ခြေကျိုးနေတဲ့ပိုင်ရှင်ကို စာနာပြီး ကိုယ်တိုင်ခြေကျိုးနေသလိုပြုမူခဲ့တဲ့ ခွေးကလေး

facebook/Russell Jones

တိရစ္ဆာန်လေးတွေဟာ အချို့သောလူတွေထက်တောင် တစ်ဖက်လူအပေါ် သူတို့ရဲ့ချစ်ခင်မှု၊ စာနာသနားမှုကိုပြနိုင်ပါတယ်။ ဥပမာပြောရရင် အခုတွေ့ရမယ့် လန်ဒန်က Bill အမည်ရှိတဲ့ ခွေးလေးတစ်ကောင်လိုမျိုးပါ။ Bill ဟာ ခြေထောက်ကျိုးနေတဲ့သူ့သခင်ကို စာနာသနားတဲ့အတွက် ပိုင်ရှင်ကိုအတုခိုးကာ ခြေကျိုးတဲ့ပုံစံလုပ်ခဲ့တာကို boredpanda သတင်းအရ သိရပါတယ်။

မကြာသေးခင်က Bill ရဲ့ပိုင်ရှင် Russell Jones ဟာ ကြည်နူးစရာကောင်းပြီး ရယ်လည်းရယ်ရတဲ့ ဗီဒီယိုတစ်ခုမျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ကျောက်ပတ်တီးကိုင်ထားတဲ့ခြေထောက်နဲ့ တုတ်ထောက်ပြီး လမ်းလျှောက်လာတဲ့ Russell ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူ့ဘေးမှာတော့ Bill ပါလိုက်လာပါတယ်။ Bill က သူ့သခင်ကိုအတုခိုးပြီး သူ့ရှေ့ခြေထောက်တစ်ဖက်ကို မကာ သခင်လမ်းလျှောက်သလို ထော့နင်းထော့နင်းနဲ့ လျှောက်လာတာပါ။

facebook/Russell Jones

တကယ်တော့ Bill ဟာ ဘာမှမဖြစ်ဘဲ သခင်ဖြစ်သူကို စာနာတဲ့အတွက်ကြောင့်သာ အခုလိုလိုက်လုပ်ကြောင်း သိခဲ့ရတာပါ။ “ဓာတ်မှန်ရိုက်တာနဲ့ တိရစ္ဆာန်ဆရာဝန်ပြတာနဲ့ ဒေါ်လာ ၃၀၀လောက်ကုန်သွားတယ်။ သူ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ကို သနားလို့ ခုလိုလိုက်လုပ်တာ။ Bill ကိုချစ်လိုက်တာ။” ဆိုပြီး Russell က ပို့စ်တင်ထားခဲ့ပါတယ်။

READ
လက်ထပ်ခွင့်တောင်းနေတုန်း မထင်မှတ်ထားတဲ့ အက်ဆီဒင့်တစ်ခုဖြစ်သွားခဲ့တဲ့အမျိုးသား
facebook/Russell Jones

Cesar’s Way အမည်ရတဲ့စာအုပ်မှာတော့ ခွေးတွေဟာ တခြားခွေးတွေကိုအတုခိုးနိုင်ရုံတင်မကဘဲ လူတွေကိုပါကြည့်ပြီး အတုခိုးတတ်ကြောင်း ဖော်ပြထားပါတယ်။ နားလည်တတ်ကျွမ်းသူတွေကတော့ ခွေးတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သေချာရွေးချယ်မွေးပြီး လေ့ကျင့်ရေးတွေလုပ်လာတဲ့အတွက် ခွေးတွေဟာ လူတွေကိုအတုခိုးနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။


ShweMom

SHARE