သရဲခြောက်တာ ဗီဒီယိုရိုက်ပြီး တကယ်ဟုတ်၊မဟုတ် ပရိသတ်တွေကို ဆုံးဖြတ်ခိုင်းတဲ့ Chirs Pratt

တစ္ဆေသရဲဆိုတာ လူတိုင်းနီးပါး ကြောက်ရွံ့ထိတ်လန့်လေ့ရှိတဲ့ အရာပါ။ ထူးဆန်းတဲ့ လူတစ်ချို့ကတော့ အကြောက်အလန့်ကင်းစွာနဲ့ တစ္ဆေသရဲတွေကို ရှိရာနေရာသွားပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ခရီးသွားရင်ဖြစ်စေ၊ ရပ်ဝေးမြေခြားက အသိအကျွမ်း၊ မိတ်ဆွေတွေအိမ်သွားရင်ဖြစ်စေ မထင်မှတ်တဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ကြုံရလေ့ရှိပါတယ်။

အခုလည်း နာမည်ကျော် ဟောလိဝုဒ်မင်းသား Chirs Pratt ဟာ သူရောက်နေတဲ့ နယူးယောက်မြို့က ဟိုတယ် အခန်းမှာ သရဲခြောက်နေတဲ့အကြောင်းကို ဗီဒီယိုရိုက်ပြီး Twitter ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဟိုတယ်နာမည်ကိုတော့ ထုတ်ဖော်မရေးသားပါဘူး။ ဗီဒီယိုထဲမှာတော့ Chris တည်းနေတဲ့ ဟိုတယ်ခန်း မျက်နှာကျက်ပေါ်က မီးအိမ်ဟာ အကြောင်းမရှိဘဲ လှုပ်ခတ်နေတာကို တွေ့ရမှာပါ။

 

Chris က သူ့ပရိသတ်တွေကို သူဟာ သရဲခြောက်တဲ့ အခန်းထဲရောက်နေကြောင်း၊ သူပျော်နေကြောင်း၊ သူထင်ယောင်ထင်မှား မြင်နေတာလည်း ဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ပရိသတ်တွေကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ပေးဖို့ အကူအညီတောင်းခံကြောင်း ရေးသားခဲ့ပါသေးတယ်။ ပရိသတ်တစ်ယောက်ကတော့ အရွှမ်းဖောက်ပြီး Chris ရဲ့ ပို့စ်အောက်မှာ သူနဲ့အတူ Marvel ရုပ်ရှင်ကားတွေမှာ တွဲဖက်သရုပ်ဆောင်တဲ့ Dave Bautista အပေါ်ထပ် မှာ လမ်းလျှောက်နေလို့ ဖြစ်မယ်ထင်ကြောင်း အရွှမ်းဖောက်ပြီး ရေးသားခဲ့ပါတယ်။

READ
တစ်ချိန်က နာမည်ကြီး ရုပ်ရှင်ကားကို ပြန်ရိုက်တော့မယ့် Will Smith နဲ့ Kevin Hart
Twitter
Bleeding Cool

ပရိသတ်တစ်ချို့ကတော့ Chris ပါဝင်ထားပြီး ဒီလထဲမှာ ရုံတင်မယ့် Avengers: Infinity War ရုပ်ရှင်အတွက် လူအာရုံစိတ်မှုရအောင် လုပ်တာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ Chris Pratt ဟာ မထင်မရှားဇာတ်ပို့နေရာကနေ ခေါင်းဆောင်မင်းသားအဖြစ် အောင်မြင်လာခဲ့တာဖြစ်ပြီး သူအဓိကနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ Guardians of The Galaxy(1,2) နဲ့ Jurassic World ရုပ်ရှင်ဇာတ်ကား(၃)ကားပေါင်းရဲ့ ၀င်ငွေဟာ ဒေါ်လာ(၁.၅)ဘီလျံကျော်တဲ့ အထိ ငွေကြေးအရ အောင်မြင်ခဲ့ပါတယ်။

Source : Unilad

SHARE