မိခင်ဆီကို မက်ဆေ့ခ်ျမှားပို့မိလို့ ရယ်စရာဖြစ်ခဲ့တဲ့ရတဲ့ ဘက်ခမ်း

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ မကြာသေးခင်က မကာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဘက်ခမ်းဟာ ယူကေကို ပြန်ရောက်လာခဲ့ပြီးနောက် (၂)နိုင်ငံရဲ့ စံတော်ချိန်တွေ ကွဲလွဲနေမှုကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့တာ သိသာပါတယ်။

https://www.instagram.com/p/BiD7zLSnqGw/?utm_source=ig_embed

ယူကေနဲ့ မကာအိုကြား လေယာဉ်ခရီးစဉ်တွေဟာ များသောအားဖြင့် (၁၆)နာရီလောက် ကြာမြင့်တတ်တာကြောင့် ဘက်ခမ်းလည်း တော်တော်နွမ်းနေခဲ့မှာပါ။ သူစိတ်နဲ့ကိုယ်နဲ့ မကပ်လို့ ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကတော့ ရယ်စရာလေးဖြစ်သွားခဲ့ပါတယ်။ ဖြစ်ပုံကတော့ စံတော်ချိန်တွေ ကွဲနေမှုကြောင့် လွင့်နေခဲ့တဲ့ ဘက်ခမ်းဟာ သူ့မိခင်ဆန်ဒရာရဲ့ စာကို ပြန်ခဲ့တဲ့အခါမှာပါ။ မိခင်ဆန်ဒရာပို့ခဲ့တာ စာကတော့ “ဟိုင်း သားအိမ်မှာ ရှိလား သိချင်လို့” ဆိုပြီး ရိုးရိုးလေးပဲဖြစ်ပါတယ်။

REX FEATURES

ဘက်ခမ်းပြန်ပို့ခဲ့တဲ့စာကတော့ “ဟေး အလန်းလေးရေ၊ ဒီမနက်ပဲ ပြန်ရောက်တယ်၊ ခဏနေ အိပ်တော့မယ်” လို့ ပြန်ပို့မိခဲ့ပါတယ်။ မြင်တဲ့အတိုင်းပဲ ပထမဆုံးစာလုံးတွေက အမေကို ပို့တဲ့စာထက် ဒိတ်လုပ်တဲ့အခါ ပို့တဲ့စာနဲ့တူနေပါတယ်။ တကယ်တမ်းက “ဟေး ဒီမနက်ပဲ ပြန်ရောက်တယ်” လို့ ပြောမလို့ဖြစ်ပါလိမ့်မယ်။ သူ့ကိုယ်သူတော့ ဗစ်တိုးရီးယားဆီ စာပြန်နေတယ်လို့ ထင်နေခဲ့ပုံပါပဲ။ မိခင်ကတော့ သူ့သားအကြောင်းသိပါတယ်။ မက်ဆေ့ခ်ျကို ကြည့်တာနဲ့ ပင်ပန်းနေမှန်းသိပါပြီလို့ ပြန်ပို့ခဲ့ပါတယ်။

READ
ညှို့အားပြင်းအလှနဲ့ ဖမ်းစားလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

ဘက်ခမ်းက အဲ့ဒီမက်ဆေ့ခ်ျ screenshot ကို သူ့ရဲ့ Instagram စတိုရီမှာ တင်ခဲ့ပြီး “အချိန်တွေလွဲ ခရီးပန်းနေလို့ အမေဆီကို စာမှားပို့မိသောအခါ” လို့ ရေးပြီးတင်ထားခဲ့ပါတယ်။ ဘက်ခမ်းကတော့ တော်တော်နောက်တာပါပဲ..။

White (Shwemom)

Ref: Unilad

SHARE