ကမ္ဘာ့ဖလားပွဲကို ဘောလုံးကွင်းထဲအထိ လာရောက်အားပေးခဲ့တဲ့ ဆယ်လီ အချောအလှများ

(AP Photo/Matthias Schrader)

(၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးလို့ ရှုံးထွက်(၁၆)သင်းအဆင့်ကို ယှဉ်ပြိုင်နေပြီပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲ မစတင်ခင်တုန်းက ပရိသတ်တွေက ရုရှားနိုင်ငံရဲ့ လုံခြုံရေး အခြေအနေ၊ အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာ့ဖလားကို ရှောရှောရှုရှု ကျင်းပနိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ တကယ်တမ်း ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ချိန်မှာတော့ ပရိသတ်တွေ ပူပန်သလို မဖြစ်ခဲ့ပေမယ့်လည်း လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အရင်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားတွေလို ဆယ်လီ အများအပြားတော့ လာရောက်တာ သိပ်မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ဘောလုံးသမားတွေရဲ့ ဇနီးမယား၊ ချစ်သူရည်းစား အချောအလှ မော်ဒယ်တွေကတော့ သူတို့ရဲ့ သက်ဆိုင်သူတွေကို အခက်အခဲတွေကြားကနေ အစဉ်အလာမပျက် လာရောက်အားပေးခဲ့ကြပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နာမည်ကျော် WAGs များ

https://www.instagram.com/p/Bkf0UFwABNs/?utm_source=ig_embed

WAGs ဆိုတာ Wives and Girlfriends (ဇနီးမယားနဲ့ ချစ်သူရည်းစားများ)ရဲ့ အတိုကောက်ပါ။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ဇနီး ဗစ်တိုးရီးယားဘက်ခမ်းက ဦးဆောင်ကာ အင်္ဂလန်လက်ရွေးစင်တွေရဲ့ ဇနီးနဲ့ ချစ်သူတွေစုပြီး ဘောလုံးကွင်းထဲ လိုက်လံအားပေးခဲ့ရာကတစ်ဆင့် ရေပန်းစားခဲ့တဲ့ စကားလုံးပါ။ အင်္ဂလန်လက်ရွေးစင် အဆက်ဆက်၊ အသင်းခေါင်းဆောင် အဆက်ဆက် ပြောင်းသွားခဲ့ပေမယ့် WAGs အစဉ်အလာကတော့ မပြောင်းလဲသွားခဲ့ပါဘူး။ ဒီတစ်ခေါက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း WAGs အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ တိုက်စစ်မှူး ဂျေမီဗာဒီရဲ့ဇနီး ဘက်ကီဗာဒီပါ။ ဘက်ကီကတော့ သူမ ဦးဆောင်တဲ့ WAGs အဖွဲ့ ရုရှားမှာ ပျော်ပါးနေတာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူမရဲ့ IG ပေါ်မှာ တင်ထားပါတယ်။

READ
(၂၀၁၈)ကမ္ဘာ့ဖလားမှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များ

အလက္ဆန္ဒရာ အမ္ဘရိုစီယို

https://www.instagram.com/p/BkiaONeh8h4/?utm_source=ig_embed

ဘရာဇီးလ်မော်ဒယ်အများစုဟာ ဘောလုံးကို အရူးအမူး အားပေးသူတွေပါ။ တစ်ချို့ကတော့ အိမ်မှာပဲနေရင်း ဘရာဇီးလ်အသင်းကို အားပေးကြပေမယ့် တစ်ချို့ကတော့ ကမ္ဘာ့ဘယ်အရပ်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဘောလုံးကွင်းထဲအထိ ဘရာဇီးလ်အသင်းကို လိုက်လံအားပေးတတ်ကြပါတယ်။ အဲဒီ့ထဲကမှ ဘရာဇီးလ်စူပါမော်ဒယ် အလက်ဆန်ဒရာ အမ်ဘရိုစီယိုကတော့ နာမည်ကြီးပါ။ အမ်ဘရိုစီယိုဟာ ဘရာဇီးလ်အသင်း ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ကွင်းထဲအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးလေ့ရှိသလို ဒီတစ်ခါလည်း ရုရှားနိုင်ငံအထိ သွားရောက်ပြီး ဘရာဇီးလ်အသင်းကို အားပေးခဲ့ပါတယ်။

အန်နာ လီဝန်ဒေါစကီး

https://www.instagram.com/p/BkNQK5eFbBg/?utm_source=ig_embed

(AP Photo/Themba Hadebe)

ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ဇနီးဖြစ်သူ အန်နာ လီဝန်ဒေါစကီးကလည်း ခင်ပွန်းဖြစ်သူရဲ့ ဘောလုံးပွဲတိုင်းကို ကွင်းထဲအထိ လိုက်ပါပြီး အားပေးတတ်သူတစ်ဦးပါ။ ပိုလန်နိုင်ငံရဲ့ နာမည်ကြီး ကာရာတေး အားကစား မယ်ဟောင်း၊ အလှမယ်ဟောင်းတစ်ဦးဖြစ်တဲ့ အန်နာကတော့ သူမရဲ့ မိခင်နိုင်ငံမှာ လူသိများတဲ့ ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ မြင်ရတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပိုလန်နဲ့ ဆီနီဂေါတို့ရဲ့ ပွဲစဉ်မတိုင်မီမှာ ခင်ပွန်းဖြစ်သူကို အနမ်းတွေ ခြွေနေတဲ့ အန်နာပဲ ဖြစ်ပါတယ်။

ရူဘီ မေ

Last night ❤️

A post shared by • Ruby Mae • (@rubymae3223) on

Keeping snug

A post shared by • Ruby Mae • (@rubymae3223) on

ယူရို(၂၀၁၆)ပြိုင်ပွဲမှာ အိုက်စလန်ကို ရှုံးပြီး အင်္ဂလန်အသင်းက ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ အဲဒီပွဲမှာ အင်္ဂလန်ကွင်း လယ်လူ ဒယ်လီအယ်လီကို အနမ်းတွေခြွေပြီး နှစ်သိမ့်နေတဲ့ ကောင်မလေးကို မျက်စိလျင်တဲ့ ပရိသတ်တစ်ချို့ သတိ ထားမိကြမှာပါ။ သူမကတော့ ရူဘီမေပဲ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ဗြိတိန်နာမည်ကြီး အတွင်းခံမော်ဒယ် ရူဘီဟာ ဗြိတိန်မှာတော့ ထင်ရှားလူကြိုက်များသူတစ်ဦးပါ။ လက်ရှိ ရုရှားရောက် အင်္ဂလန် WAGs တွေထဲမှာတော့ ပုရိသတွေ အကြိုက်ဆုံးလို့ သတ်မှတ်ခံထားရပါတယ်။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်များ

ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်

https://www.instagram.com/p/BjvI_bIlIeW/?utm_source=ig_embed

https://www.instagram.com/p/BkcmJVxBwig/?utm_source=ig_embed

(၂၀၁၈)ကမ္ဘာ့ဖလားပွဲရဲ့ အထင်ရှားဆုံး ဆယ်လီလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာကတော့ သူမရဲ့ရည်းစား ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် ဂျော်ဂျီနာရဲ့ ပုံရိပ်တွေကို ထပ်မံ မြင်တွေ့ရဖို့တော့ မရှိတော့ပါဘူး။ နာမည်ကျော် ဂူချီ (Gucci)စတိုးဆိုင်က စပိန်လူမျိုး အရောင်းဝန်ထမ်းမလေးနဲ့ ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုတို့ရဲ့ နတ်သမီးပုံပြင်ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းဟာ စပိန်နဲ့ ပေါ်တူဂီက ဘောလုံးပရိသတ်တွေသာမကဘဲ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဂျော်ဂျီနာဟာ ရော်နယ်ဒိုရဲ့ ချစ်သူဖြစ်ခဲ့ပြီးချိန်ကစလို့ စပိန်နိုင်ငံမှာ လူတိုင်းနီးပါးသိတဲ့ ဆယ်လီတစ်ယောက်ဖြစ်လာခဲ့ပြီး အခုဆိုရင် မော်ဒယ်လ်တစ်ဦးအဖြစ်လည်း ရပ်တည်နေပါပြီ။

 

SHARE