တစ်အိမ်လုံး ချောကလက်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ သွားရည်ယိုဖွယ် အိမ်လေး

ပြင်သစ်နိုင်ငံ မြို့တော် ပါရီကနေ နာရီဝက်လောက် သွားလိုက်ရင် Sèvres ဆိုတဲ့ ပါရီမြို့စွန် တစ်နေရာကို ရောက်ရှိမှာပါ။ အဲ့ဒီမှာတော့ ချောကလက် ချစ်သူတွေကို မျက်လုံးမခွာနိုင်အောင် အကြိုက်တွေ့စေမယ့် ရိပ်မြုံလေးတစ်ခု ရှိပါတယ်။ ၄င်းချောကလက်ရိပ်မြုံလေးကို ဖန်တီးသူကတော့ ပြင်သစ်လူမျိုး ပန်းပုပညာရှင် Jean-Luc Decluzeau ဆိုသူပါ။ တစ်အိမ်လုံးကို ချောကလက် တန်ချိန် (၁.၅) တန်သုံးထားပြီး အကုန်လုံးစားလို့ရပါတယ်။ သွားရည်ယိုဖွယ် ချောကလက်အိမ်လေးအကြောင်း ဆက်ကြည့်ကြရအောင်။

Booking.com
Booking.com

ချောကလက် တစ်ထပ်အိမ်ကလေးဟာ (၁၈) စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ အိမ်ထဲမှာ ဧည့်သည်(၄) ယောက်လောက် ကောင်းကောင်း နေထိုင်လို့ ရပါတယ်။ အိမ်ပြင်မှာ အဖြူရောင်ချောကလက်ရည်တွေနဲ့ ပြည့်နေတဲ့ ကန်ငယ်လေးတစ်ကန် ရှိပါတယ်။ ကန်လေးရဲ့ ဘေးမှာတော့ ချောကလက်ပန်းခင်းလေးတွေ ရှိပါတယ်။ အိမ်ထဲမှာရှိတဲ့ နံရံတွေနဲ့ ခေါင်မိုးက စလို့ မီးလင်းဖို၊ အံ့ဆွဲ၊ မီးပန်းဆိုင်း၊ ခွက်နဲ့ စာအုပ်တွေအဆုံး ချိုမြတဲ့ အရသာရှိတဲ့ ချောကလက်သားတွေနဲ့ လုပ်ထားတာချည်းပါပဲ။

READ
ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာတဲ့ Purple Island
Booking.com
Booking.com

ချောကလက်အိမ်လေးထဲမှာ အိပ်စက် အနားယူချင်တဲ့သူတွေအဖို့ နှစ်ညတာ အိပ်စက်ခွင့်ကို Booking.com ၀က်ဆိုက်ဒ်က ပြုလုပ်ပေးနေပြီး တစ်ဦးကို ဒေါ်လာ(၅၉) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ အိမ်ကလေးဆီ ရောက်တဲ့အခါ Decluzeau က ဧည့်သည်တော်တွေကို ကိုယ်တိုင်ကိုယ်ကျ ချောကလက်အိမ်သေးလေးတွေ ပြုလုပ်နည်းကို အမှတ်တရ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။

Booking.com
Booking.com

Decluzeau က “ကျွန်တော် ဘယ်တုန်းကမှ လူနေထိုင်လို့ရမယ့် ချောကလက်အိမ်မျိုး ဖန်တီးဖို့ စိတ်မကူးဖူးဘူး။ အခုလို အိမ်လေးဆောက်ပြီး ကျွန်တော် ချောကလက် ဘယ်လောက်နှစ်သက်ကြောင်း အများသိအောင် ပြောပြရတာ တကယ်ပျော်မိပါတယ်။ အိမ်လေးဆီ လာလည်တဲ့ ဧည့်သည်တွေလည်း ကျွန်တော့ ချောကလက် အိမ်လေးကို သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။

Booking.com
Booking.com
Booking.com
Booking.com
Booking.com
Booking.com

လင်းလင်း (ShweMom)

READ
အနားနီးမှကပ်ပြီး ခရီးထွက်တတ်သူတွေအတွက် အကုန်ကျအနည်းဆုံးဖြစ်စေမယ့် နည်းလမ်းများ

Ref: shared

SHARE