ဆာဂျရီ လုပ်ထားတယ် ဆိုပြီး ဝေဖန်ခံနေရတဲ့ Demi Moore

Image:IG/Vogue & Demi Moore

Demi Moore  က တော့ Ghost (1990) ထဲမှာ ပါဝင် သရုပ် ဆောင် ခဲ့တဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။သူမက တော့  ဇန်န၀ါရီ ၂၇ ရက်နေ့က Paris Fashion Week ရဲ့ Fendi ပွဲမှာ ပါဝင် ပေးခဲ့ပါတယ်။Runway ထက် မှာတော့ အသက် ၅၈ နှစ်ရှိနေပြီ ဖြစ်တဲ့ သူမက ပခုံးလျှော လည်အဟိုက် အနက်ရောင် Suit  ကို ၀တ်ဆင်ပြီး လျှောက်လှမ်း ခဲ့ပါတယ်။Show ပွဲ ဗီဒီယိုဖိုင်ကိုလည်း သူမရဲ့ အကောင့်မှာ ဝေမျှ ထားပြီး ဒီလို မျိုး ပါဝင် လျှောက်လှမ်းခွင့် ရဖို့ ဆိုတာ သူမရဲ့ ဆယ်ကျော်သက် အိမ်မက်ဖြစ်ပြီး အခုတော့ ပြည့်ဝ သွားပြီ ဆိုပြီး တင်ထားပါတယ်။ဒီအကြောင်းကိုတော့ The Mirror မှာ ဖော်ပြထားပါတယ်။

Image:IG/Vogue

Show ပွဲမှာ ပါဝင်ပြီး နောက် ပိုင်းမှာတော့ Demi Moore တစ်ယောက် ပလတ်စတစ် ဆာဂျရီ လုပ်ထားတယ်ဆိုတဲ့ သတင်း တွေ ချက် ချင်း ထွက်ပေါ် လာခဲ့ပါတယ်။လုံးဝ ပြောင်းလဲသွားတဲ့ သူမရဲ့ ရုပ်ရည် ကြောင့် ဒီလို သတင်းတွေ ထွက်လာ တာပါ။Fan တွေ က သူမကို ရုတ်တရက် မမှတ်မိ ဖြစ်သွားရတဲ့ အထိ သိသိသာသာ ပြောင်းလဲ သွားတဲ့ ရုပ်ရည် ကြောင့်ပဲ အွန်လိုင်းပေါ် မှာ Demi Moore ရဲ့ ရုပ်ရည် ပြောင်းလဲမှု အကြောင်းကို လူပြော များခဲ့ပါတယ်။

READ
ချင်းတောင်တန်းတွေဆီကို ရောက်ရှိနေတဲ့ ဓါတ်ပုံတွေ မျှဝေပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်
Image:IG/Vogue

Fan တွေက“Demi Moore နဲ့ တောင် လုံးဝ မတူ တော့ဘူး။ Demi Moore သာ ခွဲစိတ်ပြုပြင်တာ ဆိုရင် တော့ အဲ့ဒီဆရာဝန် က ရမ်းကု ပဲ ဖြစ်လိမ့်မယ်၊မျက်နှာ ကို ဘာတွေ လုပ် လိုက်တာလဲ၊သူ့မျက်နှာ က ဘာကြီး ဖြစ်သွားတာလဲ၊ cosm etic surgery ရလဒ် ပဲ. ဒါပေမယ့် ဘာပုံကြီး ဖြစ်သွားတာလဲ၊ Demi Moore အဲ့ဒီ ခွဲစိတ် ဆရာဝန် ကို တရားစွဲ ဖို့ မျှော်လင့်တယ်…” ဆိုပြီး အမျိုးမျိုး ဝေဖန် ပြောဆို ခဲ့ကြပါတယ်။

 

View this post on Instagram

 

A post shared by Demi Moore (@demimoore)

အာရှမှာတော့ ဒီလိုခွဲစိတ်ပြုပြင်မှု မျိုးလုပ်ရင် လှလာတယ်ဆိုပြီး ချီးကျူးကြတာ များပေမယ့် ပလတ်စတစ်ဆာဂျရီ အပေါ် သိပ်အားမပေးကြ တာကြောင့် အနောက်နိုင်ငံတွေမှာက ဒါမျိုး လုပ်ရင် ချီးကျူးတာ ထက် ဝေဖန် ပြော ဆို တာ က ပိုများပါတယ်။ Demi Moore   ရဲ့ အရင် ပုံတွေ နဲ့ ဖက်ရှင် Show က ပုံတွေကို နှိုင်းယှဉ်ပြီး Show ပွဲက Demi Moore က Demi Moore  နဲ့ လုံးဝ မတူ ဘူး လို့ ပြော ဆို နေကြပါတယ်။

 

View this post on Instagram

 

A post shared by Demi Moore (@demimoore)

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက Demi တစ်ယောက် Rihanna  ရဲ့ Savage x Fenty show  ကို အမိုက်စား bodysuit နဲ့ တက် ရောက် ခဲ့ပါ သေးတယ်။ Savage X Fenty line မှာတော့ Bella Hadid တို့နဲ့ တောင် မှ စင်နောက်ဘက်မှာ အမိုက်စား ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ဧပြီ တုန်းက Idaho ပြည်နယ်မှာ အရင် Ex Bruce Willis ၊ကလေးတွေ နဲ့ အတူတူ မိသားစုလိုက် Lockdown ကာလ ဖြတ်သန်း နေပုံကို လည်း သူမရဲ့ IG မှာ ဝေမျှ ပေးခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Demi Moore (@demimoore)

#SHWEMOM

SHARE