အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဘယ်သူမဆို အိုမင်းလာတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အသားအရေတွေ၊ ခန္ဓာကိုယ်တွေယိုယွင်းလာမှုကို အလှကြိုက်တဲ့ အမျိုးသမီးတွေအနေနဲ့ မနှစ်မြို့ကြပါဘူး။ ဒါကြောင့်လည်း အရွယ်ရှိကတည်းကိုက skin care တွေလုပ်၊ ခန္ဓာကိုယ်တွေလှအောင် လေ့ကျင့်ခန်းတွေနဲ့ တတ်နိုင်သမျှကို ထိန်းသိမ်းနေုကြရတာပါ။
အခုတော့ အိုမင်းလာတဲ့ရုပ်ရည်တွေကို ကယ်တင်ဖို့အတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုသန်းလာခဲ့ပါပြီ။ အဲဒါကတော့ အိုမင်းတဲ့နှုန်းကို နှောင့်နှေးစေဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့ပါပြီတဲ့လေ။ Fox News မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

သတင်းအရကတော့ ဘေဂျင်းမှာရှိနေတဲ့ သိပ္ပံပညာရှင်တွေဟာ ဒီပြဿနာအတွက် အဖြေကိုရှာတွေ့ခဲ့တာပါတဲ့လေ။ သူတို့ရှာတွေ့ခဲ့တဲ့ မျိုးရိုးဗီဇကုထုံးကတော့ အိုမင်းမှုတွေကို လုံးဝကြီး တားဆီးပေးတာတော့မဟုတ်ဘဲနဲ့ နှုန်းကိုလျှော့ချပေးတာမျိုးပေါ့။ ဥပမာဆိုရရင် အသက် ၃၀ ဖြစ်နေပမယ့် ဆယ်ကျော်သက်လို နုပျိုနေတာမျိုးပဲရမှာပါ။ ဒါပေမဲ့ အိုတာကတော့အိုလာမှာပဲ။
ဒီအကြောင်းကိုတော့ ဇန်နဝါရီလအစောပိုင်းတုန်းကပဲ Science Translational Medicine ဆိုတဲ့ ဂျာနယ်ထဲမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ “kat7” ဆိုတဲ့ မျိုးရုးဗီဇဟာ အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ မျိုးရိုးဗီဇဖြစ်တယ်လို့ ရှာတွေ့ခဲ့တဲ့အတွက် ထိန်းချုပ်နည်းလမ်းတွေကိုလည်း ရှာတော့မှာဖ်ြပါယ်တဲ့။

အခုတော့ ကုထုံးအမျိုးမျိုးကိုစမ်းသပ်ကြည့်နေရာမှာတော့ အကောင်းဆုံးရလဒ်ဟာ ၂၅% ကို လျှော့ချပေးနိုင်တဲ့ ကုထုံးတစ်မျိုးဖြစ်တယ်လို့ ဒီပရောဂျက်ကိုတာဝန်ယူထားခဲ့တဲ့ ပရော်ဖက်ဆာ Qu Jing ကပြောလာခဲ့ပါတယ်။

penny