ဟောင်ကောင်မီးသတ်ဌာနရဲ့ မီးသတ်သံအမတ်ကြီးအဖြစ်အရွေးချယ်ခံရတဲ့ Donnie Yen

instagram/donnieyenofficial

ဟောင်ကောင်မီးသတ်ဌာနဟာ လက်တွေ့ဘဝထဲက မီးသတ်သူရဲကောင်းတွေကို မီးမောင်းထိုးပြဖို့အတွက် ကမ္ဘာကျော်သရုပ်ဆောင်ကြီး Donnie Yen ရဲ့ကျော်ကြားမှုကို အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဟောင်ကောင်မီးသတ်အေဂျင်စီက Ip Man သရုပ်ဆောင်ကို အပြည်ပြည်ဆိုင်ရာသံအမတ်ကြီးအဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။

မီးသတ်ဌာနအကယ်ဒမီမှာ ကျင်းပတဲ့ အခမ်းအနားမှာတော့ ဒါရိုက်တာ Joseph Leung က အသက် ၅၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်ဖူးစတားကြီး Donnie Yen ကို သံအမတ်အဖြစ်ခန့်အပ်ကြောင်း လက်မှတ်ပေးအပ်ခဲ့ပါတယ်။

Leung ကတော့ Donnie Yen ရဲ့ သူရဲကောင်းဆန်တဲ့ပုံရိပ်ဟာ မီးသတ်ဌာနရဲ့သတ္တိကို ပြည့်ပြည့်ဝဝထင်ဟင်စေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် Donnie Yen ရဲ့ အလုပ်အပေါ်ထားတဲ့တာဝန်နဲ့ ပရိုဖက်ရှင်နယ်ပီသမှုတွေက မီးသတ်ဌာနရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ကိုယ်စားပြုနေသလိုပါလို့လည်း ဆိုခဲ့ပါတယ်။ သံတမန်အဖြစ် ခန့်အပ်ကြောင်းလက်မှတ်ကို လက်ခံပြီးတဲ့အခါမှာတော့ Donnie Yen က…

တကယ့် သူရဲကောင်းဆိုတာ အများအကျိုးအတွက် ကိုယ်ကျိုးကိုစွန့်လွှတ်ခြင်းပဲလို့ ဆိုလိုက်ပြီး မီးသတ်ဌာနရဲ့အခုလိုချီးမြှောက်ခြင်းခံရတာ ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။ သူဟာ မီးသတ်ဌာနကိုရည်ညွှန်းထားတဲ့ သီချင်းတစ်ပုဒ်ကို အသံသွင်းဖို့လည်း အစီအစဉ်ရှိပါတယ်။ Donnie Yen ကိုတော့ ဒီနှစ်ထဲမှာ Nicholas Tse, Qin Lan တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားသစ် Raging Fire မှာလည်း တွေ့မြင်ရဦးမှာဖြစ်ကြောင်း nextshark သတင်းအရ ဖော်ပြပေးလိုက်ပါတယ်။

READ
သေချာပေါက် ကြည့်သင့်တဲ့ ဘောလိဝုဒ်နိုင်ငံရေး ဇာတ်ကား(၄) ကား

ShweMom

SHARE