အမဖြစ်သူကို တစ်နှစ်လောက် မခေါ်မပြောပဲ နေခဲ့ဖူးတဲ့အကြောင်း ပြောပြလာတဲ့ CHANYEOL

ig/@yooranna,@chanyeolgram

EXO အဖွဲ့ဝင် CHANYEOL က သူ့ရဲ့ အမဖြစ်သူ Park Yoo-ra ကို တစ်နှစ်လောက် မခေါ်မပြောပဲ ထားခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ CHANYEOL က စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းလေးကို သူ့ရဲ့ ပရိတ်သတ်တွေဆီမှာ ပြောပြခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

https://www.instagram.com/p/B_Kitt7Dd_v/?utm_source=ig_embed&utm_campaign=loading

“ ကျွန်တော် အရမ်းကို အသက်ငယ်သေးတဲ့ အချိန်တုန်းက ကျွန်တော့်အမကို တစ်နှစ်လောက် မခေါ်မပြောပဲ နေခဲ့ဖူးတယ် အဲတာက ဘာမဟုတ်တဲ့ ppuyoppuyo လေးတစ်ခုကြောင့်ပါ အဲဒါလေးအတွက် ရန်ဖြစ်ခဲ့ကြတာပါ” လို့ ပြောပြခဲ့ပါတယ်။

https://www.instagram.com/p/B2eR87rlRTB/?utm_source=ig_embed&utm_campaign=loading

အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ပရိတ်သတ်တစ်ယောက်က CHANYEOL ရဲ့အမဖြစ်သူ Park Yoo-ra ရဲ့ instagram ကောမန့်မှာ ခုလိုမျိုး မေးထားပါသေးတယ် “ အမ CHANYEOL က အမကို ppuyoppuyo အတွက်ကြောင့် တစ်နှစ်လောက် စကားမပြောပဲ ပစ်ထားတယ်လို့ ပြောတယ် ppuyoppuyo ဆိုတာ ဘာလဲ ကျွန်တော်တို့ကို ပြောပြပါလား”  လို့မေးတဲ့အခါမှာတော့ Park Yoo-ra က “ ဟိုးအရင်တုန်းက ကျွန်မတို့အတူဆော့ခဲ့တဲ့  ဂိမ်းတစ်ခုပဲ အဲဒါကို ppuyoppuyo လို့ခေါ်တယ် အမှန်အတိုင်း ဝန်ခံရရင်တော့ ကျွန်မ သူနဲ့ မခေါ်ပဲ တစ်နှစ်လောက် နေခဲ့တဲ့ အချိန်ကိုတော့ မမှတ်မိတော့ဘူး ဒါပေမယ့် အဲအချိန်တုန်းက ကျွန်မကို အမြဲတမ်း သူရန်စတတ်တယ်” ဆိုပြီး ဟိုးအရင် ငယ်ဘဝတုန်းက အမှတ်တရလေးတွေ ပြောပြခဲ့ကြပါတယ်။

CHANYEOL နဲ့ Park Yoo-ra တို့က အသက်သုံးနှစ်ကွာပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းလည်း ချစ်ကြတဲ့ မောင်နှမတွေပါ။

Khin

SHARE