မြန်မာငွေ သိန်း ၉ ထောင်ကျော် Limited Edition နာရီကြီးဝယ်ခဲ့တဲ့ ရက်ပ်ပါ Drake

[email protected]&Co, Drake

ကမ္ဘာကျော်ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Drake ကိုတော့ လူငယ်ပရိသတ်တော်တော်များများသိကြမှာပါ။ သူဟာ ရက်ပ်အဆိုတော်တစ်ဦးဖြစ်ရုံတင်မက သီချင်းရေးဆရာ၊ ထုတ်လုပ်သူ၊ စီးပွားရေးသမား အစရှိတဲ့ နယ်ပယ်တွေမှာပါ အောင်မြင်မှုရရှိထားတဲ့ ရက်ပ်ပါတစ်ယောက်ဆိုလဲမမှားပါဘူး။ သူရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ God’s Plan မှာတောင် MTV ရိုက်ကူးနေစဉ်အတွင်း MTV ထဲက အခြေခံလူတန်းစားတွေကို ပိုက်ဆံတွေအထပ်လိုက်ပေးတဲ့အတိုင်း အပြင်မှာပါ တကယ်အဲဒီပိုက်ဆံတွေ အမြောက်အမြားပေးခဲ့တာဖြစ်ပါတယ်။

Complex သတင်းဌာနက ဖော်ပြတဲ့သတင်းအရဆိုရင်တော့ Drake ဟာ Jacob&Co နာရီတစ်လုံးကို ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ လူတစ်ယောက်နာရီဝယ်တယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် Drake ဝယ်ခဲ့တဲ့ နာရီရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၆၂၀,၀၀၀ တန်ဖိုးရှိပါတယ်။ မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တောင် သိန်း ၉၀၀၀ကျော်တန်ဖိုးရှိနေပြီ ဖြစ်ပါတယ်။

https://www.instagram.com/p/B8toUf_pO-b/?utm_source=ig_embed

READ
သင်္ကြန်အတက်နေ့မှာ အလန်းစာဖက်ရှင်နဲ့ တွေ့ရတဲ့ မေပန်းချီ

ဒီလောက်ပိုက်ဆံအများကြီး သုံးပြီးဝယ်ရလောက်အောင် အဲဒီနာရီက ထူးခြားလို့လားဆိုတော့ တော်တော်ထူးခြားလှပတဲ့ နာရီတစ်လုံးဖြစ်ပါတယ်။ Drake ဝယ်ယူခဲ့တဲ့ Jacob&Co နာရီအမျိုးအစားဟာ Limited Edition အမျိုးအစားဖြစ်ပြီး နာရီဒိုင်ခွက်တော့ တစ်ခြားနာရီတွေနဲ့မတူအောင် တော်တော်လှပသေသပ်ပြီး အရမ်းကို အနုစိတ်လွန်းလှပါတယ်။ နာရီမျက်နှာပြင်ပုံစံကတော့ Casino ဝိုင်းတွေမှာ တွေ့ဖူးနေကြ ဂဏန်း ၃၆လုံးပါ လောင်းကစား(Roulette Table) အမျိုးအစားပုံစံဖြစ်ပြီး ဖန်ဘောလုံးလေးပါ နာရီဒိုင်ခွက်ထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အဆိုပါ Jacob&Co နာရီဟာ ၁ ကာရက် အရည်အသွေးရှိတဲ့ စိန်ပေါင်း ၂၈၈ လုံးနဲ့ စီခြယ်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။

[email protected] & Co

Pyi Hein Kyaw

SHARE