(၁၁)ရာစုက တည်ဆောက်ခဲ့တဲ့ ရဲတိုက်တစ်ခုရဲ့ ခြံဝင်းကြီးထဲမှာ ထူးဆန်းတဲ့အရာတစ်ခုကို Drone ကတစ်ဆင့်ရိုက်မိခဲ့တာဖြစ်ပါတယ်။ ယူကေနိုင်ငံက (၄၁)နှစ်အရွယ် သောမတ်စ်အားနိုးဆိုသူဟာ ဘာကယ်လီရဲတိုက်ကြီးနားမှာ Drone ကို လွှင့်ရိုက်နေခဲ့စဉ် (၁၀)စက္ကန့်လောက် Drone နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
ထို့နောက်မှာတော့ ရိုက်မိခဲ့တဲ့ဗီဒီယိုကို ပြန်မကြည့်မိခဲ့ဘဲ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်ချိန်မှာတော့ ကြက်သီးထစရာတစ်ခုကို တွေ့ခဲ့ရပါတယ်။ ရဲတိုက်ရဲ့ ခြံဝင်းထဲမှာ အငွေ့ဆန်ဆန်သဏ္ဍာန်တစ်ခုက မြင်းကို ကဆုန်ပေါက်စီးနင်းနေခဲ့တာဖြစ်ပါတယ်။ သောမတ်စ်ကတော့ ဗီဒီယိုထဲမှာ ပါလာတဲ့အရာက ရှေးခေတ်သူရဲကောင်းတစ္ဆေတစ်ကောင်က ရဲတိုက်ဝင်းထဲမှာ မြင်းစီးနေခဲ့ပုံပေါ်ကြောင်း ယူဆပါတယ်။

သောမတ်စ်လည်း ဗီဒီယိုထဲမှာ ၎င်းအရာကို မြင်မြင်ချင်းအလွန်အံ့သြသွားခဲ့ပြီး ပြန်ပြန်ရစ်ကာ အနီးကပ်ဆွဲပြီး သေချာကြည့်ခဲ့ပါတယ်။ အွန်လိုင်းမှာလည်း သူရိုက်ထားမိသလို တစ္ဆေသရဲ HD ဗီဒီယိုတွေ ရှိမလားရှာခဲ့ပေမယ့် မရှိခဲ့ပါဘူး။ သူ့ဗီဒီယိုဟာ ကြည်လင်ပြတ်သားနေခဲ့တဲ့အပြင် နေ့အလင်းရောင်နဲ့ သဲကွဲစွာ မြင်ရပါတယ်။ တီဗီအစီအစဉ်ထုတ်လုပ်သူနည်းပညာရှင် သောမတ်စ်ဟာ Drone အသစ်ကို အရင်တစ်ပတ်က ဝယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘာကလီရဲတိုက်နားမှာ စမ်းသပ်ရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။

တစ္ဆေလို့ ယူဆရတဲ့အရာပါလာတဲ့ ရိုက်ချက်ဟာဆိုရင် သူနဲ့ Drone (၁၀)စက္ကန့်ခန့် အဆက်အသွယ်ပြတ်သွားခဲ့ချိန်မှာ ပါလာခဲ့တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို သေချာဆန်းစစ်ကြည့်ခဲ့ရာ အဲဒီ့အချိန်တုန်းက ဘေးနားရှိ မီးခိုးတိုင်များကလည်း မီးခိုးထွက်မနေခဲ့ဘဲ မြင်းစီးနေတဲ့ အငွေ့သဏ္ဍာန်သွားရာဘက်နဲ့လည်း လေက ဆန့်ကျင်ဘက်တိုက်နေခဲ့တာဖြစ်ပါတယ်။
သောမတ်စ်ကတော့ သူငယ်စဉ်ကလည်း သေဆုံးပြီးသား အိမ်နီးချင်းအဖွားတစ်ဦးနဲ့ တွေ့မြင်ပြီး စကားပြောဖူးတာကြောင့် ဒီလိုပရလောကဖြစ်စဉ်တွေကို အယုံအကြည်ရှိကြောင်းပြောခဲ့ပါတယ်။ သေချာမြင်ရတဲ့ဗီဒီယိုကိုလည်း အောက်မှာထည့်ပေးထားတယ်နော်..။
White (Shwemom)
Ref: Dailymail, GloucestershireLive