တမလွန်က ဆက်သွယ်လာသူ အဖွားနဲ့ စကားပြောနိုင်တဲ့ ဆဌမအာရုံပိုင်ရှင်လေး

အင်္ဂလန်နိုင်ငံ နယူးပေါ့တ်မြို့နေ မိခင်တစ်ဦးက သူမရဲ့ သားဖြစ်သူဟာ ကွယ်လွန်သူတွေနဲ့ ဆက်သွယ်စကားပြောနိုင်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သူမဟာ ထရေစီယာဂျော်ဒန်ဆိုသူ ဖြစ်ပြီး သားဖြစ်သူကတော့ အသက်(၇) နှစ်အရွယ်သာ ရှိတဲ့ လူးကတ်စ်ဆိုသူ ကောင်လေးတစ်ဦးပါ။ ထရေစီယာက လူးကတ်စ်ဟာ ကလေးဘ၀ကတည်းက ကွယ်လွန်သွားပြီဖြစ်တဲ့ အဖွားဖြစ်သူကို မြင်နိုင်တယ်လို့ ပြောပြပါတယ်။

“ကျွန်မရဲ့ အဖွားက လူးကတ်စ် အသက် (၁၈) လကတည်းက ကွယ်လွန်သွားပြီ။ သားသားက စကားတွေပြောလာတော့ သူ့အဖွားက သူ့ကို အိပ်ရာထဲမှာ ဘယ်လိုလေးနွေးနွေးထွေးထွေးသိပ်ပေးတာ စသဖြင့် ပြောလာတယ်။ အစပိုင်းက ကျွန်မလည်း ကြောက်တာပေါ့လေ။ နောက်တစ်ခါ ကလေးက အဖွားဆိုနေကျ ကလေးချော့တေးကို ကျွန်မကို ဆိုပြတယ်။ အဲဒီသီချင်းမျိုး ကျွန်မ သူ့ကို တစ်ခါမှ မဆိုပြဖူးဘူး။ ဒါပေမယ့် သူက ဒီသီချင်းကို သိနေတယ်။ အဖွားက ဘယ်နေရာမှ ရှိနေတယ်ဆိုတာက အစ ကျွန်မကို ပြောပြတယ်။”

READ
အရုပ်အဖြစ်ဖန်တီးထားတဲ့ အလောင်းကောင်နဲ့ နှစ်ပေါင်းများစွာ အတူအိပ်စက်ခဲ့တဲ့ အမျိုးသား
Sun

အရင်တုန်းက လူးကတ်စ်ရဲ့ အပြုအမူတွေ အပြောအဆိုတွေကြောင့် စိတ်ခြောက်ခြားရတာတွေ ဖြစ်ခဲ့ပေမယ့် အခုတော့လည်း အဆင်ပြေပြေနေနိုင်ပါပြီလို့ ထရေစီယာက ဆိုပါတယ်။ ဒါ့အပြင် လူးကတ်စ်ဟာ အသက်(၄) နှစ် အရွယ်မှာ မိခင်ဖြစ်သူနဲ့ အိမ်တစ်အိမ်နားက ဖြတ်သွားရင်း ထူးဆန်းတဲ့ စကားတစ်ခုကို ဆိုလာပါတယ်။ ကလေးက မာတင်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ ထိုအိမ်မှာ နေဖူးကြောင်းနဲ့ မီးထဲမှာပဲ သေသွားတဲ့အကြောင်း ထရေစီယာကို ပြောပြပါတယ်။ ထရေစီယာက စုံစမ်းကြည့်လိုက်တဲ့အခါ တကယ်ပဲ သားဖြစ်သူ ပြောစကားအတိုင်း မာတင်ဆိုတဲ့လူဟာ ၄င်းအိမ်မှာပဲ မီးလောင်ပြီး သေဆုံးဖူးတာကို အံ့သြဖွယ် သိရှိလိုက်ရပါတယ်။

ထရေစီယာက “ကျွန်မက တမလွန်ဘ၀ဆိုတာကို အရင်တုန်းကတော့ ခပ်ရေးရေးပဲ ယုံခဲ့တာ။ အခုလို လူးကတ်စ်နဲ့ ကျတော့မှ လုံးဝကြီး ယုံကြည်သွားတော့တယ်ရှင်..” လို့ ဆိုပါတယ်။ ထရေစီယာလိုမျိုး အလားတူ အဖြစ်အပျက်ကို တချို့ကလေးမိဘတွေလည်း ကြုံဖူးကြပါတယ်။ ကွယ်လွန်ပြီးသူတွေရဲ့ အကြောင်းကို အသေးစိတ် ပြောပြနိုင်တာ၊ သာမန်လူတို့ မမြင်နိုင်တဲ့ စက္ခုအာရုံ မကြားနိုင်တဲ့ သောတအာရုံတွေကို ကလေးတွေက အလိုအလျောက်သိနေနိုင်တာမျိုးတွေဟာ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေပါ။

READ
မိသားစုတစ်စုရဲ့ စပိန်ခရီးစဉ်ကဓာတ်ပုံတွေထဲမှာ လိုက်ပါနှောင့်ယှက်ခဲ့တဲ့ သရဲ
Sun

အော်နာဘရိုဆက်ပ်ဆိုသူ အကြားအမြင်ဆရာမတစ်ဦးကတော့ ကလေးတွေရဲ့ အာရုံခံနိုင်စွမ်းနဲ့ ပတ်သက်လို့ သတိလက်လွတ်မထားသင့်ဘူးလို့ ဆိုပါတယ်။ “ကျွန်မတို့ အကုန်လုံးမှာ မွေးကတည်းက ဆဌမအာရုံပါလာကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါကျတော့ အသုံးမပြုတတ်ကြတော့ဘူး။ ကလေးတွေကတော့ လူကြီးတွေထက် ပိုယုံကြည်တတ်တယ်၊ ယုံမှားသံသယစိတ်ကင်းကြပါတယ်။ အဓိပ္ပါယ်မရှိတဲ့အရာတွေဆိုပြီးတော့ ဒွိဟစိတ်မျိုး ထားတာလည်းမရှိပါဘူး။” လို့ ရှင်းပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: TheSun

SHARE