UFC လောကကနေ အနားယူတော့မယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တဲ့ Conor McGregor

[email protected]

UFC လောကရဲ့ ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Conor McGregor ကိုတော့ လူတိုင်းနီးပါး သိကြမှာပါ။ Conor ဟာ ပြိုင်ဖက်ကို ထိုးသတ်တဲ့နေရာမှာလည်း သူမတူချန်ပီယံတစ်ယောက်ဖြစ်သလို MMA ပွဲတွေမထိုးခင် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြိုင်ဖက်ကစားသမားကို မခံချင်လာအောင် ရန်စတဲ့နေရာမှာလည်း ချန်ပီယံတစ်ဦးဖြစ်ပါတယ်။ အခုလက်ရှိ မကြာသေးခင်က Conor ဟာ သူ့ရဲ့ Twitter အကောင့်မှတစ်ဆင့် မကြာခင်အချိန်အတွင်း သူအနားယူတော့မယ့်အကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့တယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၃၁ နှစ်သာရှိသေးတဲ့ Conor ဟာ အခုလို ငယ်ရွယ်သေးတဲ့အချိန်မှာ အနားယူတော့မယ်ဆိုတဲ့သတင်း ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ ပရိသတ်တစ်ချို့က စိတ်ပူနေကြပါတယ်။ ဒါပေမယ့် သူ့အကြောင်းသိပြီးသား ပရိသတ်တွေကတော့ စိတ်မပူကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီတစ်ခါနဲ့ဆိုရင် Conor တစ်ယောက် အနားယူတော့မယ်ဆိုပြီး ပြောခဲ့တာ နောက်ဆုံး(၄)နှစ်အတွင်းမှာ (၃) ကြိမ်မြောက် ရှိနေပြီ ဖြစ်လို့ပါ။

READ
79 ပေ အရှည်ရှိသည့်ဝေလငါးကြီး အမေရိကန်ကမ်းရိုးတမ်းတွင်သောင်တင်

https://www.instagram.com/p/CASoi0dpxSL/

ပထမဦးဆုံးကြေညာတာကတော့ ၂၀၁၆ ခုနှစ်တုန်းကပါပဲ။ အဲဒီအချိန်တုန်းကလည်း Twitter ကနေပြီးတော့ ငယ်ငယ်ရွယ်ရွယ်စောစောစီးစီး အနားယူတော့မယ်ဆိုပြီး သတင်းလွှင့်ခဲ့ပြီး သိပ်မကြာခင်မှာပဲ MMA ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ မတ်လ ၂၀၁၉ ခုနှစ်ကပါပဲ။ အဲဒီတုန်းက ပြိုင်ဖက် MMA ကစားသမားတစ်ယောက်ဖြစ်တဲ့ ရုရား MMA ကစားသမား Khabib Nurmagomedov နဲ့ ပွဲအတွင်းရန်ဖြစ်မှုနဲ့ Conor ကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နဲ့ ပွဲပယ်ပြစ်ဒဏ် ၆လ၊ Khabib ကိုတော့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ နဲ့ ပွဲပယ်ပြစ်ဒဏ် ၉လ ချမှတ်ခံခဲ့ရပါတယ်။

https://www.instagram.com/p/CA-50ZhJIlc/

အဲဒီနောက်ပိုင်းမှာ Conor တစ်ယောက် MMA ကစားသမားဘဝက အနားယူတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ဒီ ၂၀၂၀ ခုနှစ်အစောပိုင်းမှာတင် Donald Cerrone နဲ့ ပြန်လည်ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနားယူတော့မယ်ဆိုပြီး သူကိုယ်တိုင်ထုတ်ပြန်ခဲ့တဲ့ သတင်းအပေါ်မှာတော့ သူ့ပရိသတ်တွေကတော့ တကယ်ပဲ အနားယူတော့မလားဆိုပြီး အနည်းနဲ့အများ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတာကတော့ အမှန်ပါပဲ။

READ
ဝက်ဝံနဲ့တူတဲ့ခွေးတစ်ကောင်ကို လူတွေစိတ်ဝင်စားမှု များပြားနေ

Pyi Hein Kyaw

SHARE