဖက်ဘ၀ကနေ အပြင်ဘ၀က ဘော်ဒါသူငယ်ချင်းအရင်းကြီးဘ၀ကို ရောက်သွားကြပါတော့တယ်။ Robert Downey ဟာ Mel Gibson ရဲ့ ရှက်စရာကောင်းတဲ့ ကွာရှင်းခွင့်တရားခွင်ရင်ဆိုင်မှုတွေမှာ ကူညီပေးခဲ့ပြီး အရက်နဲ့ မူးယစ်ဆေး ၀ါးကို နှစ်နဲ့ချီပြီး စွဲလမ်း၊ပေတေနေခဲ့တဲ့ Robert Downey ကိုလည်း Mel Gibson က ပြန်လည်လက်ကမ်းပေး ကူညီခဲ့ပါတယ်။

Kim Kardashian နဲ့ Nichole Richie

ထိုမိန်းမချောနျှစ်ယောက်ဟာ ဟောလိဝုဒ်ရဲ့ ရွှေရောင်လွှမ်းနေတဲ့ တက်သစ်စ လူငယ်တွေထဲမှာမှ အတောက်ပဆုံးတွေ ဖြစ်ခဲ့ကြပါတယ်။ Nichole ဟာ ဂန္ထ၀င်အဆိုတော်ကြီး Lionel Richie ရဲ့သမီးဖြစ်ပြီး Kim ကတော့ reality tv star တစ်ေယာက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်(၁၂)နှစ်အရွယ်တည်းက ခင်မင်လာခဲ့ကြတာဖြစ်ပြီး တစ်ခါတစ်လေမှာ ရန်ဖြစ်၊ သတ်ပုတ်တတ်ကြတဲ့ သတင်းတွေ တက်လာတတ်တာကလွဲလို့ bff တွေ ဖြစ်ကြပါတယ်။

Selena Gomez နဲ့ Demi Lovato

သူတို့နှစ်ယောက်ကတော့ Barney & Friends ဆိုတဲ့ show တစ်ခုမှ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့အချိန်တုန်း က အသက်(၇)နှစ်အရွယ်မျှသာ ရှိကြပါသေးတယ်။ ငယ်ရွယ်သူတွေရဲ့ ထုံးစံအတိုင်း ကတောက်ကဆဖြစ်တာလေး တွေတော့ ရှိခဲ့ကြပြီး ပုဂ္ဂိုလ်ရေး ပြဿနာအချို့ကြောင့် ခဏခွာပြဲသွားခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ကြားက ပေါင်းသင်းဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ အခက်အခဲအားလုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ နှစ်ယောက်ကြားက သံယောဇဉ်က ပိုလို့သာ ခိုင်မာလာကြပါတော့တယ်။

Robert Pattinson နဲ့ Tom Sturridge

READ
ချစ်သက်တမ်း (၂)နှစ်ပြည့်မှာ ရတဲ့ လက်ဆောင်ကို ထုတ်ကြွားလိုက်တဲ့ ဖြိုးလေး

သူတို့နှစ်ဦးကတော့ အသက်(၁၂)အရွယ်တည်းက သိကျွမ်းခဲ့ကြပြီး ကျောင်းသားဘ၀တည်းက အချစ်ဆုံးသူငယ်ချင်း တွေ ဖြစ်ခဲ့ကြပါတယ်။ အောင်မြင်ကျော်ကြားမှုကြောင့်ဖြစ်စေ၊ ကောလာဟလများကြောင့်ဖြစ်စေ Kristen Stewart ဟာ သူတို့နှစ်ဦးကြားက ခင်မင်တဲ့ သံယောဇဉ်ကို ဖျက်ဆီးနှောင့်ယှက်လို့ မရနိုင်ခဲ့ပါဘူး။ ပန်းခြံထဲမှာ တူတူလမ်း လျှောက်နေတဲ့ပုံတွေ၊ ဘားတစ်ခုမှာ တူတူထိုင်နေကြတဲ့ပုံတွေကို ပါပါရာဇီတွေကြောင့် မကြာခဏ တွေ့မြင်ကြရပါ တယ်။

Sandra Bullock နဲ့ Ryan Reynolds

၂၀၀၉ခုနှစ်က ရိုက်ကူးခဲ့တဲ့ The Proposal ဇာတ်ကား ရိုက်ကူးအပြီးမှာ ပရိသတ်များစွာဟာ သူတို့နှစ်ဦးကို အပြင်ဘ၀မှာပါ လက်တွဲစေချင်တဲ့ဆန္ဒတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးဟာ သူငယ်ချင်းကောင်းတွေ ပါလို့သာ ပြန်လည်ပြောကြားခဲ့ပါတယ်။ Sandra ဟာ သူမသူငယ်ချင်းကို အားပေးဖို့အတွက် Ryan Reynolds (deadpool) ရဲ့ ဇာတ်ကားအထူးပွဲတိုင်းကို တက်ရောက်လေ့ရှိကြပါတယ်။

Jennifer Aniston နဲ့ Courteney Cox

ဒီမင်းသမီးနှစ်ယောက်ရဲ့ ဆက်ဆံရေး၊ ခင်မင်မှုသံယောဇဉ်ဟာတော့ ဟောလိဝုဒ်မှာ အဖြူစင်ဆုံးနဲ့ အခိုင်မြဲဆုံးပါလို့ ဆိုရပါမယ်။ ၁၉၉၄ခုနှစ်က စတင်ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် Friends ရုပ်သံဇာတ်လမ်းတွဲမှာ စတင်တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အပြင်မှာလည်း ချစ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ မင်းသမီးနှစ်ယောက်လုံးဟာ အိမ်ထောင် ရေးကွာရှင်းမှုတွေနဲ့ ခက်ခဲတဲ့အချိန်တွေကို အတူတကွ ကျော်ဖြတ်ခဲ့ကြပြီး အရာရာတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီအားပေးလာခဲ့ကြပါတယ်။ Jennifer က “ကျွန်မ သူ့ရဲ့ဧည့်သည်အိပ်ခန်းမှာ အကြိမ်ပေါင်းများစွာ သွားအိပ်ဖူးပါ တယ်။ သူမနဲ့ ပတ်သက်လို့ ကျွန်မပြောနိုင်တာကတော့ သူမဟာ ကျွန်မရဲ့ရေစုန်၊ ရေဆန် ခရီးတိုင်းမှာ ကျွန်မနဲ့ လိုက်ပါခဲ့သူ ဖြစ်ပါတယ်”လို့ နှစ်ယောက်ရဲ့ ခင်မင်မှုအတိမ်အနက်ကို ပြောကြားခဲ့ပါတယ်။

Kate Winslet နဲ့ Leonardo DiCaprio

Titanic ရုပ်ရှင်ဇာတ်ကားဟာ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ပရိသတ်များကိုတင် ခံစားလှုပ်ရှားစေတာ မဟုတ်ဘဲ အဓိက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Kate Winslet နဲ့ Leonardo DiCaprio တို့ကိုပါ အချစ်ဆုံးသူငယ်ချင်း တွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ နာမည်ကျော် ခင်မင်မှုသံယောဇဉ် သက်တမ်းဟာ အနှစ်(၂၀)ကျော်ခဲ့ပြီဖြစ်ပြီး ကိစ္စအချိုးအကွေ့အားလုံးတိုင်းမှာ တစ်ယောက်ဘေးမှာ တစ်ယောက် အသင့်ရှိနေပြီး ကူညီ အားပေးခဲ့ကြပါတယ်။ ၂၀၁၂ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မင်းသမီးချောရဲ့ လျှို့ဝှက်မင်္ဂလာဆောင်မှာတော့ Leonardo ဟာ သတို့သားဆီ လက်တွဲခေါ်ဆောင် ပို့ပေးသူအဖြစ် ဘေးကနေ လက်တွဲလျှောက်ပေးခဲ့ပါတယ်။

နာမည်ကျော်ကြားတိုင်း အချင်းချင်း တိုက်ခိုက်၊ မနာလိုဖြစ်နေမှာ မဟုတ်ဘဲ ဖြူစင်အေးမြတဲ့ ၅၂၈ မေတ္တာနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စောင့်ရှောက်ကြတာဟာ ကြားရတာ ၀မ်းသာစရာပဲ ဖြစ်ပြီး ၄င်းတို့ရဲ့ ပရိသတ်တွေ အတွက်လည်း အတုယူလေးစားစရာတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ရင်း …။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Source: brightside

SHARE