Pfizer နဲ့ BioNTech ကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ အသက်၆၅နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေအတွက် ၉၄ရာခိုင်နှုန်းကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ၄င်းတို့ရဲ့စမ်းသပ်ဆဲအဆင့်မှာ ထွက်လာတဲ့အချက်အလက်တွေအရ ဒီကာကွယ်ဆေးဟာ အသက်အရွယ်မရွေး လူမျိုးမရွေးအားလုံးပေါ်မှာ ကောင်းကောင်းအလုပ်လုပ်တယ် ဆိုပါတယ်။ အခုဆိုရင်တော့ ကုမ္ပဏီတွေဟာ အမေရိကန်နိုင်ငံမှာ အရေးပေါ်ကာကွယ်ဆေးထိုးခွင့်ရဖို့ လျှောက်ထားနေပါတယ်။
ဆေးစမ်းသပ်ချက်ထဲမှာတော့ တစ်ကမ္ဘာလုံး လူအယောက် ၄၁,၀၀၀ ပါဝင်ပါတယ်။ ဒီလူတွေထဲက တစ်ဝက်ကိုတော့ ကာကွယ်ဆေးထိုးပေးပြီး အခြားတစ်ဝက်ကိုတော့ မိုးရေထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ Pfizer နဲ့ BioNTech ကုမ္ပဏီက ကနဦးဒေတာရလဒ်တွေကို ထုတ်ပြန်ခဲ့ရာမှာ ကာကွယ်ဆေးဟာ Covid-19 ကို ၉၀ရာခိုင်နှုန်းကာကွယ်ပေးတယ်ဆိုတာ သိရှိရပြီး ဘေးထွက်ဆိုးကျိုးနည်းပါးတယ်လို့ဆိုပါတယ်။
View this post on Instagram
ဒီကာကွယ်ဆေးဟာ ကိုဗစ်ကို ၉၅ ရာခိုင်နှုန်းကာကွယ်ပေးတယ်ဆိုတဲ့ အမေရိကန်ကုမ္ပဏီ Moderna ကာကွယ်ဆေးနဲ့ ရုရှားထုတ် Sputnik ဆေးတို့ထွက်ရှိပြီးနောက်ပိုင်းမှာ နောက်ဆုံးထွက်လာတာဖြစ်ပါတယ်။ Pfizer နဲ့ BioNTech တို့ရဲ့ ဗုဒ္ဓဟူးနေ့တုန်းက ရရှိခဲ့တဲ့ ဒေတာတွေအရတော့ ကာကွယ်ဆေးဟာ ကိုဗစ်ဖြစ်နိုင်ခြေရှိတဲ့ လူအယောက် ၁၇၀ ကိုစမ်းသပ်ခဲ့ရာမှ ၉၅ ရာခိုင်နှုန်းအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေထဲက လူ ၈ ယောက်ကိုသာ ကာကွယ်ဆေးထိုးပေးခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ မိုးရေထိုးပေးခဲ့ရာမှာ ကာကွယ်ဆေးဟာ အလုံအလောက်အာနိသင်ရှိတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
View this post on Instagram
ဗိုင်းရပ်စ်ကူးစက်နိုင်ခြေများပြီး ကိုယ်ခံအားစနစ်အားနည်းတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း အထက်ပါအတိုင်း စမ်းသပ်ခဲ့ရာမှာ ကာကွယ်ဆေးဟာ ကောင်းမွန်စွာအလုပ်လုပ်ကြောင်း တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးခဲ့သူ လူငယ်တွေရဲ့ ၂ ရာခိုင်နှုန်းကတော့ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတွေတွေ့ရှိရပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ side effects အနည်းဆုံးရှိနေတာကို တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အခုလို ဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေးအမျိုးမျိုးပေါ်ထွန်းလာခြင်းဟာ သိပ္ပံပညာအတွက်မှတ်ကျောက်တစ်ခုလို့ဆိုခဲ့ကြောင်း BBC သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom