Tomboy ဖြစ်ကြောင်းထုတ်ပြောပြီး သုံးနှစ်အကြာမှာနာမည်ပြောင်းလိုက်တဲ့ Charice

မြန်မာပရိသတ်တွေကြားမှာ Pyramid သီချင်းနဲ့ လူသိများခဲ့ပြီး နိုင်ငံတကာမှာ Glee ရုပ်သံဇာတ်လမ်းတွဲကြောင့် နာမည်ကျော်ကြားလာတဲ့ Charice လို့ လူသိများတဲ့ ဖိလစ်ပိုင်သူလေး Charice Pempengco ဟာ သူမရဲ့ ၀ိဥာဉ်ဟာ ယောက်ျားဖြစ်နေတယ်လို့ ၀န်ခံခဲ့ပြီး သုံးနှစ်အကြာမှာ ယခုလို နာမည်ပြောင်းလဲလိုက်တာပဲ ဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် ပါရမီရှင်အဆိုတော် Charice ဟာ တနင်္လာနေ့က သူမရဲ့တွစ်တာမှာ နာမည်ပြောင်းလိုက် ကြောင်း တရားဝင်ကြေငြာလိုက်ပြီး Jake Zyrus ဆိုတဲ့ ယောက်ျားနာမည်ကို ပြောင်းလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ first tweet က Jake ဖြစ်ပြီး အားလုံးရဲ့ချစ်ခင်မှုတွေကို တွေ့ခဲ့ရလို့ အလွန်ပျော်ရွှင်ခဲ့ရပြီး သူ့ရဲ့ပရိသတ်အားလုံးကို ချစ်ပါတယ်လို့ နာမည်ပြောင်းအပြီး တွစ်တာမှာ တင်လိုက်ပါတယ်။

Charice ရဲ့ နာမည်ပြောင်းလိုက်တဲ့ Twitter Account

Jake ဟာ သူ့တွစ်တာအကောင့်က ယခင်ပို့စ်အဟောင်းတွေကို ဖျက်ပစ်ခဲ့ပုံရပြီး @jakezyrus ဆိုတဲ့ အမည်သစ်နဲ့ ဘ၀သစ် စတင်နေတဲ့ပုံ ရှိပါတယ်။ “ဒီအချိန်လေးကို ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့် မပေးနိုင်ပါဘူး။ ဒီပျော်ရွှင်မှုလေးကိုလည်း ဘယ်သူလာဖျက်ဆီးတာကိုမှ ခွင့်မပြုနိုင်သလို အားပေးချစ်ခင်ကြတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်”လို့ သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။

READ
Lee Sung Kyung နဲ့ Nam Joo Hyuk တို့ လမ်းခွဲ

ယခင်ကပုံ

Jake ဟာ ၂၀၁၄ခုနှစ်က Oprah Winfrey နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “ကျွန်တော့်ဝိဥာဉ်ဟာ ယောက်ျားဖြစ်တယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ပြောင်းလဲလိုက်ခြင်းအပေါ် ဖိလစ်ပိုင်မီဒီယာတစ်ခုက ဝေဖန်ရှုံ့ချရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်လည်တောင်းပန်ကာ ထိုဆောင်းပါးကို ဖျက်ပေးခဲ့ပါတယ်။ Jake ကလည်း “တောင်းပန်တာကို လက်ခံပါတယ်။ အခုလို လက်ခံပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးကို လေးစားပါတယ်”လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

Glee မှာပါခဲ့တဲ့ပုံ

GLEE: Sunshine Corazon (guest star Charice) performs in “Audition” the season premiere episode of GLEE airing Tuesday, Sept. 21 (8:00-9:00 PM ET/PT) on FOX. (Photo by FOX via Getty Images)

YouTube မှာ အောင်မြင်မှု ရရှိလာပြီးနောက်မှာ စတူဒီယိုအယ်လ်ဘမ်တစ်ချပ် ထုတ်ဝေခဲ့ပြီး နာမည်ကျော် Glee ရုပ်သံဇာတ်လမ်းတွဲမှာ Sunshine Corazon က ပြောင်းလာတဲ့ ကျောင်းသူအဖြစ် season 2 မှာ စတင်ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာ အောင်မြင်မှုတွေ ရရှိလာခဲ့ပြီး နိုင်ငံတကာက အာရုံစိုက်ခံရတဲ့ အာရှသူအဆိုတော်သရုပ်ဆောင်အဖြစ် ကျော်ကြားစ ပြုလာချိန်မှာပဲ သူ့အတွက် ကြမ္မာဆိုးက ၀င်မွှေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖခင်ဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး ထိုနောက်ပိုင်းမှာ ယောက်ျားစိတ်ပေါက်နေသူ တစ်ယောက် အဖြစ် ၀န်ခံချပြခဲ့ရာမှာလည်း ဝေဖန်ရှုံ့ချမှုတွေနဲ့ အလူးအလဲ ရုန်းကန်ခဲ့ရပါတယ်။

READ
ကမ်းခြေရောက် ဓါတ်ပုံလေးတွေတင်လိုက်တဲ့ Maria J Naw

သူ့ဆရာ တေးရေးနဲ့ပရိုဂျူဆာ David Foster နဲ့အတူ

“ဒီတော့ လိင်ပြောင်းဖို့ ကြိုးစားဦးမလား။ ယောကျာ်းတစ်ယောက်ပုံစံ ဖြစ်လာအောင် အားလုံးပြောင်းလဲဖို့ ကြိုးစားဦးမှာ လား” လို့ Oprah Winfrey က မေးမြန်းခဲ့ရာမှာ “လုံးဝယောက်ျားတစ်ယောက် ပုံစံဖြစ်သွားအောင် အတိအကျ ပြုပြင် ပြင်ဆင်မှာတော့ မဟုတ်ပါဘူး။ အခြေခံအားဖြင့် ကျွန်တော့်စိတ်က ယောက်ျားပါ။ ဒါပေမယ့် ပြောင်းလဲပစ်မယ့်အရာတွေ ထဲမှာ အဲ့ဒီ့အတိုင်းအတာထိတော့ သွားဖို့ စိတ်မကူးထားပါဘူး။ ကျွန်တော့် ခန္ဓ္ဓ္ဓာကိုယ်ကို ဘာမှအပြောင်းအလဲ မလုပ်ပါဘူး။ အခု မြင်နေရတဲ့ မိန်းမပုံစံကြီးကိုပဲ ပြောင်းချင်တာပါ။ ဆံပင်တွေအတိုညှပ်ပစ်မယ်။ ယောက်ျားလေး အ၀တ်အစားတွေပဲ ၀တ်မယ်။ ဒီလိုမျိုး ပြောင်းလဲမှုတွေကိုပဲ ပြုလုပ်သွားမှာပါ”လို့ ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အလင်းဦး

Source : Dailymail

SHARE