ကြက်တင်းကုပ်မှာနှစ်ပေါင်းများစွာပိတ်လှောင်ခံထားရတဲ့မသန်မစွမ်းကောင်လေး

အသက်၁၄နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ မိဘတွေကမစောင့်ရှောက်နိုင်တာကြောင့် ကြက်တင်းကုပ်ထဲမှာနှစ်ပေါင်းများစွာ ပိတ်လှောင်ထားခြင်းခံခဲ့ရတယ်လို့ The Sun မှာဖော်ပြထားပါတယ်။ Jonas အမည်ရတဲ့အဆိုပါကောင်လေးဟာ ထိုင်းနိုင်ငံအရှေ့မြောက်ဘက် Chaiyaphum ပြည်နယ်မှာရှိတဲ့ တိရစ္ဆာန်တင်းကုပ်ထဲကအညစ်အကြေးတွေကြားထဲမှာ ကုပ်ကုပ်ကလေးထိုင်နေတာကိုပုံပါအတိုင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

VIRAL PRESS

တာဝန်ရှိသူတွေက Jonas ဆီကိုသွားရောက်လည်ပတ်ကြတဲ့အခါမှာ ဦးလေးနဲ့အဒေါ်ဖြစ်သူကိုတွေ့ဆုံစကားပြောခဲ့ကြပါတယ်။ သူတို့နေ့ခင်းပိုင်းလယ်ထဲမှာအလုပ်သွားလုပ်ကြတဲ့အခါမှာ Jonas ကိုတင်းကုပ်ထဲမှာသော့ခပ်ထားခဲ့တယ်လို့သိရပါတယ်။ သူတို့ပြောပုံအရ Jonas ဟာစိတ်ဝေဒနာခံစားနေရပြီး အိမ်ကလူတွေအလုပ်သွားနေတဲ့အခါမှာ သူ့လုံခြုံမှုအတွက် လှောင်ပိတ်ထားရတယ်လို့ဆိုပါတယ်။ Jonas ရဲ့မိဘတွေကတော့ တခြားတနေရာမှာနေထိုင်ပြီးအလုပ်လုပ်ကိုင်ကြတယ်လို့ဆိုပါတယ်။

VIRAL PRESS

ကလေးပြုစုစောင့်ရှောက်ရေးတာဝန်ရှိသူများကတော့ Jonas ကိုထိန်းသိမ်းစောင့်ရှောက်မှုပေးဖို့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စတင်ဆောင်ရွက်နေပြီလို့သိရပါတယ်။ Jonas ရဲ့ကျန်းမာရေးအခြေအနေကိုဒေသခံအာဏာပိုင်အဖွဲ့က Chawalit Susada ကရဲအဖွဲ့၊ရွာလူကြီးတို့နဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ထိုသူက ကလေးဟာစိတ်ပိုင်းဆိုင်ရာဝေဒနာကိုခံစားနေရတဲ့အပြင် ကောင်းကောင်းမလှုပ်ရှားနိုင်ဘူးလို့ဆိုပါတယ်။

VIRAL PRESS

Jonas ဟာဒေသတွင်းကျန်းမာရေးအေဂျင်စီတွေရဲ့ စဉ်ဆက်မပြတ်ဂရုစိုက်ပေးမှုကိုလိုအပ်နေပေမယ့် ရောဂါအခြေအနေကိုတော့ သွေးစစ်ထားဆဲဖြစ်ပြီး တိတိပပမသိရသေးဘူးလို့ဆိုပါတယ်။ Jonas ရဲ့အမျိုးတွေပြောပုံအရ အရင်တုန်းက Jonas ဟာယာခင်းတွေထဲလျှောက်သွားခဲ့တာကြောင့် ဒီလိုထပ်ဖြစ်မှာစိုးရိမ်တဲ့အတွက်လှောင်ပိတ်ထားရတယ်လို့ဆိုပါတယ်။ ညဘက်ကျရင်တော့ Jonas ကိုသူတို့နဲ့အတူတူအိပ်စေပြီး သူ့ကိုလျစ်လျူရှုတာအကြမ်းဖက်ဆက်ဆံတာတွေမလုပ်ပါဘူးလို့ဆိုပါတယ်။

READ
မဂ္ဂဇင်းတစ်အုပ်ကြောင့် မိန်းမနဲ့ ယောက္ခမကို သတ်ပစ်ခဲ့တဲ့ အမျိုးသား

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE