အမိုက်စားခန္ဓာကိုယ်ကို ဘယ်လိုမျိုးထိန်းသိမ်းလဲဆိုတာ ဖွင့်ပြောလာတဲ့ ထိုင်ဝမ်အဆိုတော်

[email protected] elephantdee

ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အမိုက်စားဘော်ဒီပုံစံမျိုး ဖြစ်ချင်တာက အမျိုးသမီးတော်တော်များများရဲ့ အိပ်မက်တစ်ခုပါပဲ။ ကျော့ရှင်းလှပတဲ့ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်နောက်ကွယ်မှာ ပေးဆပ်မှုပေါင်း များစွာရှိပါတယ်။ ဒီအတိုင်း လေ့ကျင့်ခန်းလေးလုပ်ပြီး အစားအစာရှောင်တာနဲ့တင် အမိုက်စား ခန္ဓာကိုယ်ပုံစံမျိုး မရရှိလာနိုင်ပါဘူး။ အခုလည်း မကြာသေးခင်က နာမည်ကြီး ထိုင်ဝမ်အမျိုးသမီး အဆိုတော်တစ်ဦးဖြစ်တဲ့ Dee Hsu ကနေပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ကို perfect ဖြစ်အောင် ဘယ်လိုနည်းလမ်းတွေ အသုံးပြုခဲ့သလဲဆိုတာကို ပြောပြခဲ့ပါတယ်။ ကလေး ၃ ယောက်အမေဖြစ်တဲ့ Dee Hsu တောင်မှ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်ကို ဒီနေ့ဒီအချိန်အထိ ထိန်းသိမ်းထားနိုင်တာကြောင့် ဒီနေ့မှာတော့ SHwemom ပရိသတ်ကြီးကို Dee Hsu တစ်ယောက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အမိုက်စားခန္ဓာကိုယ်ကို ထိတ်းသိမ်းထားသလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။

၁။ Diet plan အတိုင်းစားသောက်ပါ

 

 

View this post on Instagram

 

A post shared by Dee (@elephantdee)

Dee Hsu ဟာ Diet လုပ်နေတဲ့ ကာလတစ်လျှောက်လုံး သတ်မှတ်ထားတဲ့ Diet plan အတိုင်း စားသုံးနေသူတစ်ယောက်ပါ။ မနက်စာကိုတော့ ပန်းသီး ၂ စိတ်၊ သစ်တော်သီး ၂ စိတ် သို့မဟုတ် သဘောင်္သီး တစ်စိတ်နဲ့ အုတ်ဂျုံမှုန့်တို့ကို စားသုံးပါတယ်။ နေ့လည်စာကိုတော့ ကြက်ဥတစ်လုံးသာ စားပြီး ညစာကိုတော့ ပေါပေါ့ပါးပါးနဲ့ အစာကြေလွယ်မယ့် အစားအစာတွေကို ညနေ ၆ နာရီ မတိုင်ခင် စားသုံးလေ့ရှိပါတယ်။ ညဖက်မှာ ဗိုက်အရမ်းစာလာရင်တော့ သကြားမပါတဲ့ အုတ်ဂျုံမှုန့်ဖျော်ရည်ကို တစ်ခွက်သာ သောက်သုံးလေ့ရှိသူတစ်ဦးပါ။

READ
သင့်အသည်းဟာ စိုးရိမ်ဖွယ်အနေအထားမှာရှိတယ်ဆိုတာ ပြနေတဲ့လက္ခဏာများ

၂။ အေရိုးဗစ်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ

 

 

View this post on Instagram

 

A post shared by Dee (@elephantdee)

Dee Hsu ဟာ Gym ဆော့ရမှ အင်မတန် ပျင်းသူတစ်ယောက်ပါ။ ဒါ့ကြောင့် သူ့ရဲ့ အမျိုးသားဖြစ်သူဟာ trainer တစ်ယောက်ကို အိမ်ခေါ်ပြီး Dee Hsu နဲ့ အတူတူ ဆော့ခိုင်းစေပါတယ်။ များသောအားဖြင့် Dee Hsu ဟာ လေ့ကျင့်ခန်းတွေထက် အေရိုးဗစ်ကစားနည်းကိုသာ ပုံမှန်ဆော့ကစားလေ့ ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Dee Hsu ဟာ အေရိုးဗစ်ကစားနည်းနဲ့ weight-training တွေကို ပြုလုပ်ပြီး ဒီလိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တာ ဖြဟ်ပါတယ်။

၃။ အကလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပါ

 

 

View this post on Instagram

 

A post shared by Dee (@elephantdee)

အကလေ့ကျင့်ခန်းတွေကို တစ်နည်းအားဖြင့် Zumba လို့ ခေါ်ပါတယ်။ Dee Hsu ဟာ Zumba ကစားရတာကို အင်မတန် နှစ်သက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ Zumba ကစားနည်းဟာ လူတစ်ယောက်ရဲ့ နှလုံးနဲ့ အဆုတ်ကို အင်မတန်ကျန်းမာကောင်းမွန်စေတဲ့ အားကစားနည်းတစ်ခု ဖြစ်တာကြောင့် အမိုက်စားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ပြီး အဆုတ်နဲ့ နှလုံးကောင်းချင်တဲ့ လူတွေအတွက်တော့ Zumba ကစားနည်းဟာ အသင်တြောဆုံပါပဲ။

READ
အချိန်တိုအတွင်းတင်ပါးကြီးလာစေမယ့် သဘာဝနည်းလမ်းများ

၎။ ကြက်တောင်ရိုက် အားကစားနည်းကိုလည်း မမမေ့ပါနဲ့

 

 

View this post on Instagram

 

A post shared by Dee (@elephantdee)

Dee Hsu ဟာ ကြက်တောင်ရိုက် အားကစားနည်းကို တော်တော်လေး ဝါသနာပါတဲ့ လူတစ်ယောက်ဖြစ်ပြီး ညနေခင်းတိုင်းမှာ ကြက်တောင်ရိုက်လေ့ရှိသူ တစ်ဦးဖြဟ်ပါတယ်။ ကြက်တောင် ကစားတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးဟာ အငြိမ်မနေပဲ အမြဲလိုလို လှုပ်ရှားနေရတာကြောင့် ခန္ဓာကိုယ်လှချင်တဲ့ လူတွေ၊ အဆီချပြီး ဝိတ်ကျချင်တဲ့ လူတွေအတွက်တော့ ကြက်တောင်ရိုက်အားကစားနည်းဟာ အသင့်တော်ဆုံးပါပဲ။

 

 

View this post on Instagram

 

A post shared by Dee (@elephantdee)

Pyi Hein Kyaw

SHARE