အာဂျင်တီးနား ဘောလုံးကစားသမားအကျော်အမော်ကြီး Diego Maradona ဟာ အသက်၆၀ အရွယ်မှာပဲ နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့ပြီိလို့ goal သတင်းစာမျက်နှာအရ သိရပါတယ်။ Maradona ဟာ အောက်တိုဘာ၃၀ရက်နေ့မှာ ၄င်းရဲ့အသက်၆၀ပြည့်မွေးနေ့ပွဲဆင်နွှဲအပြီး စိတ်ကျဝေဒနာအပျော့စားနဲ့ ပင်ပန်းနွမ်းနယ်တဲ့ရောဂါလက္ခဏာတွေကို ခံစားခဲ့ရတာကြောင့် နိုဝင်ဘာလဆန်းပိုင်းမှာ ဆေးရုံတက်ခဲ့တာဖြစ်ပါတယ်။
View this post on Instagram
La Plata ဆေးခန်းရဲ့စစ်ဆေးမှုအရ Maradona ဟာ ဦးနှောက်ထဲမှာ သွေးခဲတစ်ခုရှိနေတဲ့အတွက် ၄င်းကို ဆရာဝန်တွေက အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်။ ခွဲစိတ်မှုပြီးနောက်မှာတော့ Maradona ဟာ ဆေးရုံကနေဆင်းပြီး ပြင်ပလူနာအဖြစ်နဲ့ Buenos Aires, Tigre မြို့နားမှာရှိတဲ့ ၄င်းရဲ့နေအိမ်မှာပဲ နာလန်ထ အားမွေးခဲ့ပါတယ်။ ဒါပေမဲ့ ယခုအပတ် ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတော့ သူဟာ ရုတ်တရက်နှလုံးရပ်ပြီး အသက်ပါသွားခဲ့တာပါ။ ဆေးအကူတွေရောက်လာပေမယ့်လည်း အသက်မမှီတော့ပါဘူး။
View this post on Instagram
ဒီသတင်းကိုတော့ အာဂျင်တီးနားအမျိုးသားအဖွဲ့က တွစ်တာအကောင့်မှာ နိုင်ငံအကောင်းဆုံး ဘောလုံးအားကစားသမားတွေကတစ်ဦးကွယ်လွန်ရခြင်းအတွက် ဝမ်းနည်းကြောင်း တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဘောလုံးကမ္ဘာရဲ့နှလုံးသားတိုင်းမှာ သင်အမြဲရှိနေမယ်” ဆိုပြီး ကွယ်လွန်သူဘောလုံးစတားကြီးအတွက် ရေးသားခဲ့ပါတယ်။
View this post on Instagram
Maradona ဟာ အသက်၁၆နှစ်အရွယ်မှာပဲ Argentinos Juniors ဘောလုံးအဖွဲ့မှာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝကို စတင်ခဲ့တာပါ။ သူဟာ ဘောလုံးကွင်းထဲမှာ ကမ္ဘာ့အထူးချွန်ဆုံးတွေထဲက တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်ခြင်းကို ခံရသူလည်းဖြစ်ပါတယ်။ လူကောင်သေးသေးနဲ့ ဘယ်ခြေသန်တဲ့ Maradona ဟာ ကစားသမားဘဝမှာ Boca Juniors, Barcelona, Napoli, Sevilla နဲ့ Newell’s Old Boys ဘောလုံးအဖွဲ့တို့မှာ ပါဝင်ကစားခဲ့ပြီး နောက်ပိုင်းမှာတော့ Racing Club, Gimnasia နဲ့ အာဂျင်တီးနားအမျိုးသားဘောလုံးအဖွဲ့အတွက် နည်းပြတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ShweMom