Batman Begins, The Dark Knight နဲ့ The Dark Knight Rises ဇာတ်ကားတွေပါဝင်တဲ့ The Dark Knight Trilogy ဟာ ယခုအထိလူကြိုက်များဆဲ စူပါဟီးရိုးရုပ်ရှင်စီးရီးတွေဖြစ်ပါတယ်။ Marvel Cinematic Universe ရဲ့စူပါဟီးရိုးဇာတ်ကောင်တွေ တစ်ကားပြီးတစ်ကားပေါ်ထွက်လာနေတုန်းမှာ The Dark Knight trilogy ဟာ ဘာကြောင့် အခုထိကြန့်ကြန့်ခံနေနိုင်တာပါလဲ။
View this post on Instagram
The Dark Knight Trilogy ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Christopher Nolan ကတော့ Tom Shore ရဲ့ စာအုပ်သစ် Nolan Variations to 92Y ပရိုမိုးရှင်းပွဲမှာ ဒီအချက်နဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောသွားခဲ့ပါတယ်။ Nolan က Batman ရဲ့မူလဇာတ်ကြောင်းကို ရုပ်ရှင်တွေထဲမှာ ဘယ်တုန်းကမှ မဖော်ပြထားသလို comics ထဲမှာလည်း အတိအကျ ဖော်ပြလေ့ မရှိဘူးလို့ ဆိုပါတယ်။ Batman version တွေအတွက် ဘယ်လိုတိတိကျကျလိုက်နာရမယ်ဆိုတဲ့ အချက်တွေမပါရှိဘဲ ရုပ်ရှင်သမိုင်းမှာ ကွာဟမှုရှိနေတယ်လို့ သူကရှင်းပြခဲ့ပါတယ်။
View this post on Instagram
ရှေ့ကိုကြည့်စရာ ကြိုတင်ဆွဲထားတဲ့ template လည်းမရှိခဲ့တဲ့အတွက် Nolan ဟာ The Dark Knight Trilogy မှာ တီထွင်ဖန်တီးမှုအပြည့်အဝရခဲ့ပါတယ်။ စတူဒီယိုကိုလည်း သူရဲ့လုပ်ဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ဒီစီးရီးဟာ ယနေ့ခေတ် စူပါဟီးရိုးဇာတ်ကားတွေတွေ့ကြုံနေကျဖြစ်တဲ့ စတူဒီယိုရဲ့ဝင်ရောက်စွက်ဖက်မှုမပါဘဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
View this post on Instagram
နိုလန်က “အဲ့ဒီတုန်းက ကျွန်တော်တို့အတွက် ရှိခဲ့တဲ့အားသာချက်တစ်ခုက sequel တွေကြားထဲမှာ အချိန်ပိုယူလို့ရတာပါပဲ။ Batman Begins ကိုစရိုက်တုန်းက (၃)နှစ်လောက် အချိန်ယူခဲ့ပါတယ်။ The Dark Knight ဇာတ်ကားထွက်ဖို့ (၄)နှစ်လောက်ကြာတယ်။ ကျွန်တော်တို့မှာ အချိန်တွေအများကြီးရပါတယ်။ စက်ထဲက ထွက်လာသလိုမျိုး မခံစားရဘူး။ ရုပ်ရှင်ဟာ အရမ်းအောင်မြင်လာပြီဆိုတာနဲ ဖိအားတွေကလည်း ပိုပိုများလာတာပါပဲ။ အဲ့ဒီတုန်းကတော့ အချိန်ကောင်းဖြစ်ခဲ့ပါတယ်။” လို့ ဆိုခဲ့တာကိုလည်း winteriscoming အရ သိရပါတယ်။
ShweMom