အသားမဖြူလို့ မော်ဒယ်အလုပ်တွေ ဆုံးရှုံးဖူးကြောင်းပြောခဲ့တဲ့ Chitrangda Singh

instagram/chitrangda

အိန္ဒိယရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Chitrangda Singh က သူမဟာ အသားအရောင်နဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေခံခဲ့ရဖူးကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အသားအရောင်ကြောင့် ပုဂ္ဂိုလ်ရေးဘက်လိုက်မှုတွေကိုခံစားရရုံတင်မကဘဲ အလုပ်ကိစ္စမှာလည်း အထူးသဖြင့် မော်ဒယ်အလုပ်တွေကိုဆုံးရှုံးခဲ့ရတယ်လို့ Singh က ပြောပြပါတယ်။

 

View this post on Instagram

 

A post shared by @chitrangda

ပြီးခဲ့တဲ့လကတော့ သူမက Instagram story မှာ သူမဟာ အသားညိုသူဖြစ်ပေမယ့် ပျော်ပါတယ်ဆိုပြီး တင်ထားတာပါ။ Singh က “အသားညိုတဲ့မိန်းကလေးတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ကို ကျွန်မသိတယ်။ ဒါမျိုးဆိုတာ လူတွေက ရှင့်မျက်နှာကြည့်ပြီး ဒဲ့ပြောမှာတော့မဟုတ်ဘူး။ ရှင့်ဘာသာရှင် ခံစားသိနိုင်တာမျိုးလေ။ ကျွန်မက မြောက်ပိုင်းမှာကြီးပြင်းလာတော့ ဘက်လိုက်မှုတော်တော်များများ ခံစားခဲ့ရပါတယ်။” လို့ဆိုပါတယ်။ Singh ဟာ မွန်ဘိုင်းကိုရောက်မလာခင် Rajasthan, Uttar Pradesh နဲ့ Delhi တို့မှာနေထိုင်ခဲ့တာပါ။

READ
ရိုက်ကွင်းမှာ ပင်ပန်းလွန်းတဲ့ ဒဏ်ကြောင့် ချက်ချင်းဆေးရုံတင်ခဲ့ရတဲ့ မင်းသမီး Alia Bhatt

ဒါ့ပြင် သူမက သူမရဲ့အသားအရည်ကြောင့် အလုပ်တွေပါပျက်ခဲ့ရကြောင်းလည်း ပြောပြပါတယ်။ “ကျွန်မရဲ့ မော်ဒယ်အလုပ်တွေပျက်ခဲ့တယ်။ ပြီးတော့ ကြော်ငြာတွေလည်းပါတယ်။ တစ်ခါက လူရွေးတော့ နှစ်ယောက်ပဲရွေးရလို့ပါဆိုပြီး ကျွန်မကိုဖြုတ်ခဲ့တာ။ ကံကောင်းတော့ အဲ့ဒီကြော်ငြာကုန်ပစ္စည်းအတွက် ကျွန်မနမူနာသရုပ်ဆောင်ထားတာကို Gulzar saab က မြင်သွားတယ်။ ကျွန်မကို သူ့ MV ထဲသရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ အသားဖြူတဲ့လူတွေချည်းမရွေးတဲ့ လူတွေလည်း ရှိပါသေးလားဆိုတာ အဲ့ဒီကျမှ ကျွန်မသိသွားတယ်။”

 

View this post on Instagram

 

A post shared by @chitrangda

Singh ရဲ့နောက်ဆုံးထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ Saif Ali Khan နဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ Bazaar အမည်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ယခုလော့ဒေါင်းအတွင်းမှာတော့ Singh က “ကျွန်မ ဒိုင်ယာလော့တွေလုပ်တယ်။ ရုပ်ရှင်ဇာတ်ညွှန်းရော အားလုံးပါပဲ။ အခုက ပထမဆုံးအကြိမ် ကျွန်မဘာသာ ကျွန်မကြိုးစားကြည့်တာပါ။” လို့ပြောခဲ့တာကိုလည်း hindustantimes သတင်းအရ သိရပါတယ်။

READ
ကိုယ်ဝန်ရနေပြီဖြစ်ကြောင်း ပရိတ်သတ်တွေကို surprise လုပ်ထုတ်ပြခဲ့တဲ့ Nicki Minaj

LS

SHARE