ခွေးဈေးနှုန်းတွေ မတန်တဆတက်သွားပေမယ့် ငွေပေးဝယ်နေကြဆဲ စင်္ကာပူခွေးချစ်သူများ

pexels/ Helena Lopes

စာဖတ်သူဆိုရင် ခွေးတစ်ကောင်ကို စင်္ကာပူ ဒေါ်လာ ၁၂၀၀၀ ပေးပြီးဝယ်မွေးနိုင်ပါ့မလား။ စင်္ကာပူနိုင်ငံသားတွေကတော့ မနှစ်ကထက် ခွေးအရောင်းအဝယ်ဈေးနှုန်းတွေတက်နေတာတောင် တန်ဖိုးကြီးပေးပြီး ဝယ်နေကြတုန်းလို့ သိရပါတယ်။ Straits Times သတင်းအရ Golden Retriever တစ်ကောင်ဟာ ဒေါ်လာ ၁၂၈၀၀ ရှိကာ မနှစ်က ဇန်နဝါရီလကတော့ ဒေါ်လာ ၅၀၀၀ လောက်ပဲရှိခဲ့တာဖြစ်ပါတယ်။ မနှစ်က Poodle တစ်ကောင်မှ ဒေါ်လာ ၄၀၀၀ ရှိခဲ့ရာ ယခုနှစ်မှာတော့ ဒေါ်လာ ၁၁၈၀၀ အထိ ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။

pexels/freestocks.org

စင်္ကာပူရဲ့ circuit breaker ပြီးဆုံးသွားပြီးနောက်ပိုင်း စင်္ကာပူနိုင်ငံသားတွေအနေနဲ့ ခွေးမွေးမြူတာတွေ ပိုများလာတာဖြစ်ပါတယ်။ တိရစ္ဆာန်ရောင်းဝယ်ရေးဆိုင် ၅ဆိုင်ကလည်း ခွေးဈေးနှုန်းတွေက ဆက်လက်ပြီးတက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ခွေးတွေကို အိုင်ယာလန်၊ ထိုင်ဝမ်၊ သြစတေးလျ ဒါမှမဟုတ် ဒေသခံသားဖောက်သူတွေက သားဖောက်ရောင်းချတာဖြစ်ပါတယ်။

READ
အွန်လိုင်းပေါ်မှာ လူကြည့်များနေတဲ့အမျိုးသားတစ်ဦးရဲ့ ရိုတီလုပ်နည်း ဗီဒီယိုဖိုင်

Nanyang Technological University မှ ကျောင်းသူဖြစ်တဲ့ အသက် ၂၀အရွယ် Isabel Joy Kua ကတော့ ပြီးခဲတဲ့လကမှ ဒေါ်လာ ၈၉၀၀ တန် bichon fries လေးတစ်ကောင်ကိုဝယ်ထားတာဖြစ်ပါတယ်။ Maxime အမည်ရတဲ့ အသက်၃၀အရွယ် အမျိုးသားတစ်ဦးကလည်း ပြီးခဲ့တဲ့လတုန်းကမှ poodle ခွေးတစ်ကောင်ကို ဝယ်ခဲ့ကာ နိုဝင်ဘာလကတော့ pomeranian-husky mix လေးတစ်ကောင်ကို ဝယ်ခဲ့တာပါ။

စင်္ကာပူမှာ phase two စတဲ့အချိန်မှာပဲ ပထမဆုံး၂ရက်မှာ တိရစ္ဆာန်အရောင်းဆိုင်တွေထဲ ဝင်ကြည့်ဖို့ ဘွတ်ကင်တင်ထားတာတွေနဲ့ ပြည့်နေတာဖြစ်ပါတယ်။ Ms Joanna Cheng-Ajlani ကတော့ သူမရဲ့ခွေးကို တိရစ္ဆာန်ဂေဟာကနေ ခေါ်ယူမွေးစားခဲ့တာပါ။ သူမကတော့ အမျိုးသားဖြစ်သူနဲ့အတူနေထိုင်ပြီး လင်မယားနှစ်ယောက်စလုံးဟာ အလုပ်အစီအစဉ်အပြောင်းအလဲတွေရှိတဲ့အတွက် Singapore special ခွေးတစ်ကောင်ကို  Action for Singapore Dogs(ASD) ကနေမွေးစားခဲ့တာပါ။ ဂေဟာကခွေးတွေရဲ့တန်ဖိုးကတော့ ဒေါ်လာ ၂၅၀ ကနေ ဒေါ်လာ ၅၀၀ ကျော်ထိရှိပါတယ်။

READ
တခြားဘယ်သူနဲ့မှ မျှဝေမသုံးစွဲသင့်တဲ့ အသုံးအဆောင်ပစ္စည်း (၁၁)မျိုး
pexels/ Helena Lopes

ဝယ်သူတွေကတော့ သူတို့အနေနဲ့ အားလပ်ရက်ခရီးသွားမှာတွေကိုလည်း ဖျက်သိမ်းလိုက်ရတယ်၊ ပြီးတော့ WFH စီစဉ်ထားတာတွေလည်း ရှိတာကြောင့် ပိုက်ဆံစုထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကပ်ရောဂါအတွင်း ခွေးအရောင်းအဝယ်ဈေးနှုန်းတွေက မတန်တဆမြင့်တက်နေပေမယ့် ဝယ်ယူမွေးနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ShweMom

SHARE