သခင်ဖြစ်သူနဲ့ အမေရိကားတစ်ခွင် ပြဲပြဲစင်အောင် လျှောက်လည်ခဲ့တဲ့ ခွေးကလေး Benji

[email protected] lilmanlife

ခွေးကလေးတွေဆိုတာ လူသားတွေအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ရုံသာမက မွေးလို့အသင့်တော်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ဖြစ်ပါတယ်။ လူသားတွေအပေါ် အမြဲလိုလို ဂရုတစိုက်စောင့်ရှောက်ပြီး သခင်တွေအပေါ်မှာ သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေကလည်း ခွေးကလေးတွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ခွေးကလေးကတော့ လူသားတစ်ယောက်ရဲ့ အချစ်ခင်ရဆုံးနဲ့ အားအထားရဆုံး ခွေးကလေး Benji ပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Benji the Bernedoodle (@lilmanlife)

Benji ဟာ အခုလက်ရှိအချိန်မှာတော့ ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို လူချစ်လူခင် ပေါများနေတဲ့ ခွေးကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ Benji ရဲ့ သခင်ဖြစ်သူကတော့ အသက် ၃၀ အရွယ် Andrew Laske အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပြီး Andrew နဲ့ Benji တို့ဟာ အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ Vencie မြို့မှာ အတူတူနေထိုင်ကြပါတယ်။ အသက် ၄ နှစ်အရွယ်သာ ရှိသေးတဲ့ Benji လေးတစ်ကောင် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာခဲ့ရတဲ့ အကြောင်းအရင်းကတော့ Andrew ဟာ ဘယ်နေရာကိုသွားသွား၊ Benji လေးကို အမြဲတစေ ကျောပေါ်မှာ ထမ်းပိုးပြီး ခေါ်သွားလို့ပဲ ဖြစ်ပါတယ်။

READ
ကမ္ဘာကျော်ဆယ်လီတွေရဲ့ပုံတွေမှာ သူ့ပုံပါထည့်ပြီး Photoshop လက်စွမ်းပြခဲ့သူ

 

 

View this post on Instagram

 

A post shared by Benji the Bernedoodle (@lilmanlife)

 

View this post on Instagram

 

A post shared by Benji the Bernedoodle (@lilmanlife)

Andrew ဟာ Benji လေးနဲ့ အတူတူ ရေလွှာလျှောလည်း စီးကြသလို စကိတ်လည်း အတူစီးကြပါတယ်။ ဒါ့အပြင် နှင်းလျှောစီး တဲ့အချိန်တွေ၊ စက်ဘီးစီးတဲ့ အချိန်တွေ၊ စကူတာစီးတဲ့ အချိန်တွေမှာလည်း Andrew လေးဟာ Benji လေးကို သူ့ရဲ့ကျောပေါ်မှာ တင်ပြီးစီးလေ့ ရှိတတ်ပါတယ်။ Andrew နဲ့ Benji ဟာ ဘာလုပ်လုပ် နှစ်ယောက်အတူတူ လုပ်လေ့ရှိပြီး အဲဒီပုံလေးတွေကို သူတို့နှစ်ဦးရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်လေ့ရှိကြပါတယ်။ အခုဆိုရင်လည်း ၂ ယောက်တည်းနဲ့ အမေရိကားတစ်ခွင်လုံးကို အတူတူ ခရီးထွက်နေကြကြောင်း သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Benji the Bernedoodle (@lilmanlife)

 

View this post on Instagram

 

A post shared by Benji the Bernedoodle (@lilmanlife)

“အခုအထိဆိုရင်တော့ New York, Seattle, Aspen, Las Vegas, Cabo San Lucas နဲ့ Vancouver မြို့တွေကို လျှောက်လည်ပြီးသွားပါပြီ။ နောက်လည်း ကျွန်တော်ဟာ Benji နဲ့ အတူတူ ခရီးသွားအုံးမှာပါ။ Benji ဟာ ကျွန်တော့်ရဲ့ အိမ်မွေးတိရစ္ဆာန်ဆိုတာထက် ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လို ဖြစ်နေပါပြီ။ သူနဲ့ အတူတူ အချိန်တွေဖြုန်းရတာတွေက ကျွန်တော့်အတွက် တော်တော်လေးကို အကျိုးရှိပြီး တန်ဖိုးရှိတဲ့ အရာတွေပါပဲ”လို့ Andrew က Daily Mail သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
အိမ်ခြံမြေအကျိုးဆောင်တွေ ရိုက်ကူးထားတဲ့ ဆိုးဆိုးဝါးဝါး လူနေအိမ်ရာများ

 

 

View this post on Instagram

 

A post shared by Benji the Bernedoodle (@lilmanlife)

Pyi Hein Kyaw

SHARE