Rain နဲ့ Kim TaeHee တို့ကတောင် ချီးကျူးလိုက်ရတဲ့ ချမ်းချမ်းရဲ့ အလှ

မော်ဒယ်၊အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ တစ်ကိုယ်တော် အမေအဖြစ်နဲ့ သူမရဲ့ သမီးလေးကို ပြုစုစောင့်ရှောက်နေတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ထူးခြားအသံကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေတိုင်း အားပေးကြတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားမော်ဒယ်တစ်ယောက်လို ထူးခြားတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

 

ချမ်းချမ်းရဲ့ အလှကိုတော့ ကိုရီးယားရဲ့ နာမည်ကျော်အဆိုတော်ဖြစ်တဲ့ Rain နဲ့ သူ့ရဲ့ ဇနီး Kim Tae Hee တို့ကတောင် ကျော်မသွားနိုင်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက LA လေဆိပ်ကို ကိုရီးယား မင်းသမီး​တွေ အဆို​တော်​​တွေ နဲ့ တူတူ immigration ဖြတ်တဲ့အချိန်မှာ rain နဲ့ သူ့ရဲ့ ဇနီး Kim Tae Hee က ချမ်းချမ်းကို အရမ်းလှတဲ့ကောင်မလေးတစ်ယောက်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

READ
"Harley Quinn" ကိုပုံစံသစ်နဲ့ မြင်ရမယ့် ‘Birds of Prey’ Teaser ထွက်ရှိ

ဒီအကြောင်းကိုတော့ ချမ်းချမ်းက သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။ ချမ်းချမ်းကတော့ လွန်ခဲ့တဲ့  ၇နှစ်​​လောက်​က MTV exit ပွဲမှာ jason mrazနဲ့ဆုံတုန်းကလဲ “မိန်းက​လေးမင်းနဲ့ ဓာတ်​ပုံရိုက်​ချင်​လို့..ရမလားတဲ့…မငိးသိပ်​လှတယ်” လို့ အပြောခံခဲ့ရတဲ့အကြောင်းကိုလည်း ပြောထားပါသေးတယ်။

ချမ်းချမ်းကတော့ လှလဲလှ ဆွဲဆောင်မှုလည်းရှိတဲ့သူတစ်ယောက်ဆိုတာတော့ အမှန်ပါပဲနော်။

SOurce: Chan Nyein

SHARE