Cosplay ဝတ်ပြီး Pre-wedding ဓာတ်ပုံရိုက်ခဲ့တဲ့ ထူးထူးခြားခြားစုံတွဲ

Miss Saigon ဇာတ်ကားရိုက်နေရင်း ချစ်ကြွမ်းဝင်ခဲ့ကြတဲ့ ဂျက်ကီငုယင် နဲ့ ဂျက်ဟန်လေတို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲအတွက် Pre-Wedding ဓာတ်ပုံကို တမူထူခြားအောင် ရိုက်ကူးခဲ့ပါတယ်။ သူတို့စတင်တွေ့ဆုံတဲ့နေရာဟာ ရုပ်ရှင်ရိုက်ကွင်းပေါ်မှာဆိုတာ အမြဲအမှတ်တရရှိစေဖို့ ဂျက်ကီနဲ့ ဂျက်တို့နှစ်ဦးဟာ သူတို့နှစ်သက်တဲ့ ရုပ်ရှင်နဲ့ တီဗီစီးရီးတွေထဲက ဇာတ်ကောင်တွေပုံစံအတိုင်း Cosplay ၀တ်ပြီး ဓာတ်ပုံရိုက်ခံခဲ့တာပါ။

buzzfeed : Captain America

“ကျွန်မနဲ့ ကျွန်မရဲ့လက်တွဲဖော် နှစ်ယောက်စလုံးက Pre-Wedding ဓာတ်ပုံတွေကို သမရိုးကျလည်း မဖြစ်စေချင်ဘူး။ သူများထက်လည်း ထူးခြားချင်တယ်။ ပြီးတော့ ကျွန်မတို့ လုပ်နေတဲ့ လုပ်ငန်းခွင်နဲ့ ပတ်သတ် တာမျိုးလည်း ဖြစ်စေရမယ်ဆိုပြီး တူတူစဉ်းစားခဲ့တာပါ ” လို့ Cosplpay ၀တ်ပြီး ဓာတ်ပုံရိုက်ရတဲ့ အကြောင်း အရင်းကို ရှင်းပြခဲ့ပါတယ်။

READ
ငယ်ငယ်ကဓါတ်ပုံတွေနဲ့ အစ်မဖြစ်သူကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သင်ဇာဝင့်ကျော်မောင်လေး
Buzzfeed : The Office

ငုယင်က ဒီ cosplay အကြံကို သူမခင်ပွန်းလောင်း ဂျက်ကို ပြောပြလိုက်ချိန်မှာ ဂျက်ကလည်း ချက်ချင်းသဘောတူခဲ့ပါတယ်။ အဲဒီအကြောင်းကို ငုယင်က “နဂိုအတွေးကတော့ ကျွန်မတို့နှစ်ယောက် Harry Potter နဲ့ Thor ပုံစံ Cosplay ၀တ်ပြီး အတူတူဓာတ်ပုံရိုက်ခံဖို့ပါ။ အဲဒီနောက်မှာတော့ ကျွန်မတို့ Cosplay လုပ်ချင်တဲ့ တစ်ခြားဇာတ်ကောင်တွေအကြောင်းပါ တိုင်ပင်မိကြပြီး နှစ်ယောက်စလုံး အရမ်းပျော်ခဲ့ကြပါတယ် ”လို့ ဖွင့်ဟခဲ့ပါတယ်။

Buzzfeed : Jurassic Park

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်စလုံး စိတ်ကြိုက်ရုပ်ရှင်နဲ့ တီဗီစီးရီး(၁၁)ခုရွေးချယ်ခဲ့ကြပြီး အဲဒီထဲက ဇာတ်ကောင်တွေ ပုံစံအတိုင်း Cosplay ၀တ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Buzzfeed : Jurassic Park

ဓာတ်ပုံအရိုက်ခံဖို့ လိုအပ်တဲ့ဝတ်စုံတွေကိုတော့ တစ်နှစ်လောက်အချိန်ယူ စုဆောင်းခဲ့ရပြီး  နယူးယောက်မြို့မှာရှိတဲ့ အဟောင်းဆိုင်တွေ ၊ ပြဇာတ်ရုံမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေနဲ့ ဟော်လိုဝင်းပွဲတော်အပြီးမှာ ဈေးချရာင်းတဲ့ ဆိုင်တွေကနေ ရရှိခဲ့တာပါ။ လိုအပ်တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေအားလုံးကိုလည်း ငုယင် ကိုယ်တိုင် ဖန်တီးပေးတာ ဖြစ်ပါတယ်။

READ
ဆရာကြီးနှစ်ယောက်ရဲ့ ပညာသားပါလွန်းတဲ့ စနူကာပြိုင်ပွဲ
Buzzfeed: Titanic

တစ်ချို့ဓာတ်ပုံတွေမှာဆိုရင် ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းရိုက်ကူးထားတဲ့ နေရာအတိုင်း ထပ်တူကျအောင် ရိုက်ကူးထားတာကို တွေ့ရမှာပါ။

Buzzfeed : Back To The Future
Buzzfeed: Home Alone

ဒီအကြောင်းနဲ့ ပတ်သတ်ပြီးလည်း ငုယင်က “ကျွန်မတို့ ရွေးချယ်ထားတဲ့ ရုပ်ရှင်၊ တီဗီစီးရီးတွေဟာ ကျွန်မတို့ရဲ့ ဘ၀မှာ အရေးပါပါတယ်။ ကျွန်မတို့ နှစ်ယောက်စလုံး ဒီရုပ်ရှင် ၊ တီဗီစီးရီးတွေမှာပါတဲ့စကားလုံးတွေကို နေ့စဉ်ဘ၀ထဲမှာ ကိုးကားပြောဆိုလေ့ရှိပြီး ဖြစ်နိုင်မယ်ဆို အဲဒီဇာတ်ကောင်တွေနဲ့တောင် လက်တွေ့ဘ၀မှာ တွေ့ချင်ပါတယ်” လို့ သူမရဲ့ ဆန္ဒကို ပြောကြားခဲ့ပါတယ်။

Source : Buzzfeed

ZARNI

SHARE