Demi Rose ကတော့ အသက် (၂၃)နှစ်ပဲရှိသေးတဲ့ ဗြိတိန် မော်ဒယ်မလေးပါ။ အရမ်းကို လှပတဲ့ ကောက်ကြောင်း လှလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပြီး ကောက်ကြောင်းနဲ့ပတ်သက်လာရင် နာမည်အကြီးဆုံး Kim Kardashian ကို တောင်မှ တုပယှဉ်ပြိုင်နိုင်သူလေး ဆိုပြီး နာမည်ကြီးပါတယ်။ Instagram Star တစ်ယောက် လည်း ဖြစ်ပြီး လုံးဝ sexy ကျတဲ့ ပုံတွေကို မကြာခဏ တင်လေ့ရှိတဲ့ သူမရဲ့ IG မှာဆိုရင် (7.1m followers) ရှိပါတယ်။ ပုရိသတွေ ရူး ခါ လောက်စေတဲ့ ပုံတွေအမြဲတင်၊ပုံတွေ အမြဲထွက်ပေါ်လေ့ရှိတဲ့ သူမကတော့ ဒီတစ်ခါမှာ Sexy ကျကျ ခွေးကျောင်းနေတဲ့ ပုံလေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။
ခွေးနဲ့ အတူလမ်းလျှောက် ထွက်လာပေမယ့်ဖိုသီဖတ်သီပုံမျိုး မဟုတ်ပဲ မိန်းမဆန်ဆန် Sexy ကျကျ ၀တ်စား ပြီး ထွ က်ပေါ် လာခဲ့တာပါ။ အဖြူနဲ့ အနက်ရောထားတဲ့ ၀တ်စုံဖြစ်ပြီးအပေါ် ၀တ်စုံနဲ့ လိုက်ဖက်တဲ့ အနက်ရောင် ဒေါက် ဖိနပ် ကို စီးပြီး ထွက်လာခဲ့တာပါ။ သူမရဲ့ အချစ်တော် ခွေးလေး Teddy လည်း အတူ လိုက်ပါခဲ့ပြီး လန်ဒန်က လမ်း ထဲမှာ လမ်းလျှောက် ထွက်လာခဲ့တာပါ။ လန်ဒန်မှာရှိတဲ့ Seattle Gold လက်ဝတ်ရတနာဆိုင်သို့ သွားခဲ့တာပါ။
ဆိုင်မှာတော့ Demi တစ်ယောက် ရွှေနဲ့ စိန်ရောထားတဲ့ လည်ဆွဲကို စမ်းဝတ်ကြည့်ခဲ့ပါတယ်။ သူမရဲ့ လည် ဆွဲ အပေါ် မှာတော့ သူမရဲ့ နာမည်ကို ရေးထိုး ထားပါတယ်။ဆိုင်အကူတစ်ယောက်က သူမရဲ့ လည်ပင်းကို ၀တ်ပေး ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆိုင်ထဲကစိတ် ကျေနပ် သွားတဲ့ မျက်နှာ အမူအရာနဲ့ ခွေးလေး Teddy ကို ချီပြီး ထွက်လာ တာကိုတွေ့ရပါတယ်။


သူမဟာ Kylie Jenner နဲ့ တွဲခဲ့ဖူးတဲ့ အမေရိကန် Hip Hop အဆိုတော် Tyga ရဲ့ Ex ပါ။ Demi Rose တစ်ယောက် ဒီတစ်ပတ် အစောပိုင်းတုန်းက Ibiza မြို့မှာ swimwear shoot အတွက် အဖြူရောင် Thong ကို ၀တ်ပြီး ဓါတ်ပုံ ရိုက်ခဲ့ပါသေးတယ်။
Source the sun