ပီဇာစားနေတဲ့ရှဥ့်ကလေးကို မနာလိုဖြစ်နေတဲ့ ခွေးကလေးနှစ်ကောင်ရဲ့ဗီဒီယို

[email protected] Chalela Bagnell

ရှဥ့်ဆိုတဲ့ သတ္တဝါဆိုတာ များသောအားဖြင့် သစ်ကြားသီးတွေ၊ သစ်စေ့တွေကိုသာ စားတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှဥ့်တစ်ကောင် ပီဇာစားတယ်ဆိုတာကိုတော့ ကိုယ်တိုင်မျက်စိနဲ့တွေ့မှသာ ယုံနိုင်ကြမှာပါ။အခုလည်း ရှဥ့်လေးတစ်ကောင် ပီဇာစားနေတာကို တွေ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ ဗီဒီယိုရိုက်ပြီး မှတ်တမ်းနေတုန်း အဆိုပါအမျိုးသမီးရဲ့ အိမ်မွေးခွေးလေးနှစ်ကောင်ပါ ဒီမြင်ကွင်းကို လာကြည့်နေခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

It’s not just the people that like Philly pizza….

Posted by Kristin Chalela Bagnell on Tuesday, April 14, 2020

အမေရိကန်နိုင်ငံ၊ Philadelphia မြို့မှာ နေထိုင်တဲ့ Kristin Chalela Bagnell ဆိုတဲ့ အမျိုးသမီးဟာ COVID 19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလမို့လို့ အိမ်မှာပဲ အေးအေးဆေးဆေးနေထိုင်နေပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူမ TV ကြည့်နေတုန်း အိမ်ရှေ့တံခါးနားကနေ အသံတစ်ခုကြားလိုက်ရပါတယ်။ အဲဒီအသံရှိရာကို သွားကြည့်လိုက်တဲ့အချိန်မှာတော့ အံ့သြသင့်ဖွယ်မြင်ကွင်းတစ်ခုကို Kristin တစ်ယောက် မြင်တွေ့လိုက်ရပါတော့တယ်။ အဲဒီမြင်ကွင်းကတော့ ရှဥ့်လေးတစ်ကောင်ဟာ ပီဇာကို အငမ်းမရစားသောက်နေတာပဲ ဖြစ်ပါတယ်။

READ
သာမန်ဓာတ်ပုံတွေကို ရုပ်ရှင်ပိုစတာတွေအဖြစ်အံ့သြဖွယ်အသွင်ပြောင်းခဲ့တဲ့ ဖိုတိုရှော့ဂုရု
[email protected] Chalela Bagnell

ဒါကြောင့် Kristin ဟာ ဒီလိုရှဥ့်တစ်ကောင် ပီဇာစားနေတဲ့ ရှားရှားပါးပါးမြင်ကွင်းကို မှတ်တမ်းတင်ထားချင်တာမို့ သူမဖုန်းကိုယူပြီး ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Kristin ရဲ့ အိမ်မွေးခွေးကလေးနှစ်ကောင် ရောက်လာပြီး ဒီမြင်ကွင်းကို ကြည့်နေခဲ့ပါတယ်။ ခဏကြာတာနဲ့ ခွေးကလေးနှစ်ကောင်ဟာ အဲဒီရှဥ့်လေးကို ဟောင်ပါတော့တယ်။ ဒါပေမယ့် ရှဥ့်လေးကတော့ ခွေးကလေးနှစ်ကောင်ကို ဂရုစိုက်ဟန်တစ်ချက်မပြပဲနဲ့ ပီဇာတောင် အစားမပျက်ခဲ့ပါဘူး။

[email protected] Chalela Bagnell

“ဒီရှဥ့်ကလေး ပီဇာကို ဘယ်ကရလဲတော့မသိဘူး။ စားနေတာကတော့ အားရပါးရပဲ။ တစ်ခါမှ ရှဥ့်တစ်ကောင်က ပီဇာကို အငမ်းမရစားနေတာ မတွေ့ဖူးဘူး။ ပီဇာလည်းကုန်ရော သူ့ဟာသူခြံအပြင်ထွက်သွားတာပဲ။ ကျွန်မခွေးနှစ်ကောင် ကြည့်နေတဲ့ အချိန်ရော၊ဟောင်နေတဲ့ အချိန်ရောမှပါ တစ်ချက်မှ အစားမပျက်ဘူး” လို့ Kristin က Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
အိမ်ကနေ(၃)ရက်တာ ပျောက်သွားတဲ့ ကြောင်လေးရဲ့ ဟာသဆန်လွန်းတဲ့ ဖြစ်ရပ်

Pyi Hein Kyaw

SHARE