သြစတေးလျမှာ တစ်ခေတ်ဆန်းတော့မယ့် ခွေးလေးတွေရဲ့ အော်ပရာ

သြစတေးလျနိုင်ငံမှာ ခွေးလေးတွေ အော်ပရာပြဇာတ်ကပြရတော့မယ့် အချိန်ကိုရောက်လာပါပြီ။ သြစတေးလျရှိ နာမည်ကြီး အော်ပရာကုမ္ပဏီ Opera Australia က အရည်အချင်းရှိတဲ့ ခွေးလေးတွေကို ဆစ်ဒနီဆိပ်ကမ်းရှိ ဟန်ဒါအော်ပရာကွင်းမှာ ကပြမယ့် ပြဇာတ်မှာ ပါဝင်ဖို့ အခွင့်အရေးတွေ ပေးနေပါတယ်။

TimeOut

ပြဇာတ်က သောကြာနေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး (၂၆)ပွဲကပြမယ့် ပွဲအတွက် ဒါရိုက်တာ Andy Morton က အမျိုးမျိုးသော ခွေးလေးတွေကို ဝင်ရောက်ကပြဖို့ ဖိတ်ခေါ်နေပါတယ်။ အရွေးချယ်ခံရတဲ့ သရုပ်ဆောင်ခွေးလေးတွေက (၁၉၆၀)ခုနှစ်ဝန်းကျင် ပဲရစ်မြို့ရဲ့ ဆောင်းရာသီကို နောက်ခံထားပြီး ရိုမန်တစ်ဆန်ဆန်မြင်ကွင်းလေးတွေနဲ့ ကပြမယ့် ဇာတ်လမ်းမှာ ပါဝင်ရမှာဖြစ်ပါတယ်။

boudist

ကြည့်ကောင်းတဲ့ ခွေးလေးတွေဖြစ်ဖို့လိုပြီး အထူးသဖြင့် အမွေးပွခွေးလေးတွေနဲ့ ပြင်သစ်ခွေးဘီလူးလေးတွေကို ပိုအလိုရှိကြောင်းဆိုပါတယ်။ ပရိသတ်လူအုပ်ရဲ့ ဆူညံသံနဲ့ စတိတ်စင်မှာ ထိုးမယ့် မီးရောင်တွေကိုလည်း ခံနိုင်ရည်ရှိရမှာဖြစ်တဲ့အတွက် သေချာလေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေလည်းဖြစ်ရပါမယ်။

Laura Morton, Special To The Chronicle

အရွေးချယ်ခံရတဲ့ ခွေးလေးတွေရဲ့ သခင်တွေကလည်း ပြဇာတ်လက်မှတ် (၂)စောင် အခမဲ့ ပြန်ရရှိမှာဖြစ်ပြီး သေချာတာကတော့ စင်ပေါ်က ကြယ်ပွင့်လေးရဲ့ ဖေဖေမေမေတွေ ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။ သြစတေးလျမှာတော့ ခွေးလေးတွေရဲ့ အော်ပရာက တစ်ခေတ်ဆန်းတော့မှာ ဖြစ်ပါတယ်။

READ
မသန်စွမ်းဖြစ်နေတဲ့ မျောက်ဝံမကြီးကို ရိုးရာကုထုံးနဲ့ ကုသပေးနေတဲ့ တိရစ္ဆာန်ရုံဝန်ထမ်း

White (Shwemom)

Ref: TimeOut

SHARE