ပျော်စရာပွဲတိုင်းမှာ “သူ”မပါရင်မဖြစ်တဲ့ Coca-Cola ရဲ့ပျော်စရာအခိုက်အတန့်များ

သူငယ်ချင်းတွေ တူတူဆုံပြီး မုန့်လုပ်စားကြရင်ပဲဖြစ်ဖြစ်၊ အိမ်မှာ တစ်ခုခုပျော်စရာလေးရှိလို့ စားပွဲသောက်ပွဲလေး လုပ်ကြရင်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာတောင် မသိလိုက်ဘဲ အမြဲတမ်း ရွေးချယ်မိတာက Coca-Cola ပါ။ ပျော်စရာတစ်ခုခုကို အစားအသောက်လေးနဲ့ ကျင်းပတော့မယ်ဆိုတာနဲ့ Coca-Cola လေးက ပါလိုက်ရမှ ပိုပြီးမုဒ်ဝင်တတ်တာ အံ့သြစရာပါနော်။ ပျော်ရွှင်စရာအချိန်တိုင်းမှာ ကိုယ်တိုင်သတိမထားမိဘဲ အမြဲပါလာနေတဲ့ Coca-Cola ဟာ မြန်မာ့ရိုးရာပွဲတော်တွေမှာလည်း အထင်ကရ ပါဝင်လာတာကို တွေ့ရပါတယ်။

Coca-Cola က ကြော်ငြာလေးတွေကို ကြည့်ရတဲ့အခါ ကြော်ငြာမှန်းသိနေပေမယ့် စိတ်ထဲမှာ အလိုလိုနေရင်း ပျော်ရွှင်ကြည်နူးမှုကို ခံစားမိတာကလည်း ထူးဆန်းပါတယ်။ ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ မရိုးနိုင်အောင် တွေ့ရတဲ့ သူ့ရဲ့ကြော်ငြာလေးတွေကနေ တွေးတောစရာတွေကိုလည်း ပေးပါတယ်။ ဘ၀ရဲ့အချိန်တွေကို ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းပြီး ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကို ဂရုစိုက်ကြင်နာမှုအပြည့်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပါးပါးနပ်နပ်လေး ဖော်ပြတတ်တာ တွေ့ရပါတယ်။ ကိုယ့်ဘ၀ရဲ့ခဏတာ အချိန်တိုင်းကို တန်ဖိုးထားပြီး ပျော်ရွှင်စွာ နေထိုင်သွားဖို့နဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံးဖော်ပြတတ်ဖို့လည်း လှုံ့ဆော်ပေးတတ်ပါတယ်။

READ
သင့်မျက်နှာမှာ ဆွဲဆောင်မှုအရှိဆုံးက ဘာလဲ ?

ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာဆိုရင်လည်း သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ အနားယူ၊အပန်းဖြေရာ ပျော်ရွှင်စရာ နေရာလေးအဖြစ် Coca-Cola ကနေ ကျင်းပပေးခဲ့ပါသေးတယ်။ ပြည်သူ့ရင်ပြင်ထဲက စမ်းချောင်းသာမှာ ပြုလုပ်ခဲ့တဲ့ Coca-Cola Summer Oasis 2018 ဆိုရင် ရိုးရိုးသာမန် သင်္ကြန်မဏ္ဍပ်တစ်ခုလိုမျိုး မဟုတ်ဘဲ ဖျော်ဖြေရေးအစုံ၊ စိတ်လှုပ်ရှားစရာ ဂိမ်းအစီအစဉ်တွေနဲ့ တကယ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ဧပြီနွေအပူချိန်ကို အန်တုပြီး သင်္ကြန်အလည်ထွက်ကြသူတွေအတွက် နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ ၀င်ရောက်အနားယူရင်း ဂိမ်းမျိုးစုံ၊ ဖျော်ဖြေရေး မျိုးစုံကို ပါဝင်ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးထားတာက စိတ်ကျေနပ်စရာပါ။ Coca-Cola ဟာ 2018 FIFA World Cup Russia ရဲ့ official partner လည်း ဖြစ်တာကြောင့် ဘောလုံးအားကစားအပေါ် အခြေခံပြီးပွဲကို သရုပ်ဖော်ထားတာကလည်း တော်တော်လေး နှစ်သက်စရာပါ။

စိတ်လှုပ်ရှားစရာကောင်းတဲ့ သဲ bump ball ကစားနည်းတွေ၊ ရေမြှုပ်ကစားနည်းတွေနဲ့ အခြားကစားနည်းမျိုးစုံကို မည်သူမဆို ၀င်ရောက်ဆော့ကစားနိုင်သလို Ar-T၊ အိမ့်ချစ်၊ နေမင်းအိမ်၊ ပိုးမီနဲ့ DJ The Kendrick ၊ DJ Double U ၊ Mr.Y ၊ DJ Icez တို့ရဲ့ အမိုက်စားဖျော်ဖြေရေးတွေနဲ့ အပီကဲခဲ့ကြတာကလည်း သင်္ကြန်အတွက် တကယ်ပျော်စရာဖြစ်ခဲ့ပါတယ်။ ၀င်ကြေးကလည်း အခမဲ့ဆိုတော့ အများပြည်သူ အားလုံးပါဝင်နိုင်တဲ့ သင်္ကြန်ပွဲတော်အဖြစ် ပျော်စရာတွေ ဖန်တီးနိုင်ခဲ့ကြပါတယ်။

READ
ဘဝမှာပျော်ရွှင်ပြီး အောင်မြင်ဖို့ အရမ်းအရေးကြီးတဲ့ အချက်(၅)ချက်

ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးတတ်ဖို့ အမြဲတမ်း အတွေးအမြင်သစ်တွေ ဖော်ပြနေတဲ့ Coca-Cola ရဲ့ ထုံးစံအတိုင်းပဲ ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမှုမရှိဘဲ ချစ်စဖွယ် သင်္ကြန်ပွဲတော်အဖြစ် ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာတို့ရဲ့ အထင်ကရ အဖြစ်ဆုံး၊ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ အစည်ကားဆုံး သင်္ကြန်ပွဲမှာ အခုလိုဖျော်ဖြေရေးနဲ့ ပျော်ရွှင်စရာတွေ ဖန်တီးပေးခဲ့သလိုပဲ နောက်လာမယ့် မြန်မာ့ရိုးရာပွဲတော်တွေမှာလည်း ဘယ်လိုဆန်းသစ်ပြီး ပျော်စရာကောင်းတဲ့ ပွဲတွေကို ကျင်းပပေးဦးမလည်းဆိုတာကတော့ စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။

Sponsored by Coca-Cola

SHARE