Priyanka Chopra နဲ့ Nick Jonas တို့မှာ အချစ်တော်လေးတစ်ယောက်ရှိနေပါတယ်။ အဲဒါကတော့ Diana ပါ။ Diana လေးကို Priyanka တစ်ယောက် ဘယ်လောက်တောင် ချစ်သလဲဆိုရင် သူဌေးလိုပုံစံမျိုးနဲ့ luxury အသုံးအဆောင်ပစ္စည်းတွေကိုပဲ ဆင်ပေးထားခဲ့တာပါ။ မှတ်မှတ်ရရပြောရရင်တော့ Diana လေးရဲ့ လည်ပတ်ကို ကမ္ဘာကျော်ထိပ်တန်း တန်ဖိုးကြီး ရတနာဆိုင်ဖြစ်တဲ့ Tiffany & Co. က စိန်နဲ့ရွှေစီချယ်ထားတဲ့ လည်ပတ်နဲ့ အစာခွက်ကို ဝယ်ပေးထားတာမျိုးပေါ့။
ဒါဆိုရင် သင်တို့ရော သင်တို့ရဲ့ ကလေးလေးတွေကို celebrity ဆန်ဆန် ဇိမ်ခံအသုံးအဆောင်ပစ္စည်းလေးတွေနဲ့ အလိုလိုက်ထားချင်လား။ ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေ ဝယ်ရမှန်းမသိ ဖြစ်နေရင်တော့ လက်တလော ဆယ်လီတွေကြားထဲမှာ ခေတ်စားနေတဲ့ branded ခွေးပစ္စည်းလေးတွေ (၅) မျိုးကိုဖော်ပြပေးချင်ပါတယ်။ ဈေးတွေဘယ်လိုရှိမယ်၊ ဘယ် brand တွေထဲကလဲဆိုတာ ကြည့်လိုက်ရအောင်။
Louis Vuitton

Heron Preston

Tiffany & Co.

Hermès
ကမ္ဘာ့ဈေးအကြီးဆုံး Berkins အိတ်တွေကို ထုတ်တဲ့ ကုမ္ပဏီပါ။ သူကလည်းပဲ ခွေးစာခွက်တွေကို အော်ဒါအပ်ရင် ရောင်းပေးပါတယ်။ သူ့ဒီဇိုင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကျော့ကျော့မော့မော့ရှိတာကြောင့် ခွေးကြီးမွေးထားတဲ့ အမျိုးသားတွေအနေနဲ့ တော်တော်လေး သဘောကျကြပါတယ်တဲ့။ ဈေးကလည်း ဒေါ်လာ ရာနဲ့ချီကစလို့ ထောင်ချီအထိ အစားစားရှိနေပါတယ်။

Versace
သဘောအကျရဆုံးသော အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ Versace ရဲ့ ခွေးအိပ်ယာပါ။ ဆိုဒ်စုံကိုအော်ဒါအပ်လို့ရနိုင်ပြီးတော့ အသေးဆုံးဆိုဒ်ဆိုရင်တောင် ဒေါ်လာ ၁၃၀၀ ကစပါတယ်တဲ့။ အိပ်ယာမှာ Versace ရဲ့ အထင်ကရဖြစ်တဲ့ အမည်းပေါ်မှာရွှေဝါရောင် ပန်းကနုတ်တွေနဲ့ အိပ်ယာတစ်ခုလံုးကိုဖန်တီးထားတာပါ။

Penny