မူးယစ်ရာဇာနှစ်ဦးကို ကျောင်းသား/သူတွေရှေ့မှာပင် သေဒဏ်အမိန့်ချခဲ့တဲ့ တရုတ်နိုင်ငံ

တရုတ်အာဏာပိုင်တွေဟာ ပြစ်မှုကြီးအဖြစ် သတ်မှတ်ထားတဲ့ တရားခံမူးယစ်ရာဇာနှစ်ဦးကို ကျောင်းသားကျောင်းသူ ရာနဲ့ချီရဲ့ ရှေ့မှောက်မှာပင် သေဒဏ်စီရင်ချက် ဖတ်ကြားခဲ့ကြောင်း သိရပါတယ်။ ဒီလိုပြလုပ်ခြင်းဟာ ကျောင်းသူကျောင်းသားလေးတွေကို မူးယစ်ပြစ်မှုဟာ ဘယ်လောက်အထိ ပြစ်ဒဏ်ကြီးမားကြောင်း သိစေမြင်စေနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

weibo/hinews.cn

တရားခံနှစ်ဦးကို ကွပ်မျက်ဖို့ပြင်ဆင်ထားတဲ့ နေရာကတော့ တရုတ်နိုင်ငံ၊ ဟိုင်နန်စီရင်စု၊ ဟိုင်ကောမြို့ရှိကွင်းပြင်မှာဖြစ်ပြီး ဒီစီရင်မှုကို ဒေသခံရာနဲ့ချီ လာရောက်ကြည့်ရှုခဲ့ကြကြောင်းလည်း သိရပါတယ်။ အဆိုပါ မူးယစ်တရားခံနှစ်ဦးဟာ အဖြူအနက် ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ခြားရာဇဝတ်သား (၁၇)ဦးကိုလည်း လူထုရှေ့မှောက်မှာ ပြစ်မှုအသီးသီး စီရင်ခဲ့ပါတယ်။

weibo/hinews.cn

အခု သေဒဏ်စီရင်ခံရတဲ့ ရာဇဝတ်သားနှစ်ဦးအနက် Cai Liqun (၃၉)နှစ်ဟာ မက်သာအမ်ဖက်တမင်း၊ ဘိန်းဖြူ၊ ကဖိန်းနဲ့ရောစပ်ထားတဲ့ မက်သာအမ်ဖက်တမင်း စတဲ့တရားမဝင်မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်ဖြန့်ဖြူးရောင်းချခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ သူဟာ (၂၀၁၅)ခုနှစ် စက်တင်ဘာနဲ့ နိုဝင်ဘာလတွေအတွင်းမှာ မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းချခဲ့သူ ဖြစ်ပါတယ်။

weibo/hinews.cn

ဒီလိုပဲ Huang Zhengye (၃၆)နှစ်ကလည်း စိတ်ကြွရူးသွပ်ဆေးပြားတွေ အမြောက်အများ တင်ပို့ခြင်း၊ ရောင်းချခြင်းတွေ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သူပါ။ သူတို့နှစ်ဦးစလုံးကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ဖြစ်တဲ့ ဇွန်လ (၂၆)ရက်နေ့မှာ ကျောင်းသားကျောင်းသူတွေနဲ့ အများပြည်သူရှေ့မှောက်မှာ သေဒဏ် စီရင်ချက်ချဖို့ ဒေသခံအစိုးရနဲ့ တရားရုံးက စီရင်ခဲ့တာဖြစ်ပါတယ်။

READ
မင်္ဂလာပွဲမှာတွေ့ခဲ့ရတဲ့ လူတစ်ယောက်ကြောင့် အံ့သြချင်းများစွာနဲ့ရယ်ပွဲကျခဲ့ကြသူတို့
weibo/hinews.cn

ဒီအစီအစဉ်ကို ဦးဆောင်ခဲ့တဲ့ Qiongshan Court နဲ့ Haikou Intermediate People’s Court ဌာနတွေကတော့ ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် လူငယ်တွေကို နောင်ကြဉ်သွားစေမယ်လို့ ဆိုပါတယ်။ အမျိုးသမီးတရားသူကြီးတစ်ဦးက ပရိသတ်(၃၀၀)ကျော်ရဲ့ ရှေ့မှောက်မှာ အမိန့်စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။ ယင်းနောက် အဆိုပါအမျိုးသားနှစ်ဦးကို လက်မရွံ့သေနတ်တပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်စီရင်ခဲ့တာပါ။ (ဒီနေရာမှာတော့ ကျောင်းသားကျောင်းသူများ ရှေ့မှောက်မှာပင် ကွပ်မျက်ခဲ့တာလားဆိုတာ သတင်းမှာ ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။ စီရင်ချက်ကို သူတို့ရှေ့မှောက်မှာ ချမှတ်တယ်လို့သာ ဖော်ပြထားပါတယ်။)

weibo/hinews.cn

သူမက ” အခု ကျွန်မ ကြေညာပါ့မယ် … ရာဇဝတ်သားနှစ်ဦးဖြစ်တဲ့ Cai Liqun နဲ့ Huang Zhenye တို့ကို ကွပ်မျက်ဖို့ပြင်ဆင်ထားတဲ့ မြေကွက်လပ်ဆီကို ခေါ်ဆောင်ခဲ့ပါ … ယင်းနောက် တရားခံတွေကို သေနတ်နဲ့ပစ်သတ်ခြင်းဖြင့် ကွပ်မျက်မှာ ဖြစ်ပါကြောင်း “ဆိုပြီး ကြည်လင်ပျက်သားစွာ ကြေညာခဲ့ပါတယ်။

READ
ကျဆုံးသွားတဲ့ချစ်သူရဲသား မရှိတော့ပေမယ့် မင်္ဂလာပွဲကို တစ်ဦးတည်းကျင်းပခဲ့သူ
weibo/hinews.cn

အခြားမူးယစ်တရားခံ (၁၇)ဦးကိုလည်း လူထုရှေ့မှောင်မှာ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး၊ ဒီအထဲမှာ (၈)ဦးကိုတော့ (ပြင်ဆင်ပြောင်းလဲလို့ရသည့်) သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဆိုပါသေဒဏ်စနစ်မှာ ပြစ်မှုစီရင်ခြင်း မခံရမီအတွင်း ရှေ့နေများဖြင့် အယူခံတက်ခြင်း၊ ပြစ်မှုများကို ခုခံချေပခြင်း၊ သို့မဟုတ် တရားရုံးက အခြားပြစ်ဒဏ်တစ်ခုခုကို အစားထိုးပြောင်းလဲပေးခြင်း စတာတွေပြုလုပ်ခွင့် ရှိကြောင်း သိရပါတယ်။

ဒီသေဒဏ်အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး ဒေသခံကျောင်းတစ်ကျောင်းဖြစ်တဲ့ Yunlong Middle School ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Pan Hui အမည်ရ ကျောင်းဆရာတစ်ဦးက ” ကျွန်တော်တို့ကျောင်းဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကမ်ပိမ်းအတွက် လုပ်ဆောင်မှုတွေ အများကြီးရှိခဲ့ပါတယ် … အခုလို လုပ်ဆောင်ခြင်းကြောင့် ကျောင်းသားတွေဟာ မူးယစ်ဆေးနဲ့ အလိုလျှောက် ကင်းကွာသွားမှာ ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE