ခွေးဟောင်သံကိုနားထောင်ပြီး ခွေးစိတ်အခြေအနေကိုသိနိုင်မယ့် ခွေးလည်ပတ်

www.petpuls.net

တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ Petpuls Lab ဟာ ခွေးပိုင်ရှင်တွေအတွက် မိမိခွေးရဲ့စိတ်ခံစားချက်အခြေအနေကိုသိနိုင်မယ့် voice recognition နည်းပညာသုံး AI-powered ခွေးလည်ပတ်ကိုဖန်တီးလိုက်ပြီဖြစ်ပါတယ်။ ဒီလည်ပတ်ဟာ ခွေးဟောင်သံအပေါ်အခြေခံပြုလုပ်ထားတာဖြစ်ပြီး ခွေးဟာ ပျော်နေလား၊ စိတ်လှုပ်ရှားနေလား၊ ဒေါသထွက်နေလား၊ ဝမ်းနည်းနေလားဆိုတာကို သိနိုင်မှာပါ။ Petpuls Lab ကတော့ ခွေးတွေနဲ့ ခွေးပိုင်ရှင်တွေကြား ဆက်သွယ်ရေးလွယ်ကူအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

www.petpuls.net

Petpuls လည်ပတ်တွေဟာ voice recognition နည်းပညာကိုသုံးပြီး ခွေးဟောင်သံကို ဆန်းစစ်ကာ ခွေးတွေမှာဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက် ၅မျိုးကို စမ်းသပ်သိရှိနိုင်မှာဖြစ်ပါတယ်။ Petpuls လည်ပတ်တွေကိုတော့ စမတ်ဖုန်း app တစ်မျိုးနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒီ app ကနေတဆင့် ခွေးပိုင်ရှင်တွေဟာ ကော်လာက စစ်ဆေးရရှိတဲ့ဟောင်သံအပေါ်မူတည်ပြီး လတ်တလော ခွေးရဲ့အခြေအနေကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။

READ
အရောင်ကွယ်ဝေဒနာ ခံစားနေရသူတွေ အသုံးဝင်စေမယ့် App တစ်မျိုးဖန်တီးခဲ့တဲ့ အမျိုးသား
www.petpuls.net

ဒါ့ပြင် လည်ပတ်ဟာ ခွေးရဲ့ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကိုလည်း တိုင်းတာနိုင်မှာဖြစ်ပါတယ်။ Petpuls Lab ဟာ ခွေးအမျိုးအစားအမျိုးမျိုးကို သုံးနှစ်ကြာ သုတေသနပြုလုပ်ပြီး မတူညီတဲ့ခွေးအမျိုး ၅၀ ဆီက နမူနာပေါင်း ၁သောင်းကို စုစည်းထားခဲ့တာဖြစ်ပါတယ်။ ခွေးဟောင်သံနောက်မှာတော့ ၄င်းခွေးတွေရဲ့စိတ်ခံစားချက်ကို အမျိုးအစားခွဲခြားဖို့ အယ်ဂိုရစ်သမ်ပြုလုပ်ထားပါတယ်။

www.petpuls.net

ဒီလည်ပတ်ကို Seoul National University က စမ်းသပ်ခဲ့ပြီး လည်ပတ်ဟာ ခွေးတွေရဲ့စိတ်အခြေအနေကို အကြမ်းဖျင်း ၉၀ရာခိုင်နှုန်းမှန်ကန်အောင် ပြောနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ခွေးလည်ပတ်ကိုတော့ ၂၀၂၀ခုနှစ် အောက်တိုဘာကစပြီး ၉၉ဒေါ်လာနဲ့ ရောင်းချခဲ့ကာ အခုဆိုရင် startup ဝက်ဆိုက်ဒ်မှာလည်း ရနေပြီဖြစ်ပါတယ်။ Petpuls ကတော့ ၄င်းတို့တီထွင်ထားတဲ့ခွေးလည်ပတ်ဟာ ခွေးပိုင်ရှင်တွေကိုအကူအညီဖြစ်စေဖို့နဲ့ အထူးသဖြင့် ပထမဆုံးခွေးမွေးစားချင်သူတွေအတွက်လည်း အဆင်ပြေဖို့မျှော်လင့်တယ်လို့ people မဂ္ဂဇင်းအရ သိရပါတယ်။

READ
ကျောင်းသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေဖို့ နည်းသစ်ထွင်လိုက်တဲ့ တရုတ်

ShweMom

SHARE