ထူးထူးဆန်းဆန်း လည်ပင်း၊ လက်မောင်း၊ ခြေထောက်တွေထဲမှာ သံချောင်းတွေရောက်နေတဲ့သူ

အိန္ဒိယနိုင်ငံသား၊ အသက် 56 နှစ်အရွယ် Badrilal Meena အမည်ရ အမျိုးသားကြီးဟာ အလွန်မကျန်းမမာဖြစ်ပြီးနောက် ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ရောက်ရှိလာခဲ့ပါတယ်။ သူ့ကို ဓာတ်မှန်စစ်ဆေးချိန်မှာတော့ လက်မောင်း၊ လည်ပင်း၊ ခြေထောက် စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ သံချောင်းပေါင်း ရာနဲ့ချီရောက်နေတာကို တွေ့ခဲ့ရပါတယ်။

ဒီသံချောင်းတွေ ဘယ်လိုနည်းနဲ့ ရောက်လာခဲ့တယ်ဆိုတာ သူတောင်မှ မသိပါဘူးလို့ Meena က ဆိုပါတယ်။ ပထမတော့ သူရဲ့ ခြေဖျားလက်ဖျားတွေ နာကြင်ရခြင်းဟာ ဆီးချိုရောဂါကြောင့် ဖြစ်ကြောင်း သူက ပြောခဲ့ပေမယ့်၊ ဓာတ်မှန်သက်သေအရ သံချောင်းတွေက သူ့ကို နာကျင်တဲ့ ဒုက္ခတွေ ပေးနေကြတာပါ။

ကနဦးဆုံး သံချောင်း 75 ချောင်းကို ဒေါက်တာတွေက ဖယ်ရှားဖို့အတွက် ဖာရီဒါဘက်ဒ်မှာတည်ရှိတဲ့ Asian Institute of Medical Sciences (AIMS) ဆေးရုံမှ ဒေါက်တာတွေက တာဝန်ယူခဲ့ကာ ထပ်မံစစ်ဆေးမှုအရ နောက်ထပ် သံ 75 ချောင်းအထိ တွေ့ခဲ့ရပါတယ်။ ပထမဆုံးအကြိမ် သံချောင်း 91 ချောင်းကို ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။

Meena ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ကိုတာဒေသမှာ နေထိုင်သူ ဖြစ်ပါတယ်။ သူက ဒီသံချောင်းတွေကို မိမိဘာသာ ထိုးထည့်ထားတာ မဟုတ်ကြောင်း၊ ငြင်းဆိုခဲ့သလို၊ ဘယ်လိုလုပ်ရောက်လာတယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။ လည်ချောင်းအတွင်းမှာရှိတဲ့ သံချောင်းတွေဟာ လေပြွန်အတွင်းအထိ ထိုးဖောက်ဝင်ရောက်နေတာတွေ ရှိသလို၊ တစ်ချို့က ဦးနှော်က်ကို အောက်ဆီဂျင်ပို့လွှတ်တဲ့ အာရုံကြောမကြီးအတွင်းထိ ရောက်နေတယ်လို့ သိရပါတယ်။

READ
ရိုမန်တစ်ဆန်တဲ့ (၁၀)နှစ်ပြည့် အမှတ်တရကြောင့် နာမည်ကြီးနေတဲ့ စုံတွဲ

ဆေးရုံရောက်စမှာ Meena ဟာ စကားလည်း မပြောနိုင်သလို၊ စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။ သူရဲ့မိသားစုဝင်တွေကလည်း ဒီသံချောင်းတွေကို သူ ထိုးသွင်းတာမျိုး တစ်ခါမှ မတွေ့ခဲ့ရဖူးလို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ လူနာ Meena ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရပြီး၊ ဒီသံချောင်းတွေ သူ့ဘာသာ ထိုးသွင်းခဲ့ပုံရကြောင်း ယုံကြည်နေပါတယ်။

Meena ရဲ့ သားဖြစ်သူ Rajendra Meena က ” ပြီးခဲ့တဲ့ လေးလက အဖေ့ကို ဆေးရုံတစ်ရုံမှာ ပြခဲ့သေးတယ် … အဲဒီတုန်းကလည်း သံချောင်းတွေ အများကြီးရောက်နေတယ် … ဒေါက်တာတွေက ကောင်းကောင်းမွန်မွန် ခွဲစိတ်ကုသပေးပြီးနောက် စိတ်ရောဂါနဲ့ပတ်သက်တဲ့ ဆရာဝန်ကို ထပ်ပြဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ် “လို့ ၀န်ခံခဲ့ပါတယ်။

ဒီစကားကို ထောက်ရှုခြင်းအားဖြင့် Meena ဟာ သံချောင်းတွေကို ယခုတစ်ကြိမ်သာ ဖယ်ရှားရခြင်းမဟုတ်သေးဘဲ၊ ယခင်ကလည်း အလားတူအဖြစ်အပျက် ရှိခဲ့လို့၊ သေချာပေါက် သံချောင်းတွေကို သူကိုယ်တိုင်ထိုးသွင်းတာ ဖြစ်ကြောင်း ဆရာဝန်တွေက သုံးသပ်ခဲ့ပေမယ့် လူနာ Meena ကတော့ ငြင်းဆန်နေဆဲပါ။ အခုဆိုရင် သူ့ခန္ဓာကိုယ်ထဲက သံချောင်း 150 အနက်၊ 90 ကျော်ကို ခွဲစိတ် ဖယ်ရှားပေးပြီးပါပြီ။

READ
ပုံပြင်ထဲကလို စိတ်ကူးယဉ်ဆန်ဆန် သစ်ပင်အိမ်လေး

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE