နှစ်သစ်ကူးညမှာ အမှိုက်ကီလို(၉၀၀၀)နီးပါး လိုက်လံရှင်းလင်းခဲ့ရတဲ့ ကွာလာလမ်ပူမြို့

Facebook/Alam Flora

နှစ်သစ်ကူးညဆိုတာ လူတိုင်းလိုလိုအပျော်အပါးတွေနဲ့ ပြည့်နှက်နေကြပါတယ်။ပါတီတွေ၊မီးပုံပွဲတွေ၊ရှိုးပွဲတွေ အစရှိတဲ့ ပွဲလမ်းသဘင်ပေါင်းများစွာနဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေဟာ နှစ်သစ်ကူးအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် အလုပ်ရှုပ်နေကြမှာ ကျိန်းသေပါတယ်။

Alam Flora- Facebook

ဒီလိုပဲ ကွာလာလမ်ပူမြို့မှာရှိတဲ့လူတွေလဲအတူတူပါပဲ။တချို့က အိမ်မှာပဲ ပါတီပွဲတွေ ကျင်းပကြသလို အချို့ကလဲ မီးရှုးမီးပန်းတွေဖောက်တာကြည့်ကြဖို့ လမ်းမပေါ်မှာ နေရာအသီးသီးယူထားကြပါတယ်။ဒါပေမယ့် မလေးရှားကလူတွေတော်တော်များများဟာ ပျော်ပါးဖို့ပဲသတိရကြပြီး အဲဒီပျော်ပါးခြင်းရဲ့နောက်ကွယ်က ကျန်ရှိခဲ့မယ့် အမှိုက်တွေကို ဘယ်လိုရှင်းမလဲဆိုတာ မေ့လျော့သွားတဲ့ပုံပါပဲ။ဒီလို အကြောင်းအရာတွေကို သေသေချာချာထောက်ပြခဲ့တာ Harian Metroနဲ့ Alam Floraသတင်းဌာနကပဲ ဖြစ်ပါတယ်။

Alam Flora- Facebook

နှစ်သစ်ကူးညပြီးဆုံးသွားတဲ့အချိန် ကွာလာလမ်ပူမြို့လမ်းမထက်မှာ အမှိုက်သရိုက်တွေ မြောက်မြားစွာက ပြန့်ကျဲ ရှုတ်ပွလို့နေပါတယ်။နှစ်ကူးညမှာပျော်ပါးလို့ပြီးသွားတဲ့သူတွေဟာ အိပ်စက်အနားယူဖို့ပြန်သွားတဲ့အချိန်မှာ မအိပ်စက်ပဲ ဒီလိုအမှိုက်တွေကို ရှင်းလင်းပေးဖို့တာဝန်က ဘယ်သူတာဝန် ဖြစ်လောက်မယ် ထင်ပါသလဲ?

Alam Flora-Facebook

သန့်ရှင်းရေးဝန်ထမ်းအယောက်၁၀၀ကျော်ဟာ ကွာလာလမ်ပူမြို့ လမ်းမထက်မှာရှိတဲ့ အမှိုက်တွေကို ညတွင်းချင်းအချိန်မှီရှင်းလင်းခဲ့ရပါတယ်။အမှိုက်တွေရဲ့အလေးချိန်ဟာ စုစုပေါင်းအလေးချိန် ကီလို၉၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။ဒါကြောင့် နောက်လာမယ့် နှစ်သစ်ကူးညတွေမှာလည်း လမ်းမထက်မှာပျော်ပါးပြီးခဲ့ရင် ကိုယ့်ရဲ့အမှိုက်တွေကို စည်းကမ်းတကျစွန့်ပစ်ပြီး တန်ဖိုးရှိအောင်နေဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

READ
တိုက်ရိုက်အသံလွှင့်နေတုန်း အိမ်ပြန်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူ

Alam Flora-Facebook

Pyi Hein Kyaw

SHARE