ဥယျာဉ်ထဲမှာ လိပ်ပြာတသိုက်နဲ့ အမြဲပျော်ပါးလေ့ရှိတဲ့ ခွေးကလေး Milo

[email protected] milo_the_toller

ခွေးကလေးတွေဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်တဲ့အပြင် လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ အခင်တွယ်တက်ဆုံး တိရစ္ဆာန်လေးတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မှာ ခွေးကလေးတစ်ကောင် မွေးထားရင် ကျိန်းသေတာကတော့ သခင်ဖြစ်သူဟာ ဘယ်တော့မှ ပျင်းနေရမှာ မဟုတ်ပါဘူး။ အဲဒီခွေးကလေးကိုပဲ အမြဲအရိပ်တကြည့်ကြည့်နဲ့ ချစ်နေရပြီး ဂရုစိုက်နေရမှာပဲ ဖြစ်ပါတယ်။ အခုလည်း Milo လို့ အမည်ရတဲ့ ခွေးကလေးတစ်ကောင်ဟာ သူ့သခင်ခြံထဲရှိ ဥယျာဉ်ထဲက လိပ်ပြာလေးတွေနဲ့ အမြဲတမ်းဆော့ကစားပြီး ပျော်ပါးလေ့ရှိကြောင်း Bored Panda သတင်းဌာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CC50_JgnKEY/

အဆိုပါခွေးကလေးရဲ့ နာမည်ကတော့ Milo ဖြစ်ပြီး အသက် ၂ နှစ်အရွယ် Golden retriever ခွေးအမျိုးအစား ဖြစ်ပါတယ်။ အသက် ၂ နှစ်ပဲရှိသေးပေမယ့် Milo လေးဟာ giant ခွေးကလေးတစ်ကောင်ဖြစ်ပါတယ်။ Milo ရဲ့ ပိုင်ရှင်ပြောပြချက်အရဆိုရင်တော့ Milo လေးဟာ တစ်ခြားခွေးတွေနဲ့ မတူပဲ သဘာဝတရားကို အရမ်းချစ်တဲ့ ခွေးကလေးတစ်ကောင်ဖြစ်ပါတယ်။

READ
အင်စတာဂရမ်ဆယ်လီတစ်ချို့ရဲ့ ရယ်ရခက် ငိုရခက်တဲ့ ဖိုတိုရှောပ့်စကေးများ

https://www.instagram.com/p/CC01VJ0H9MW/

https://www.instagram.com/p/CBxxK93H3hh/

Milo လေးဟာ များသောအားဖြင့် သူ့ရဲ့အားလပ်ချိန်တွေကို သူ့သခင်ခြံအနောက်ဖက်မှာပဲ လိပ်ပြာလေးတွေနဲ့ ဆော့ကစားပြီး အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ လိပ်ပြာလေးတွေကလည်း Milo လေးကို တော်တော်ချစ်တဲ့ပုံပါပဲ။ များသောအားဖြင့် Milo ခြံအနောက်ဖက် ရောက်ပြီဆိုတာနဲ့ Milo လေးအနားမှာ လာဝဲလိုက်၊ Milo လေးနှာခေါင်းအပေါ်မှာ လာနားလိုက်နဲ့ တော်တော်ကို Milo လေးကို ချစ်တဲ့ပုံပါပဲ။ Milo လေးဟာလည်း လိပ်ပြာလေးတွေ သူ့အနားမှာ လာဝဲပြီး နားနေတာ တော်တော်ကို ကြိုက်တဲ့ပုံပါပဲ။

https://www.instagram.com/p/CBfs5uXlleu/

“Milo လေးကို ကျွန်မကိုယ်တိုင် Instagram အကောင့်ဖွင့်ထားပေးပါတယ်။ တစ်နေ့တစ်နေ့ သူလိပ်ပြာလေးတွေ၊ ပန်းကလေးတွေနဲ့ ပျော်ပါးနေတာလေးတွေကို ဓာတ်ပုံရိုက်ပေးပြီး Instagram ပေါ်မှာ တင်ပေးလေ့ ရှိပါတယ်။ အခုဆိုရင် သူ့အကောင့်မှာ follower ပေါင်း 27k နီးပါး ရှိနေပါပြီ။ ပြီးတော့ သူ့မှာ ကိုယ်ပိုင် Youtube channel ပါ ရှိပါတယ်။ အင်မတန်မှကို လိမ္မာရေးခြားရှိတဲ့ ခွေးကလေးတစ်ကောင်ပါပဲရှင်” လို့ Milo ရဲ့ သခင်ဖြစ်သူ Jennifer Bennett က ပြောကြားခဲ့ပါတယ်။

READ
စက္ကန့်ပိုင်းအတွင်း မထင်မှတ်တဲ့ပုံစံနဲ့ မှတ်တမ်းတင်လိုက်မိတဲ့ ဓာတ်ပုံများ

https://www.instagram.com/p/CBQzEkaHPuV/

Pyi Hein Kyaw

SHARE