Fifty Shades of Greyဇာတ်ကားတွေအတွက် နောင်တရမိတဲ့Dakota Johnson

Fifty Shadesဟာ စာအုပ်ထွက်ခဲ့တုန်းက အရမ်းအောင်မြင်ခဲ့သလို ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။ အလားတူ
စွာပဲ ရုပ်ရှင်မှာလည်း အောင်မြင်သလို ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့
တဲ့ Dakota Johnsonက နောက်ထပ်ဇာတ်လမ်းတွဲဖြစ်တဲ့ Fifty Shades Darker နဲ့ Fifty Shades Freedတို့
ကိုဆက်လက်ရိုက်ကူးနေပါတယ်။

သူမက သူမအဝတ်ဗလာနဲ့ရိုက်ရတဲ့အခန်းတွေကို စိတ်မပါကြောင်းပြောခဲ့ပါတယ်။ “ကျွန်မတို့က ဇာတ်လမ်းထဲမှာရိုက်
ပြထားသလို တကယ်ချစ်တင်းနှောနေတာမဟုတ်ဘူးလေ။ အတုအယောင်ဟန်ဆောင်နေရတာပါ။ ဒီတစ်ခါတော့
ကျွန်မတကယ်ကို စိတ်ကုန်နေပါပြီ”လို့ သူမကဖွင့်ဟခဲ့ပါတယ်။

dakota-johnson-759

2017 ဖေဖော်ဝါရီလမှာ Fifty Shades Darkerကိုရုံတင်သွားမှာဖြစ်ပြီး သူမရဲ့ရုပ်ရှင်ကိုလုံးဝမကြည့်မယ့်သူတစ်
ယောက်ရှိနေပါတယ်။ ထိုသူကတော့ သူမရဲ့အဖေဖြစ်တယ်လို့ဖွင့်ဟခဲ့ပါတယ်။ သူမဟာ ဒီနှစ်ထဲမှာထွက်ခဲ့တဲ့ဟာသ
ကားတစ်ခုဖြစ်တဲ့ How to be single မှာပါဝင်ခဲ့ပေမယ့် သူမကိုသူမတကယ့်မင်းသမီးတစ်ယောက်လို ခံစားဖို့ခက်
ခဲနေတယ်လို့ ဆိုခဲ့ပါတယ်။

READ
James Bond ရဲ့ 007 ကုတ်ကို လွှဲပြောင်းယူတော့မယ့် ပထမဆုံးသော အမျိုးသမီးသရုပ်ဆောင်

“ကျွန်မဘာတွေလုပ်နေမှန်းတောင် ကျွန်မမသိတော့ပါဘူး။ ကျွန်မရဲ့ဘဝကဘယ်လိုဖြစ်မယ်ဆိုတာလည်း မပြောတတ်
တော့ဘူး။ ကျွန်မ ရုပ်ရှင်တွေတော့ ဆက်ရိုက်ရင်ရိုက်သွားမှာပါ။ ဒါပေမယ့် ကျွန်မဘဝက တစ်ခါတစ်လေ အရမ်းမွန်း
ကျပ်ပါတယ်။ ကျွန်မလုပ်နေတာတွေက ဘယ်ကိုသွားနေလဲဆိုတာလဲ မသိသလို ကျွန်မဘာဆက်လုပ်သင့်သလဲဆို
တာလည်း မစဉ်းစားတတ်တော့ပါဘူး” လို့ သူမကပြောကြားခဲ့ပါတယ်။

Source:etonline

shwemom-post-photo-1-1

SHARE