Steve Aoki ဟာ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ကိုဗစ်ကပ်ရောဂါကြောင့် အခြားအနုပညာရှင်တွေနည်းတူ အိမ်မှာပဲ အိမ်တွင်းပုန်းနေရတဲ့အချိန်များနေပါတယ်။ Aoki က “ကျွန်တော် တစ်ချိန်လုံး သံစဉ်တွေဖန်တီးနေခဲ့တာပါ။” လို့ ပြောပြခဲ့ပါတယ်။ စူပါစတား EDM DJ လည်းဖြစ် K-pop ကမ္ဘာရဲ့အနှစ်သက်ဆုံး remixer လည်းဖြစ်တဲ့ Aoki က အခုဆိုရင်တော့ ဖျော်ဖြေပွဲတွေမလုပ်ဘဲနေရတာ နှစ်သက်လာပြီဆိုပြီး ပြောခဲ့တာကို scmp အရ သိရတာပါ။
View this post on Instagram
“ဒီမှာပဲနေရတာ နှစ်သက်လာတာပါ။ မိသားစုနဲ့လည်း အတူနေချိန်အများကြီးရတယ်။ ကျွန်တော် အခုကစပြီး ဒီလိုပဲပိုနေချင်တော့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က နေရာအနှံ့သွားပြီးဖျော်ဖြေရဖို့ ပုဂ္ဂိုလ်ရေးဘဝကိုစွန့်လွှတ်ခဲ့ရတာလေ။ အခုတော့ ဒီနှစ်ခုကို မျှတအောင်ထားတော့မယ်။”
၂၀၂၀ ခုနှစ်အတွင်းမှာ Aoki ဟာ သူ့အလုပ်အကြောင်းနဲ့ သူ့ဖန်တီးမှုအကြောင်းတွေကို အများကြီးစဉ်းစားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သီချင်းအသစ်တွေအများကြီးထုတ်လွှင့်ဖို့ အစီအစဉ်တွေလည်း ဖန်တီးဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ပထမဆုံး Aoki ထုတ်လွှင့်တဲ့သီချင်းကတော့ K-pop A.C.E နဲ့အတူ collaborate လုပ်ထားတဲ့ Goblin (Favorite Boys) ပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ရက်နေ့မှာ ထွက်ခဲ့တာပါ။ A.C.E ကတော့ Aoki နဲ့အလုပ်အတူတွဲလုပ်ချင်လို့ဆိုကာ ဆက်သွယ်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။ Rapper Thutmose က featuring သီဆိုထားပါတယ်။
“ထုတ်လုပ်ရေးပိုင်းတစ်ခုလုံးကို လုံးဝထူးခြားသွားအောင် ပြောင်းပစ်လိုက်တာပါ။ ကျွန်တော် ဖန်တီးခဲ့ဖူးတဲ့ K-pop ထဲက တခြားအရာတွေနဲ့ ကွဲထွက်ဖို့လည်း လိုတာကိုး။ ဒီ remix လုပ်ရတာ အရမ်းဂုဏ်ယူပါတယ်။ စိတ်ဝင်စားစရာကောင်းသလို အသံနဲ့လည်း အရမ်းလိုက်တယ်။” လို့ Aoki က ဆိုပါတယ်။ Aoki ဟာ BTS, Monsta X, Girls’ Generation စတဲ့ အဖွဲ့ပေါင်းများစွာတို့နဲ့လည်း အလုပ်တွဲလုပ်ဖူးပါတယ်။ အခုလောလောဆယ်မှာ Aoki ဟာ Blackpink, BTS တို့နဲ့လည်း ထပ်မံ collaborate ပြုလုပ်ဖို့အစီအစဉ်ရှိနေကြောင်းသိရပါတယ်။ ပုံမှန်ဆို Aoki ဟာ သူ့ရဲ့ live performances တွေနဲ့ ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်တတ်ပေမယ့် အခုချိန်ထိတော့ သူ့ရဲ့ ဖျော်ဖြေရေးခရီးစဉ်တွေကို ဘယ်အချိန်မှစတင်မလဲဆိုတာ မသိရသေးပါဘူး။
View this post on Instagram
ShweMom