ဘုရားကျောင်းလာသမျှ လူတွေကို လက်ဆွဲနှုတ်ဆက်လို့ နာမည်ကြီးနေတဲ့ ခွေးမလေး

Youtube-Dog blesses devotees and shakes hands outside temple in Viral Video | Adorable viral video of dog

ခွေးကလေးတွေဆိုတာ လူသားတွေနဲ့ အနီးကပ်ဆုံးနေပြီး လူသားတွေရဲ့ အပြုအမူ၊ အပြောအဆိုတွေကို နားလည်တဲ့ တိရစ္ဆာန်လေးတွေပါပဲ။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးမယ်ဆိုလည်း လူတွေဟာ များသောအားဖြင့် ခွေးကလေးတွေကိုပဲ ရွေးချယ်ပြီး မွေးကြပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ခွေးကလေးတွေဟာ သခင်တွေအပေါ်မှာ နားအလည်နိုင်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်နေလို့ပါပဲ။ အခုလည်း ခွေးမလေးတစ်ကောင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးကို နာမည်ကြီးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါခွေးကလေးဟာ ဘုရားကျောင်းလာသမျှလူတွေကို လက်ဆွဲနှုတ်ဆက်နေလို့ပဲ ဖြစ်ပါတယ်။

Youtube-Dog blesses devotees and shakes hands outside temple in Viral Video | Adorable viral video of dog

အဆိုပါ ခွေးမလေးကတော့ အိန္ဒိယနိုင်ငံရှိ ခွေးမလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။  အဆိုပါ ခွေးမလေးဟာ လမ်းဘေးခွေးမလေးတစ်ကောင်ဖြစ်ပြီး ဒီအတိုင်း ဘုရားကျောင်းကို မကြာခဏရောက်လာတတ်တဲ့ ခွေးမလေးတစ်ကောင်ဖြစ်ကြောင်း သိရပါတယ်။ အဲဒီခွေးမလေးရဲ့ ထူးခြားချက်ကတော့ အင်မတန် မျက်နှာချိုပြီး ဘုရားကျောင်းရောက်လာသမျှ လူတွေ ဘုရားကျောင်းက ပြန်ထွက်တဲ့အချိန်မှာ လက်ဆွဲနှုတ်ဆက်လေ့ ရှိတာပါပဲ။ ဘယ်သူမဆို အဆိုပါ ခွေးမလေးကို လက်ကမ်းပေးလိုက်တာနဲ့တင် အဆိုပါ ခွေးမလေးဟာ လက်ဆွဲပြန်နှုတ်ဆက်တာပဲ ဖြစ်ပါတယ်။ အောက်က ဗီဒီယိုမှာ တွေ့ရှိရတဲ့အတိုင်း အဆိုပါ ခွေးမလေးဟာ မြင်သူတကာကို လက်ဆွဲနှုတ်ဆက်တဲ့အပြင် တစ်ခါတလေကျရင် လူတွေရဲ့ ခေါင်းပေါ်ကို လက်လေးတင်ပြီး ကောင်းချီးပါ ပေးလေ့ရှိတာဖြစ်ပါတယ်။

READ
လက်ထပ်ခွင့်တောင်းနေတုန်း မထင်မှတ်ထားတဲ့ အက်ဆီဒင့်တစ်ခုဖြစ်သွားခဲ့တဲ့အမျိုးသား

အဆိုပါ ဗီဒီယိုကို တွေ့ရှိတဲ့ လူတော်တော်များများကတော့ ခွေးမလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကို တော်တော်လေး သဘောကျခဲ့ပြီး တော်တော်လေးလည်း ချစ်ခဲ့ကြပါတယ်။ ဒါ့အပြင် အခုဆိုရင် အဆိုပါ လမ်းဘေးခွေးမလေးကို မွေးစားချင်နေသူ အမြောက်အမြား ရှိနေပါပြီ။ တစ်ချို့ကလည်း အဆိုပါ ခွေးမလေးဟာ ဗိုက်အရမ်းဆာလို့ ဒီလိုမျိုး လူတွေနဲ့ အနီးကပ်နေပြီး အစားနေတာဖြစ်နိုင်တယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြသလို တစ်ချို့ကြပြန်တော့လည်း အဆိုပါ ခွေးမလေးဟာ ကိုယ်ဝန်ကြီးနဲ့ ဖြစ်နိုငကြောင်း မှတ်ချက်ပေးမှုတွေ ရှိခဲ့တယ်လို့ Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Dog blesses devotees and shakes hands outside temple in Viral Video | Adorable viral video of dog

Pyi Hein Kyaw

SHARE