ရင်သွေးလေးရှေ့မှာ ၀ပ်တုပ်ပြီး နူးညံ့တဲ့အပြုအမူကို ပြသခဲ့တဲ့ ခြင်္သေ့ကြီး

facebook/Denver Zoo

အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်မှာရှိတဲ့ ဒန်ဗာတိရစ္ဆာန်ရုံဟာ မွေးကာစရင်သွေးလေးကို ၀ပ်တုပ်ပြီး ချစ်ခင်စွာကြည့်နေတဲ့ ခြင်္သေ့ကြီးတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်ကို အွန်လိုင်းမှာမျှဝေခဲ့ကြောင်း Boredpanda ကတဆင့် သိရပါတယ်။ (၂၀၁၉) ခုနှစ် စက်တင်ဘာ(၆) ရက်နေ့က ရှဲခဲ့တဲ့ ၄င်းဗီဒီယိုထဲမှာတော့ ခြင်္သေ့ပေါက်လေးဟာ သူ့အခန်းလေးထဲမှာ ဆော့ကစားနေခဲ့တာပါ။

facebook/Denver Zoo

ဗီဒိယိုထဲမှာတော့ ခြင်္သေ့ပေါက်လေးကို ဦးစားပေးပြီး ပြထားပေမယ့် တကယ်ကြည်နူးဖွယ်ကောင်းတဲ့ အခိုက်အတန့်လေးကတော့ ခြင်္သေ့ပေါက်လေးနဲ့ သူ့ဖခင် ခြင်္သေ့ကြီးတို့ တွေ့ဆုံတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ခြင်္သေ့ကြီးဟာ သူ့ကလေးရှေ့မှာ ကိုယ်ကို ရှေ့ကို စင်းပြီး နူးညံ့တဲ့အပြုအမူနဲ့ ၀ပ်တွားနေခဲ့တာ ဖြစ်ပါတယ်။ ဒီအခိုက်လေးကို ပြတဲ့အချိန်လေးက ဘယ်လောက်မှ မကြာပေမယ့်လည်း ခြင်္သေ့ကြီးရဲ့ ရင်သွေးလေးအပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဖခင်စိတ်ကို မြင်နိုင်ပါတယ်။ ခြင်္သေ့ကြီးကတော့ အသက်(၂) နှစ်ရှိပါပြီ။

facebook/Denver Zoo

ခြင်္သေ့ပေါက်လေးကိုတော့ နာမည်မပေးရသေးပါဘူး။ လက်ရှိမှာတော့ ခြင်္သေ့ပေါက်လေးအတွက် ဆန်ကာတင်နာမည်တွေအဖြစ် Meru (တန်ဇန်းနီးယားရှိ တောင်အမည်) ၊ Moremi (ဘော့်စ၀ါနာက သစ်တောကြိုးဝိုင်းအမည်) နဲ့ Tatu (ဆွာဟီလီဘာသာစကားအရ နံပတ်သုံး) တို့ပဲ ဖြစ်ကြပါတယ်။ ဒီနာမည်တွေထဲက တစ်ခုကိုတော့ မဲနဲ့ရွေးချယ်ပြီး ခြင်္သေံ့ပေါက်လေးကို အမည်ပေးမယ်လို့လည်း သိရပါတယ်။

Cubdate 5!

This week's Meru, Moremi or Tatu #cubdate comes with some exciting news: the cub has met his dad, Tobias, and big sister Kamara! Already 12 lbs, this little lion is climbing up the ranks in the world – as in he literally loves climbing everything and that includes Aunt Sabi and Kamara! Want to help us name him? Stop by the Zoo to cast your vote or make a donation online! Here's how: https://bit.ly/2ZDtJ4O

Posted by Denver Zoo on Friday, September 6, 2019

လင်းလင်း (ShweMom)

SHARE